ရင်လှိုင်းခတ်သံ

| | 0 comments


သံယောဇဉ်တွေနှောင်ဖွဲ့
မေတ္တာတွေရစ်ပတ်ခဲ့ပြီးမှ
အမုန်းတရားတွေကို ဖန်တီးခဲ့လေသလား ချစ်သူ

အချစ်ရဲ့ချိုသာတဲ့စကားလေးတွေနဲ့
အချစ်မဲ့တဲ့ငါ့ဘဝမှာ
အချစ်ရဲ့ယုယမှု့လေးတွေကို
စောင့်မျှော်နေရတဲ့ငါ့အတွက်
ဘဝတစ်သက်စာ
ကြင်နာမှု့လေးတွေ ပေးပါတော့လား ချစ်သူ

မျှော်လင့်ချက်တွေမဖြစ်ခဲ့တဲ့
ငါ့ရဲ့အနာဂတ်မဲ့ အချစ်ကမ္ဘာတစ်နေရာလေးမှာ
အချစ်ရဲ့ယုယမှု့နဲ့အတူ
သမုဒယသံယောဇဉ်လေးတွေကို
နေဝင်သည်အထိ စောင့်မျှော်ပါရစေလား ချစ်သူရယ်

(ကြယ်စင်နတ်သမီး)
Read more...

မိုးနဲ့အတူ

| | 0 comments


ဆွတ်ပျံ့စိုစွတ်တဲ့ မိုးရေရဲ့အထိအတွေ့ကြောင့်
ဖူးပွင့်လာတဲ့ ရာသီပန်းလေးတွေဟာလည်း
ရွှေပျား၊ ပိတုန်းငယ်တို့ရဲ့ နမ်းရှိုက်မှု့ကို
မျှော်လင့်နေကြလေရဲ့♥♥♥

အေးမြကြည်နူးခြင်းအပြည့်ပေးစွမ်းနိုင်တဲ့
မိုးရေတွေရဲ့အလယ်မှာ
မင်းနဲ့ဒို့ တစ်ဦးနဲ့တစ်ဦး
အချစ်သင်္ကေတမျှော်လင့်ချက်လေးတွေ
ဖလှယ်ခဲ့ကြတယ်လေ♥♥♥

နွေးထွေးမှု့အတိပေးစွမ်းနိုင်တဲ့
မင်းရဲ့ရင်ခွင်ကြောင့်
ဒို့ရဲ့အနာဂတ်မျှော်လင့်ချက်အချစ်ကမ္ဘာလေး
ရှင်သန်နိုးထလာခဲ့တာ
မိုးရာသီတွင်း
မင်းရဲ့ယု့ယမှု့ရင်ခွင်တွင်းမှာပဲပေါ့♥♥♥

ရာသီအလိုက်ပန်းလေးတွေ
အမြဲတမ်းဖူးပွင့်နေကြသလို
မင်းရဲ့အချစ်အနမ်းလေးတစ်ပွင့်ဟာလည်း
ဒို့အတွက် မိုးရေရဲ့အထိအတွေ့ကြောင့်
ဖူးပွင့်လာတဲ့ပန်းလေးတွေရဲ့
မျှော်လင့်ချက်လေးတွေ
ပြည့်စုံမှု့အတိ ရရှိသွားသလိုပါပဲ
ချစ်သူရယ်♥♥♥

♥♥♥(ကြယ်စင်နတ်သမီး)♥♥♥
Read more...

ကျွန်မရဲ့အပျင်းကြီးသောတစ်နေ့တာ

| | 0 comments


ဖျောက်... ဖျောက်... ဖျောက်..."
ဆိုတဲ့ အသံလေးက နားထဲကို ညင်သာစွာ ဝင်ရောက်လာပါတော့သည်... အင်း... မိုးရွာနေပြီပဲ... မျက်စိက မပွင့်ချင်ပွင့်ချင်နဲ့ ပွင့်လာပြီး နာရီလှမ်းကြည့်တော့ မနက် ၇ နာရီပဲရှိသေးတယ်... ဒီနေ့တော့ အလုပ်ပိတ်ရက်ဆိုတော့ အေးဆေးနှပ်မယ်ပေါ့ဆိုပြီး ဆက်ကွေးမလို့ဟာ ခေါင်းထဲကို အသိဥာဏ်တစ်ခု ဝင်လာတယ်... အား.... ဒုက္ခပဲ... ကားမှန်ပိတ်ဖို့ မေ့နေတယ်... အိပ်ရာပေါ်က ကမန်းကတန်းထ ကားသော့ကောက်ကိုင် တံခါးဖွင့်ပြီး အပြင်ဘတ်ကို ပြေးထွက်လိုက်တော့ မိုးက တော်တော်သည်း နေတာပြီကိုး... အဲဒါနဲ့ အိမ်ထဲတခေါက်ပြန်ဝင်ပြီး ထီးယူနေတုန်း မိုးကခြိန်းသေးတယ်... ဘုရားတပြီး အပြင်ပြန်ပြေးထွက်... ထီးဖွင့်... ကားဆီပြေးသွား... ကားမှန်အမြန်ပိတ်... ကူရှင်တွေကို ကြည့်လိုက်တော့ မိုးရေတွေ စိုလို့... ဘယ်အချိန်ထဲက ရွာနေလဲမသိတဲ့မိုး တော်တော်ဆိုးတာပဲ :P... အိမ်ဘတ်ကို ပြန်လာတော့ အိမ်ရှင်အဘွားကြီးက လှမ်းနှုတ်ဆတ်နေတော့ ကိုယ်ကလဲ ငါးခူပြုံးလေးနဲ့ ပြန်နှုတ်ဆတ်ရသေးတယ် ဟီး... သွားပြီးတော့ စကားပြောလို့ကလဲ မကောင်းဘူးလေ... မျက်နှာမသစ် သွားမတိုက်ရသေးပဲ အိမ်ထဲကနေ ကမန်းကတန်းထွက်လာတာကို...း)



