ရင်တွင်းပေါက်ကွဲသံစဉ်

| | 6 comments


မင်းထင်နေတာ ငါဟာ
မာယာတွေနဲ့လှည့်စားခဲ့တယ်လို့
ဒါပေမဲ့
မင်းပစ်ခွင်းလိုက်တဲ့
မာယာမြှားတွေကို
ထိသွားတာ ငါပါ...

နောက်ဆုံးတော့
ငါ့ရဲ့ရလာဒ်က
မင်းရဲ့စကားပျားရည်လိုချို
မျက်နှာများတဲ့မိန်းမ
စကာကြီးဆိုလား
ဘာကြီးဆိုပဲ...
တစ်ကယ်တော့
ရင်ကွဲပက်လက်နဲ့
အသည်းတွေတစ်စစီကွဲကြေခဲ့တာ ငါပါ...

ချစ်လွန်းလို့
မသိချင်ယောင်ဆောင်
အပြစ်မယူခဲ့တာ
မင်းရဲ့ဟန်ဆောင်လိမ်ညာမှု့အောက်မှာ
လှည့်စားချင်တိုင်းလှည့်စားပြီး
ငါပြောသလိုနေ
ငါလုပ်သလိုမလုပ်နဲ့
ဆိုတဲ့စကားတွေကို
နားထောင်ဖို့အထိတော့
ငါမတုံးမအဘူးဆိုတာ
မင်းသိထားရင်
ငါကျေနပ်တယ်...

(ကြယ်စင်နတ်သမီး)


(ဒီကဗျာလေးကအဟောင်းပါ... လောလောဆယ်ဘာမှ တင်စရာမရှိသေးလို့ တင်လိုက်တာပါ...)
Read more...

အလိုချင်ဆုံးအရာ

| | 2 comments


ကျွန်မကို ဒီကမ္ဘာမှာ အလိုချင်ဆုံးအရာထဲက တစ်ခုကိုပြောပြပါဆိုရင် ချစ်သူဆီက ဖိနပ်တစ်ရံလို့ ပြောရမယ်... ဖိနပ်ဆိုတာ လူတစ်ဦး တစ်ယောက်အတွက် မရှိမဖြစ် လိုအပ်တဲ့အရာလေ... အိမ်ထဲမှာတောင် ဖိနပ်မစီးမိရင် မေမေတို့ဆို အမြဲတမ်း အော်တာပဲ... အေးမယ်... ပူမယ်... ဆူးစူးမယ်နဲ့... အပြင်သွားရင် ပိုဆိုးတာပေါ့နော်... အခုကျွန်မလိုချင်တာ မိဘဆီက မဟုတ်ဘူးနော်... အဲဒီလိုစိုးရိမ်ပူပန်မှု့တွေနဲ့ ချစ်သူဆီက လိုချင်ခဲ့တာ... ဖိနပ်ပေါင်းများစွာ ရှိတဲ့အထဲက All Star (Converse) ဖိနပ်လေးကိုပဲ လိုချင်ခဲ့မိတာ... အရောင်တောင်မှ အဖြူနဲ့အနက်ရောင် စပ်ထားတာပဲ လိုချင်ခဲ့တာ... ဒါမှလဲ ချစ်သူနဲ့ဆင်တူလေး စီးလို့ရမှာလေ... တခြားခေါတာအရောင်တွေ တော့မကြိုက်ပေါင်... ချစ်သူဆီက ဖိနပ်တစ်ရံလို့ ပြောရင်တစ်မျိုး မထင်ကြနဲ့ဦးနော်... ကိုယ့်ဘ၀ကို ချစ်သူက အကြင်နာ မေတ္တာတရားတွေနဲ့ နွေမိုးဆောင်း နွေးထွေးလုံခြုံအောင် အရိပ်မိုးထားပေးနိုင်တာရယ်... ကိုယ်သွားမဲ့ လမ်းခရီးမှာ ဆူးညှောင့်တွေ မစူးအောင် ကာကွယ်နိုင်တယ် ဆိုတဲ့အဓိပ္ပာယ်တွေ ရှိတာပေါ့နော်... ဖိနပ်လေးအတိုင်းပဲ သူဟာလဲ ကျွန်မဘ၀အတွက် မရှိမဖြစ်လိုအပ်နေမှာပါ... ဒီလိုဆင်တူဖိနပ်လေးဝတ်ပြီး ချစ်သူနဲ့ပန်းတွေကြွေနေတဲ့ လမ်းလေးပေါ် အတူတူလမ်းလျှောက်ချင်သေးတယ်... အခုတော့လဲ ဒါတွေက စိတ်ကူးယဉ်အိမ်မက်တစ်ခုလို ပျက်ပျယ်သွားခဲ့ပြီလား...

Read more...

