
ချစ်သူ ♥♥♥ မင်းကိုယ့်ကိုသတိရတဲ့အခါမိုးကောင်းကင်ကိုမော့ကြည့် တမ်းတလိုက်ပါတိမ်တိုက်လေးတွေကကိုယ့်ရုပ်ပုံလွှာကို ဖန်ဆင်းပေးလိမ့်မယ်♥♥♥ချစ်သူ ♥♥♥ မင်းကိုယ့်အသံကြားချင်တဲ့အခါမျက်စိစုံမှိတ်နားစွင့်ထားလိုက်ပါလေညှင်းလေးတွေကကိုယ့်အသံကို သယ်ဆောင်လာပေးလိမ့်မယ်♥♥♥ချစ်သူ ♥♥♥ မင်းအတွက်ကိုယ်ပေးခဲ့တဲ့အနမ်းတွေကိုမွတ်သိပ်တဲ့အခါမင်းရဲ့ခေါင်းအုံးလေးကကိုယ့်ရဲ့ကိုယ်စား အနမ်းလေးတွေကိုဖြည့်ဆည်းပေးစွမ်းသွားလိမ့်မယ်♥♥♥ချစ်သူ ♥♥♥ မင်းကိုယ့်ကိုမှာတမ်းခြွေချင်တဲ့အခါညအခါကြယ်စင်တွေဝိုင်းရံထားတဲ့ လမင်းကြီးကိုတမ်းတလိုက်ပါကိုယ့်ရဲ့သတင်းလေးတွေကို လမင်းနဲ့ကြယ်စင်လေးတွေကကိုယ့်တို့နှစ်ယောက်ရဲ့သံတမန်လေးတွေအဖြစ်တဆင့်ပြောပေးပါလိမ့်မယ်♥♥♥ချစ်သူ♥♥♥ဝေးကွာလှတဲ့ ကမ္ဘာတစ်ဖက်ခြမ်းစီမှာပဲ ရောက်နေပါစေ...မင်းတမ်းတလိုက်ရုံနဲ့ ကိုယ့်ရဲ့အချစ်တွေကမင်းရဲ့အနားမှာ...