အိမ်ထဲရောက်တော့ ထီးကို ရေချိုးခန်းထဲမှာ သွားထား... မြန်မာနိုင်ငံကနေ ပါလာတဲ့အထဲမှာ ဒီထီးတစ်ချောင်းပဲ ကျန်တော့တယ်ဆိုတော့ ရိုရိုသေသေ ကိုင်နေရသေးတယ်... ရေစိုနေတဲ့ ဘောင်းဘီရှည်ကိုလဲပြီး အိပ်ရာထဲ ပြန်ကွေးမလို့ဟာ မထူးတော့ပါဘူးဆိုပြီး မျက်နှာပါ တခါထဲသစ် ရေချိုး အင်္ကျီလဲလှယ်ပြီး အနွေးထည်ထပ်ဝတ်... ကွန်ပြူတာဖွင့်ထားတာကို ဂျီတော့ကိုပါ တခါထဲဖွင့်လိုက်တယ်... ဘယ်သူများ ရှိလဲတချက်ရှိုးလိုက်တော့ အလာလား... သူငယ်ချင်းတွေ အများကြီးပဲ အွန်လိုင်းမှာ စိမ်းနေတာပဲ...း)... သူတို့က လာဟိုင်းတာနဲ့ ဒီဘတ်ကလဲ မဟိုင်းသေးကြောင်း ပြန်ပြောပြရသေးတယ်... ဟိ ဟိ... ကျန်းမာရေးက ခပ်ကောင်းကောင်းဆိုတော့ ဖျားမှာသေချာလို့ တစ်ခုခုစားပြီး ဆေးသောက်ဖို့ လုပ်ရတော့တာပေါ့... အဲဒါနဲ့ မီးဖိုချောင်ထဲကို သွားကြည့်တော့ (ဘာများရှိမလဲဆိုပြီး သွားငမ်းတာ... ဟီး...) ဘာမှလဲ မရှိဘူး... ရုံးကအစ်မကြီး ပေးလိုက်တဲ့ ဟင်းတွေက မနေ့က အကုန်စားပစ်လိုက်ပြီ... နွားနို့ရယ်၊ ပဲနို့ရယ်၊ ပေါင်မုန့်ရယ်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်တွေပဲ ကျန်တာတွေ့တယ်... ဟိုဘတ်အိမ်က အန်တီကြီးက ပြတင်းပေါက်ကနေ ကျွန်မကို မီးဖိုချောင်မှာ စားဖို့လိုက်ရှာနေတာ လှမ်းမြင်လိုက်လို့လား မသိဘူး...
"သမီး ပဲပြုတ်ထမင်းကြော် စားမလား... အန်တီကြော်ထားတယ်... လာစား..."
ဘယ်ရမလဲ ဒီကလဲ အားရဝမ်းသာနဲ့
"ဟုတ်ကဲ့ အန်တီ" ပေါ့... သူများကြော်ထားတာ အားရဝမ်းသာနဲ့ စားဖို့အတွက် ဟိုဘတ်အိမ်ကို သွားဖို့ ထီးပြန်ယူ... ဘောင်းဘီရှည်ကို ဒူးခေါင်းထိ ခေါက်တင်ပြီးတော့ ရှိုးစမိုးနဲ့ ကြွမြန်းတော့တာပေါ့.... ဟီး... မိုက်တယ်နော်... ထမင်းကြော်စားပြီး ခေါင်းကစတင်ကိုက်လာပါပြီ... အန်တီကလဲ စိတ်ပူပြီး ရေနွေးနဲ့ ဆေးကိုအတင်းပဲ သူ့ရှေ့မှာ သောက်ခိုင်းတော့တာပဲ... အားနာလို့ နောက်မှ သောက်မယ်ဆိုတာတောင် မရ... နို့မို့ဆို ဆေးမသောက်ပဲ အိပ်နေမှာဆိုးလို့တဲ့... ပြီးတာနဲ့ အခန်းထဲ ပြန်လာ... ကွန်ပြူတာပေါ်ကို ကြည့်လိုက်တော့ မကျေမနပ် ပြောထားတဲ့ တိုင်ပတ်ကွက်တွေကို မြင်ရပါပြီ... နင်က စကားမပြောချင်လို့ အိုင်ဒယ်အတုကြီးနဲ့ လုပ်ထားတာလား ဆိုတာက တစ်မျိုး... နင်က မာနကြီးနေတာလား ဆိုတာက တစ်ဖုံ... စွပ်စွဲချက်တွေ စွပ်စွဲချက်တွေ... ခုနတုန်းကလဲ အိုးစွပ်ခွက်စွပ် မစားရပါလားနော်... သေချာ ပန်းကန်ထဲ ထည့်စားတာမှ စွပ်စွဲတာတွေ ခံနေရတယ်... စတင်ပြီး မဟုတ်ပါဘူး အဲဒီလို မထင်ပါနဲ့ ဆိုတဲ့အကြောင်း အပြည့်အစုံရှင်းပြ ရတော့တာပဲ... ပြီးတော့ ချက်ချင်စိတ် သိပ်မရှိတာနဲ့ ဂျီတော့နစ်ကို အောက်ပြီး... ချစ်သူကို လွမ်းပြီး ကဗျာရေးရ ကောင်းနိုးနိုး... သီချင်းပဲ နားထောင်ရ ကောင်းနိုးနိုးနဲ့ ဟိုလည်လည် ဒီလည်လည် ဖြစ်နေပါရော... ဆေးအရှိန်နဲ့ အိပ်ကငိုက်လာတာနဲ့ ဘာမှမတွေးတာပဲ ကောင်းပါတယ်ဆိုပြီး အိပ်ပစ်လိုက်တယ်... ညနေ ၄ နာရီလောက်မှ မျက်စိ မပွင့်ချင် ပွင့်ချင်နဲ့ ပြန်ထလာတယ်... အပြင်ကို လှမ်းကြည့်လိုက်တော့ မိုးလဲတိတ်သွားပြီလေ... မျက်နှာပြန်သစ်... မီးဖိုချောင်ထဲကိုသွား နွားနို့ကို ခွက်ထဲထည့် မိုက်ခရိုဝေ့ဖ်နဲ့ အပူပေး... ပေါင်မုန့်နှစ်ချပ်ကို တစ်သျှူးတစ်ခုပေါ်တင်... အိမ်ခန်းထဲ ပြန်ဝင်... ကွန်ပြူတာမှာ မြေခွေးမီးလျှံကိုဖွင့်ပြီး မင်းသီလဒေါ့ကွန်းကို ရိုက်ထည့်ပြီး ရုပ်ရှင်ကြည့်ဖို့လုပ်... မိုးအေးအေးနဲ့ ရုပ်ရှင်ကြည့်ရင်း နွားနို့နွေးနွေးလေးသောက်လိုက် ပေါင်မုန့်လေးကိုက်စားလိုက်နဲ့ တော်တော့်ကိုတော့ အရသာရှိနေတာပဲ... ရုပ်ရှင်ကို နှစ်ကားလောက် ဆက်တိုက်ကြည့်ပစ်လိုက်တယ်... ည ၉ နာရီ ကျော်ကျော်လောက်မှာ ဂျီတော့ကိုပြန်ဝင်နေတုန်း ဗိုက်က ညစာစားဖို့ အချိန်တန်တော့ ဆန္ဒပြလာလေရဲ့... နေ့လည်တုန်းက မိုးရွာတာကို အကြောင်းပြုပြီး အပျင်းကြီးပစ်လိုက်တာ ဈေးကိုလဲမသွားနိုင်ဘူးလေ... ထုံးစံအတိုင်း မီးဖိုချောင်ထဲကိုသွား ကိုရီယား ခေါက်ဆွဲခြောက်လေးဖောက်ပြီး ပန်းကန်ထဲထည့်... ရေထည့်... ကြက်ဥတစ်လုံးဖောက်ထည့်... မိုက်ခရိုဝေ့ဖ်ထဲမှာ ၅မိနစ်အပူပေးလိုက်တော့ ကျွန်မစားနေကြ ကိုရီးယား ခေါက်ဆွဲခြောက် ပူပူနွေးနွေးလေး ရလာပြီပေါ့ရှင်... သူများတွေလို အိုးတွေဘာတွေ မလိုဘူး... မိုက်ခရိုဝေ့ဖ်ရှိရင် အဆင်ပြေတဲ့နည်းလေးပါ... ဟိ ဟိ... ထုံးစံအတိုင်း သီချင်းလေး နားထောင်လိုက် စားလိုက်နဲ့ မိနစ်၃၀ကတော့ အသာလေးကြာတာပေါ့... ဒီတညလဲ ကျွန်မရဲ့ အထီးကျန် အပျင်းတစ်တဲ့ ညစာက ဒီလိုနဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်ရှင်... တခါတခါတော့ ရုံးက အစ်မကြီးတွေ ချက်ပေးလိုက်တဲ့ဟင်းနဲ့ နှစ်ပါးသွားချင်သွားတယ်... အန်တီကြီး ချက်ကျွေးတဲ့ဟင်းတွေနဲ့လဲ အိုကေချင် အိုကေနေတာပဲ... တစ်ခါတစ်ခါလဲ ကိုရီးယားလေးပေါ့...
မောင်လေးမိုးသောက် တတ်ခ်ထားလို့ ကျွန်မရဲ့တစ်နေ့တာ ဖြစ်ကလက်တန်း ကိုရီးယားနဲ့ နှစ်ပါးသွားပုံပြင်လေးပါရှင်... မောင်လေး ကျေနပ်မယ်လို့ ထင်ပါတယ်...း)
Read more...