Friendship

| | 1 comments


~~~if you feel sad or blue~~~
~~~if you have been broken heartache~~~

~~~
if you are unhappy~~~

~~~
don't worry my friend~~~

~~~
let your hope come true~~~

~~~
let your love come around you~~~

~~~let pepole who's care about you~~~
~~~
don't think about other~~~

~~~
don't think about what people say bad things about you~~~

~~~
don't think about what's worried you~~~

~~~
don't be sad my friend
~~~
~~~
just think what's better for you
~~~
~~~
just care who's really mean to you~~~

~~~
just love the way who they really are~~~

~~~
Love may goes around, come around~~~

~~~
Friendship will last forever~~~


Read more...

မိုး

| | 0 comments



အပြင်မှာမိုးတွေ
အညိုးနဲ့ရွာနေသလို
ရင်ထဲမှာလဲ
အလွမ်းမိုးတွေ
ဝေနေတုန်းပဲ♠♠♠

မိုးနဲ့စတင်
မိုးနဲ့အဆုံးသတ်ခဲ့တဲ့
မိုးဇာတ်လမ်းကို
တစ်ခါတရံမှာ
မိုးကိုနာကျည်းမိတယ်♠♠♠

ဒီမိုးကြောင့်ပေါ့
ကိုယ့်နှလုံးသားမှာ
ဒဏ်ရာတွေနဲ့♠♠♠

ဒီမိုးကြောင့်ပေါ့
အလွမ်းဝေဒနာတွေ
ကိုယ့်ရင်မှာအပြည့်♠♠♠

ဒီမိုးကြောင့်ပေါ့
ကိုယ့်မျက်ရည်မိုးတွေ
စွေသွန်းခဲ့ဖူးတယ်♠♠♠

ဒီမိုးကြောင့်ပေါ့
ချစ်ခြင်းတရား
ပျော်ရွှင်မှု့
သံယောဇဉ်နှောင်တွယ်မှု့
နာကျင်မှု့
နာကျည်းမှု့
အမုန်းတရားတွေ
ကိုယ့်အတွက်
ဖြစ်စေခဲ့တယ်♠♠♠

ဖြစ်နိုင်ရင်လေ
မိုးရာသီဆိုတာမရှိ
မိုးသီချင်းတွေလဲမကြား
မိုးဆိုတဲ့နာမည်တောင်
တိတ်တဆိတ်
ဖျောက်ဖျက်ချင်တယ်♠♠♠

(ကြယ်စင်နတ်သမီး)
Read more...

ကြိုဆိုပါတယ်နှစ်သစ်လေး

| | 0 comments


ကြိုဆိုပါတယ် နှစ်သစ်လေးရယ်... သူငယ်ချင်းတွေကိုလဲ ပျော်ရွှင်မှု့အပေါင်းနဲ့ ပြည့်စုံပါစေလို့လဲ ဆုမွန်ကောင်း တောင်းချင်သေးတယ်လေ... ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ နှစ်ဟောင်းလေးကိုလဲ ကျေးဇူးတွေတင်ချင်သေးတယ်... အသစ်မြင်လို့ အဟောင်းကို မေ့သွားတယ် လို့လဲမပြောပါနဲ့နော်... အသစ်တွေ ဘယ်လောက် ကောင်းကောင်း အဟောင်းကိုတော့ သတိရစမြဲပဲလေ... နှစ်ဟောင်းလေးရေ မင်းကြောင့်ပဲ ချစ်ခြင်း၊ မုန်းခြင်း၊ ခင်မင်မှု့၊ နာကျီးမှု့၊ သံယောဇဉ်တွေ ဖြစ်ပေါ်ခဲ့တယ်နော်... အတိတ်ဆိုတာ အတိတ်မှာပဲ ထားခဲ့ရတဲ့ အဖြစ်အပြတ်တွေ ရှိသလို၊ ထားခဲ့လို့ မရတဲ့ အမှတ်တရလေးတွေလဲ ရှိတာပဲနော်... မေ့ချင်ပေမဲ့ မေ့မရနိုင်တဲ့ သံယောဇဉ် အနှောင်အဖွဲ့လေး တွေလဲရှိခဲ့တာပဲလေ... ရှင့်ကိုအပြစ်တင်တာ မဟုတ်ဘူးနော်... ဒါပေမဲ့ နှစ်သစ်လေးကကော ဘယ်လို နှောင်ကြိုးဖွဲ့ အတွယ်အတာလေးတွေကို ပေးမလဲဆိုတာ အေးမြတဲ့ ဆောင်းရင်ခွင်မှာ နားခိုရင်း ရင်ခုန်မိတာတော့ အမှန်ပဲ... နှစ်သစ်လေးရေ... ရှင်ကတော့ ကျွန်မကို ဖြူဖွေးလှပတဲ့ နှင်းပွင့်ချပ်တို့နဲ့အတူ ကံကောင်းခြင်းတွေ ယူဆောင် ပေးမယ်လို့တော့ ယုံကြည်မိတယ်ရှင်... ကျွန်မယုံကြည်မိသလိုပဲ ကံကောင်းခြင်း လက်ဆောင်တွေ ယူဆောင်ပေးပါလို့ ဆန္ဒပြုရင်း... ရှင့်ကို ကျွန်မရင်ထဲက လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ပါတယ်နော်...

Read more...