အနမ်းမဲ့တဲ့ပင်လယ်ပြင်

| | 0 comments


လရောင်မဲ့တဲ့လမိုက်ညမှာ
လေညှင်းနဲ့အတူ
လရောင်ရဲ့အနမ်းကို
မျှော်လင့်နေရှာတဲ့
ပင်လယ်ရေပြင်ပြာလေးကတော့
ဒဏ္ဍာရီဆန်ဆန်
လွမ်းပုံပြင်တပုဒ်လိုပါပဲလား ☆☆☆

ဘယ်ဆီသောင်ကမ်း
ပြေးပုန်းနေလဲမသိတဲ့ လမင်းရေ
ကိုယ့်ရဲ့အလွမ်းတွေ ပြေပျောက်ဖို့
လရောင်ရဲ့အနမ်းတချက်တိုးဝေ့လိုက်မှသာ ☆☆☆

အနမ်းမဲ့တဲ့ပင်လယ်ပြင်မှာ
ကြယ်စင်တွေပျောက် အလင်းခလို့
ဆံနွယ်တဝှေ့
လေပြေကျီစယ်လိုက်မှ
ကိုယ်ရဲ့အလွမ်းတွေ
ပြေလျော့တော့မည်သာ ☆☆☆

အလွမ်းတွေပြေရော့ဖို့အတွက်
မင်းရဲ့အနမ်းတချက်တိုးဝေ့ချိန်လေးကို
စောင့်မျှော်ပါရစေချစ်သူရယ် ☆☆☆

☆☆☆(ကြယ်စင်နတ်သမီး)☆☆☆
Read more...

“မွေးနေ့ဆုတောင်းသ၀န်လွှာ”

| | 0 comments


ရက်၊ လ ရှည်ကြာ နေခဲ့သူ သူ့ဝမ်းမှာ
ရှုမချမ်းသာ ဒုက္ခအဖြာဖြာကို ရင်စီးခံကာ
ချဉ်၊ ငံ၊ ပူ၊ စပ် စသည် အစာကို လျှောင်ကြင်လျှက်
ငါ့အား စာနာထောက်ထားခဲ့တဲ့ အမေ…။

ကိုးလလွယ်၍ ဆယ်လဖွား
သူ့ဝမ်းတွင်းမှ လွတ်မြောက်ခဲ့သူ ငါ့အတွက်
ကြင်နာယုယ သူ့အနွေးဓါတ်ဖြင့်
ပြုစုခဲ့တဲ့ အမေ…။

လူရယ်သိစ အရွယ်ရယ်ရောက်
အရာရာညွှန်ပြ သူ့ဆုံးမကြောင့်
ကြောင်းကျဆင်ခြင် လူအသွင်သို့
ပြောင်းလည်း ဖန်တီးပေးခဲ့တဲ့ အမေ…။

ချိန်ခါအရွယ်ရောက် လူ့ဘ၀ထဲ
ကြင်လည်ကျက်စား လူသူအလည်မှာ
အရာရာမှာ မနိမ့်ကျစေဖို့
ဟိုဒီညွှန်ပြ စီစဉ်ဖြောင်းဖျပေးခဲ့တဲ့ အဖေ…။

ဥယျာဉ်မှူးအသွင် သူတို့တွေမှာတော့
ပြုစုပျိုးထောင်ပေးခဲ့တဲ့ ငါ့အတွက်
အောင်ညွန့်တလူလူ လေးတွေကိုခံစားပြီး
ပီတိကိုစား အားရှိနေခဲ့တဲ့ အမေနဲ့အဖေ…။


နှစ်တွေ အလီလီပြောင်းခဲ့သော်လည်း၊ အမေနဲ့အဖေရဲ့ နွေးထွေးမှုအရိပ်ရဲ့အောက်မှာ ကြီးပြင်းခဲ့တဲ့ သမီးအတွက် သမီးဘ၀တစ်သက် ဘယ်တော့မှမေ့လို့မရတဲ့ သမီးရဲ့မွေးနေ့လေးနဲ့ထပ်တူ အမေနဲ့အဖေကို ဂါရ၀ပြုနေမှာပါ…။

သမီးရဲ့ မွေးနေ့မှာ
သမီးအပျော်ရွှင်ဆုံးနေ့ဖြစ်သလို၊ သမီးရဲ့အမေနဲ့အဖေ၊ သမီးရဲ့ မိသားစုနွယ်၊ သမီးရဲ့ သူငယ်ချင်းများနှင့် သမီးနဲ့ ဆက်နွယ်ခဲ့သူများအားလုံး ပျော်ရွှင်ချမ်းမြေ့ခြင်းအတိနဲ့ အရာရာပြည့်စုံတဲ့ ဘ၀လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ သမီးဆန္ဒပြု ဆုတောင်းပေးလိုက်ပါတယ်။



Read more...

စက်တင်ဘာ(၁၉)ဆိုတဲ့နေ့ရက်လေး

| | 0 comments

ဘဝမှာ အမှတ်ရစရာ နေ့စွဲလေးတွေက အများသား... ဒါပေမဲ့ ကျွန်မကို မွေးမေမေက လူလောကထဲကို မွေးထုတ်ပေးလိုက်တဲ့ နေ့ထူးနေ့မြတ်လေးကိုတော့ ဘယ်တော့မှ မေ့လိမ့်မယ်မထင်ပါဘူး... လူကိုယ်တိုင် တွေ့ဆုံခွင့်မရပေမဲ့ ကျွန်မရဲ့ မွေးမေမေနဲ့ ကျွေးဖေဖေကို ဒီကနေပြီး လက်အုပ်ချီပြီး ရှိခိုးပါတယ်ရှင်... ကျွန်မကို လမ်းမှန်လျှောက်တတ်အောင် သင်ကြားပေးခဲ့တဲ့ မိဘကျေးဇူးကို ဆပ်လို့မကုန်ပဲ မဟုတ်လား... အသက်တစ်နှစ်ကြီးလာလေ ကိုယ့်မိဘကျေးဇူးကို ပိုသိလာလေလို့ ကျွန်မထင်ပါတယ်... အဲဒီအတွက်လဲ ကိုယ့်တာဝန် ကိုယ်သိပြီး သားသမီးတာဝန် ကျေပွန်ဖို့ကလဲ ကျွန်မတို့လူငယ်တွေရဲ့ ဝတ္တရားတစ်ခုပဲလေ... ကျွန်မကို မေမေက လူ့လောကထဲကို ခေါ်လာခဲ့တာ ဒီနေ့ဆို နှစ်ဆယ်ရှစ်နှစ် ပြည့်ခဲ့ပါပြီ... ကျွန်မဘဝ တစ်လျှောက်မှာ မိဘစကားကို ဦးထိပ်ပန်ခဲ့တဲ့အတွက် (တစ်ခုသော အကြောင်းအရာက လွဲလို့... ဟီးးး) ဒီနေ့ဆိုတဲ့ အချိန်တစ်ခုမှာတော့ ကျွန်မမိဘက ကျွန်မရဲ့ အောင်မြင်မှု့ပန်းတိုင်တွေကို ဂုဏ်ယူနိုင်လိမ့်မယ်လို့ ထင်ပါတယ်... ကျွန်မရဲ့ ပျော်ရွှင်စရာ မွှေးနေ့လေးကို ကျွန်မခင်တဲ့ အွန်လိုင်းကသူငယ်ချင်းများ၊ ဘလော့ဂါမမတွေ၊ ဘလော့ဂါကိုကိုတွေကို မျှဝေလိုက်ပါတယ်နော်... လေးနှစ်မှာမှ တစ်ကြိမ် ကိုယ့်ရဲ့မွေးနေ့ရက် မွေးနေ့လ တိုက်ဆိုင်တဲ့ ဒီနှစ်မှာတော့ ကျွန်မအတွက် ထူးခြားမှု့လေးတွေ နဲ့တိုက်ဆိုင်မှု့ ရှိလိမ့်မယ်လို့ ထင်ပါတယ်...

ရုံးကလုပ်ဖော်ကိုင်ဖတ် တွေကိုတော့ စက်တင်ဘာ (၁၇)ရက်နေ့ထဲက ရုံးမှာပဲ မလေးရှားအစားအစာ ကက်ကြေးကိုက်ရယ် pineapple ထမင်းကြော် နဲ့မွေးနေ့ အလျှူဒါနလုပ်ခဲ့တယ်... အရင်တုန်းကတော့ ကြာဇံချက် ချက်ကျွေးမလို့ပါပဲ... အကြောင်းကြောင်းနဲ့ အဆင်မပြေမှု့တွေကြောင့် မလေးရှားဆိုင်ကပဲ အားပေးလိုက်ပါတယ်... ဟီးးးးးး.... အဲဒီပုံတွေ တင်ထားပေးတယ်နော်... အားရပါးရစားပါ...း)... (၁၈)ရက်နေ့မှာ ဘုန်းကြီးကျောင်းမှာ ငွေပဒေဿပင်သီးခဲ့တယ်... (၁၉)ရက်နေ့မှာတော့ မနက်အစောကြီးမှာ ဘုရားကို သစ်သီးကိုးမျိုးနဲ့ ဆွမ်းကပ်ဖို့ လုပ်ထားတယ်... ပြီးရင် ငါးပါးသီလခံယူမယ်... ဖေဖေနဲ့ မေ့မေ့ကို ဖုန်းဆက်မယ်... ကိုကြီးနဲ့ မောင်လေးဆီက မွေးနေ့လက်ဆောင် လှမ်းတောင်းမယ်... ဟီး... (အဲလို ချိုးနေကျ) ညနေပိုင်း ကျရင်တော့ အခင်ဆုံး သူငယ်ချင်း နှစ်ယောက်နဲ့ အပြင်မှာ hot pot သွားစားဖို့ ချိန်းထားပါတယ်... အဲဒီနေ့ကိုတော့ ဒိတ်လုပ်လို့ရဖူးနော်... အားဖူး....း)... ပြီးတော့ သူနဲ့လဲ ချိန်းထားတယ်... လုံးဝ လုံးဝ အားဖူး....း)


ဒါကမွေးနေ့ကိတ်လေး... အားရပါးရ အားပေးနော်... အားမနာနဲ့... အားနာလို့ကတော့ ဘာမှကျန်မှာ မဟုတ်ဘူး...း)

ဒါလေးက pineapple ထမင်းကြော်....


ဒါလေးက မလေးရှားစတိုင် ကက်ကြေးကိုက်... စားလို့ကောင်းတယ်... ကျွန်မအနှစ်သက်ဆုံး အစားအစာတစ်ခုပေါ့...

ဒါက ဘာလီစေ့လေးတွေရယ် သံပုရာသီးစိတ်လေးနဲ့ ဖျော်ထားတဲ့ ဘာလီရည်တဲ့... (စလုံးမှာ နာမည်ကြီးတယ်လို့ ပြောတာပဲ... တိတိကျကျတော့ သိဖူးနော်...)

အချိုတည်းရအောင်... အသီးအနှံလေးလဲ အားပေးပေါ့...း) သွားပိုးစားကုန်မှာ ဆိုးလို့ပါနော်...

ရေခဲမုန့်လေးတွေ... တစ်ယောက်တစ်ခွက်ပဲနော်...

ဒါလေးက mochi ice-cream အလုံးလေးတွေ...

ဒါက သစ်သီးဖျော်ရည်... မမတွေအတွက် အထူးအော်ဒါ...

ဘလော့ဂါကိုကိုတွေအတွက်... ကြိုက်တာသောက်... မူးရင် တာဝန်မယူဘူးနော်...း)


ပြီးတော့ ကျွန်မရဲ့ ကွန့်မန့်ဘောက်စ်က ဘာဖြစ်မှန်းမသိပဲ အဲရာတတ်နေတော့ ဒီကနေ သူငယ်ချင်းတွေရဲ့ မွေးနေ့ လက်ဆောင်လေးတွေကို ပြန်ပြီး မျှဝေပေးလိုက်တယ်နော်... (အဲဒါတွေက သူတို့ကို အတင်းအကျပ် ဓမြတိုက်ထားရတာ... ဟီးးး)

*********************************************************************

ကျွန်မအတွက် အရေးကြီးဆုံးသူတစ်ယောက်ရဲ့ မွေးနေ့လက်ဆောင်...

"လူတစ်ယောက်၏ တန်ဖိုးအရှိဆုံး အချိန်သည်
မိမိကိုယ်ကို နားလည်သဘောပေါက်သော အချိန်ဖြစ်လျှင်...
လူတစ်ယောက်အတွက် အမြင့်မြတ်ဆုံး နေ့ရက်သည်
မိမိအား မွေးဖွားလိုက်သော အချိန်ဖြစ်သည်...
အမြင့်မြတ်ဆုံး လူသားသည် အမေဆိုသော
မာတာမိခင် ဖြစ်သည်..."
(ချစ်သူ)


*******************************************************************
ရှည်လျားတဲ့မဆံနွယ်လေး
မြင်သူတကာငေး
ကြည့်သူတိုင်းဘ၀င်အေးပါလို့
မပါးပြင် ဖုဖုဖောင်း
ချစ်ကြသူ ၁သောင်း
မပါးပြင်ဖွေးဖွေးလေး
မွှေးချင်သူတွေမနည်းသေး
ကြယ်စင်လေးက အေးအေးမြ
မဘ၀လေးအမြဲလှပ
ဖြူဖွေးတဲ့မစိတ်ထား
ကြယ်ပွင့်လေးအလား
နတ်သမီးကလှပတယ်
ငါ့အစ်မကိုမမှီတယ်
လင်းလက်တဲ့ကြယ်ကလေးရယ်
အစ်မကိုတွေ့ရင်ပြောပေးကွယ်
၎နှစ်မှာ တစ်ခါကြုံ
ဆုံခဲ့လှတဲ့မွှေးနေ့ဝယ်
အပျော်တွေ သရဖူဆောင်း
ဆုတောင်းတွေလည်းပြည့်စေကြောင်း ..။
(စစ်မာန်)


*************************************************************
တစ်ရက်တစ်ရက်နဲ့
နာရီမှန် လှည့်ပတ်
စက်တင်ဘာရဲ့ ၁၉ ရက်
အမေ့ဝမ်းက ထွက်ခဲ့တာ
၂၈ ခါတိုင်ခဲ့ပြီပေါ့ ....

ဘ၀လမ်းကို မှန်မှန်လှမ်း
လေကြမ်းတွေကို ဖြတ်ကျော်
အဲဒီနေ့ရက်တွေမှာ ပျော်
အဖော် မရှာသေးတဲ့ အမ
နောက်မွေးနေ့တွေမှာ
ကြင်သူရှာတွေ့ပါစေ ...

စက်တင်ဘာ ၁၉
တစ်နှစ်တစ်ခါ တိုးလာတိုင်း
ဒုက္ခ တွေကို အနိုင်ပိုင်း
ပျော်ရွှင်မှုတွေ ၀ိုင်းပါစေ ...

အနှိုင်းမဲ့ ကျေးဇူးရှင်
မိဘတွေရင်ခွင်မှာ ပျော်
အမ မျှော်တဲ့ ဘဝ
ထာဝရပါစေ....

မိုးမြင့်ထက် ကောင်းကင်
စိုးမိုးမှု အရှင်သခင်
ကြယ်စင်ရဲ့ နတ်သမီး
လောကကြီး ရှင်သန်
မနက်ဖြန်တွေ ဆက်နေသမျှ
အပြုံးပန်း လှလှနဲ့
အောင်မြင်မှုတွေ ထာဝရ ရနိုင်ပါစေဗျာ ....
(ဖြိုးငယ်)


******************************************************
ကြယ်စင်ထိပ်ထား လှကလျာ
ဘယ်သူလဲလို့ မပြောပါ...
ချစ်သူခင်သူ ဝိုင်းဝိုင်းပေါ
ကြယ်စင်လေးရဲ့ အလှမှာမျော...

ဝင်းလက်လှပ သူမျက်နှာ
ထောင်သောင်းမက ကြယ်စင်ပမာ
မြင်သူငေးမော အလှတွေပေါ
မကြယ်စင်ရဲ့ အလှတော...

စက်တင်ဘာလ (၁၉) ဟာ
မကြယ်စင်ရဲ့ မွေးနေ့ပါ
ပျော်ရွှင်မှု့အပေါင်း ကောင်းစေကြောင်း
မောင်လေး ဆုမွန်တောင်း...
(ကိုလူဆိုးလေး)


Read more...

ကန်ရာသီဖွား (သို့) Virgo

| | 0 comments



ပို့စ်အသစ် တင်ချင်ပေမဲ့ ဘာရေးရမှန်းလဲမသိ ယောင်ခြောက်ဆယ် ဖြစ်နေတယ်လေ... ဘလော့ဒ်ထဲ လာလည်တဲ့သူတွေကတော့ နားတော့ ညီးနေမှာပဲ... မွေးနေ့တောင်းဆု သီချင်းတွေပဲ တင်ထားလို့...း)... အဲဒီတော့ ကျွန်မအတွေးထဲမှာ ပို့စ်တစ်ခုတင်ဖို့ အတွေးရောက်လာတယ်... ကိုယ်ကိုတိုင်ရော တော်သလင်းလမှာ မွေးတဲ့သူ သူငယ်ချင်းတွေလဲ တော်တော်များတာမို့... ကန်ရာသီဖွား (သို့) Virgo ဖွားတွေရဲ့ စိတ်နေသဘောထား၊ အချစ်ရေး၊ ကိုယ်နေဟန် ဆွဲဆောင်မှု့ တို့ကို ကျန်တဲ့သူငယ်ချင်းများကို ပြောပြမယ်နော်... ဒါမှ ကန်ရာသီဖွားတွေနဲ့ သူငယ်ချင်းဖြစ်စေ ချစ်သူဖြစ်စေ သူတို့လေးတွေရဲ့ စိတ်ဓာတ်ကို ရင်းနှီးမှု့ရှိမှာပေါ့...း)... အားပေးချင်လဲ အားပေး... အားမပေးချင်လဲ အားပေး... ဒါပဲ... (ဟီး... ရေးစရာ မရှိလို့... ရှိတဲ့ဟာ တင်တာ)

ကန်ရာသီဖွား (သို့) Virgo
သြဂုတ်လ (၂၄) မှ စက်တင်ဘာ (၂၂) ရက်ကြားမွေးသောသူများ
ကန်ရာသီဖွားတို့၏ ရာသီရုပ်မှာ စပါးနှံများကို ကိုင်ဆောင်ထားသည့် ကညာစင်တစ်ဦး၏ ပုံသဏ္ဌာန် ဖြစ်ပါတယ်...

သူလေးတို့ရဲ့ စိတ်နေသဘောထားလေးတွေက...
ကန်ရာသီဖွားများသည် သီးသန့်နေလိုစိတ် ရှိတတ်ကြသည်... ခေါင်းမာသည်... စိတ်မြန်သည်... ဥာဏ်ပညာ ထက်မြက်သည်... မှတ်ညဏ်ကောင်းသည်... ကိုယ်ပိုင်မှုနှင့် အရာရာကို လုပ်ကိုင်တတ်သည်... အကြံကြီးသည်... မည်သည့်အလုပ်ငန်းကိစ္စ ဆောင်ရွက်စေ အချိန်တိုတိုအတွင်း စနစ်တကျ အောင်မြင်ပြီးမြောက်အောင် လုပ်တတ်သော သဘာဝကို ပိုင်ဆိုင်သည်... အပေါင်းအသင်း ဆက်ဆံရေး ကောင်းသောသူများ ဖြစ်သည်... ထို့ကြောင့် မိတ်ဆွေ ပေါများသည်... ကိုယ်ကျင့်တရားနှင့် သိက္ခာပိုင်းဆိုင်ရာ ခိုင်မာသည်... စာပေအတတ်ပညာအပေါ် တန်ဖိုးထားသည်... ခံစားချက်ကို မြိုသိပ်တတ်သူများ မဟုတ်... ပွင့်လင်းသော စိတ်သဘာဝရှိသည်... ချုပ်ခြယ်မှု့ကို မနှစ်သက်... စိတ်ပင်ပန်း၊ စိတ်ဆင်းရဲ၊ စိတ်ရှုပ်ထွေးခြင်းဒဏ်ကို လုံးဝမခံနိုင်ပေ... စိတ်ရှုပ်ထွေးလာပါက ပြင်းထန်စွာ သူတစ်ပါးနှင့် ဆန့်ကျင်ဘတ် ပြောတတ် လုပ်တတ်သည်... သူတပါးအပေါ် ယုံလွယ်သည်... သနားတတ်သည်... အနုပညာပါရမီ ထက်မြက်သည်... ကိုယ်တိုင် ကိုယ်တွယ်လုပ်ဆောင်သည့် ကိစ္စမှန်သမျှ သပ်သပ်ရပ်ရပ် လှလှပပ အများသူငှာ နှစ်လိုအောင် ဆောင်ရွက်နိုင်စွမ်းသည်... တင့်တယ်ခြင်း၊ လှပခြင်း၊ နှစ်လိုဖွယ်ကောင်းခြင်း အပေါ်ရင်ထှဲာ နက်နက်ရှိုင်းရှိုင်း ခံစားတတ်ပြီး ထိရောက်စွာ ဖော်ပြဆောင်ရွက် နိုင်စွမ်း ရှိသောသူများ ဖြစ်သည်... အရာရာအပေါ် ကောင်းသောဘတ်မှ ရှုမြင်သုံးသပ် တတ်သည်... စိတ်ရှည်သည်... သည်းခံစိတ် ရှိသည်... တစ်ပါးသူ၏ လိုအပ်ချက်မှန်သမျှကို ကူညီ ဖြည့်စွမ်းပေးနိုင်သည်... စိတ်နာကျည်း ထိခိုက်လွယ်သည်... အညိုးကြီးသည်... သူတပါး ဝေဖန်အကြံပြု၍ အမှားပြုပြင်ရသည်ကို မလိုလား.... မိမိအမှားကို ရှာဖွေပြုပြင်တတ်သည်... အသေးစိတ် လေ့လာသုံးသပ်၍ အသိတရားနှင့် ယှဉ်ကာ ထိထိမိမိလုပ်ကိုင်တတ်သည်... လက်တွေ့နဲ့ စိတ်ကူးမျှတသည်... စဉ်းစားချင့်ချိန် ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိသောသူများဖြစ်သည်...

အချစ်ရေးနဲ့ မေတ္တာရေးမှာဆိုရင်...
သူလေးတွေက ကိုယ့်ချစ်သူအပေါ် နားလည်အောင် မမြဲကြိုးစားနေလေ့ရှိသည်... သို့သော် သူတို့အပေါ် နားလည်ပေးနိုင်သော ချစ်သူရရှိရန် အလွန်ခက်သည်... အများအမြင်တွင် အေးတိအေးစက်နှင့် အချစ်မရှိသောသူ မချစ်တတ်သောသူများဟု တွေးထင်ရလင့်ကစား လက်တွေ့တွင် သူတို့လောက် ချစ်တတ်သူများ မရှိပေ... အခြားသော အကြောင်းရာများကို ရွန်းရွန်းဝေအောင် ပြောတတ်သလောက် မိမိရင်တွင်းအချစ်ကိုကား ဖွင့်ဟပြောဆိုတတ်ခြင်းမရှိ... ပကတိ ရိုးရှင်းသော အချစ်ကို ပိုင်ဆိုင်သည်... ပေးဆပ်ခြင်း၊ အနစ်နာခံခြင်း၊ အချစ်ကို တန်ဖိုးထားခြင်း ရှိပေသည်... ချင့်ချိန်မှု့ လွန်ကဲခြင်းနှင့် မျှော်မြင်မှု့များလွန်း၍ ဤရာသီဖွားအားလုံးသည် အချစ်စစ်နှင့် ကင်းကွာတတ်သော သဘာဝလည်းရှိသည်... မိမိအပေါ် အလေးထားခြင်း၊ ဦးစားပေးခြင်း အပေါ် အလွန်နှစ်သက်သည်... သူတို့အပေါ်တွင် စိုးမိုးခြင်း၊ အနိုင်ယူခြင်းကို လုံးဝမနှစ်သက်ပေ...

ကိုယ်နေဟန် ဆွဲဆောင်မှု့...
ကန်ရာသီဖွားအားလုံးတို့သည် ပင်ကိုဟန်ပန်နှင့် ကိုယ်နေဟန် အချိုးအဆစ် အလွန် တင့်တယ်သည်... ကျော့ရှင်းသော အသွင်ရှိသည် (အဲဒါဗေဒင်ဆရာပြောတာနော်... ဟီးးး)... မိမိမျက်နှာသွင်ပြင်၏ မျက်ခုံး မျက်လုံး တွင်ဖြစ်စေ၊ နှုတ်ခမ်းတွင်ဖြစ်စေ အချိုးကျ လှပမှု့များရှိသည်... ဖြူစင်သော သဏ္ဌာန်ပေါ်လွင်သည် (အဲဒါတော့မှန်၏... မေမေပြောတာနော် နော့ကို)... ပါးလွှာနူးညံသော အသားရေကို ပိုင်ဆိုင်သည်... ကျာ၊မ မရွေး ရုပ်ချောသည်ဖြစ်စေ ရုပ်ဆိုးသည်ဖြစ်စေ သန့်ပြန့်သော အသွင်ဆောင်သည်... ကံကောင်းသော ကန်ရာသီဖွားများတွင် မူလဆံပင်တွင် လှိုင်းတွန့်များနှင့် သွားစွယ် သွားတတ်များ ပါရှိတတ်သည်... ကန်ရာသီဖွားတို့သည် ရူပကာနှင့် ကိုယ်ခန္ဓာ၏ ခြေလက်အင်္ဂါမှန်သမျှသည် အရွယ်နှင့်မမျှ ပျိုမြစ်နုနယ်ခြင်း ရှိသည်... အသက်ကြီးလာငြား ရုပ်တင်ပြီး ငယ်ရွယ်နုပျို ရုပ်ပျိုကိုယ်နု၍ အသက်မှန်ကို အကဲခတ်ရန် ခက်ခဲလှသောသူများဟု ကျမ်းဂန်အချို့တွင် ဆိုသည်... ထူးခြားသည်မှာ သူတစ်ပါးအား ညို့ယူစွမ်းဆောင်နိုင်သော မျက်ဝန်းများပိုင်ဆိုင်သည်...

(ကဲ... ကိုကိုတို့ မမတို့ မောင်မောင်တို့ ညလေးတို့ရေ ကိုယ့်ချစ်သူက ကန်ရာသီဖွားဖြစ်နေရင် ကံကောင်ခြင်းတွေကိုလဲ ရနိုင်သလို ကံဆိုးခြင်းတွေကိုလဲ ရနိုင်တယ်ဆိုတာ သတိပြုနော်... ဒီဗေဒင်အဟောကို စံဇာဏီဘိုထုတ်ဝေသော ကန်ရာသီဖွားများအတွက်ဟောကိန်းမှ ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါသည်...)

Read more...

ကြယ်စင်ကြွေတဲ့ည

| | 0 comments

လမင်းကြီးက ကြယ်ရောင်စုံတွေ ခြံရံပြီး နက်ပြာရောင်ကောင်းကင်ရံမှာ တင့်တယ်နေလေရဲ့... လရောင်ရဲ့ အလင်းတချို့က ကမ္ဘာမြေကြီးမှာ လင်းတဝက် မှောင်တဝက်နဲ့ပေါ့... ညအချိန် (၈)နာရီဝန်းကျင်လောက်မှာ ရန်ကုန်-ပြည် ကားလမ်းမကြီးပေါ်တွင် ပြိုင်ကားခဲရောင်လေးတစ်စင်း အရှိန်ပြင်းစွာ ရန်ကုန်ဘတ်သို့ မောင်းနှင်လာနေသည်...
"မောင်အရမ်းရက်စက်တယ်... မောင်အရမ်းရက်စက်တယ်..."
တုန်လှုပ်စွာနဲ့ ရင်ထဲမှာ အခါခါ ငိုရှိုက်ရင်း ညီးတွားနေမိတယ်... မျက်ဝန်းထဲမှာ မျက်ရည်စတွေနဲ့ အမြင်တွေက တစ်စတစ်စ မှုန်ဝေသီလာခဲ့တယ်... ဖုန်းထဲကနေ ရှင်းပြနေတဲ့ မောင့်အသံကိုကျွန်မ ဂရုစိုက် နားထောင်မနေနိုင်တော့ပဲ ဖုန်းကိုချပစ်ပြီး... ညတွင်းချင်းပဲ မောင်ရှိတဲ့ ရန်ကုန်စီသို့ ကျွန်မတစ်ယောက်ထဲ ကားမောင်းပြီး ဆင်းလာခဲ့မိသည်... ကျွန်မစိတ်တွေကို မနည်းတည်ငြိမ်အောင် စုစည်းပြီး ကားမောင်းနေသည်... ရင်ထဲမှာတော့ အရမိးစိတ်တွေလှုပ်ရှားရင်း မခံချင်စိတ်တွေရော နာကျင်တာတွေရော မုန်းတီးတာတွေရော အားလုံးစုပြုံနေလေရဲ့... ဘဝမှာ လိမ်ညာမှု့ကို အမျိုးမျိုး ခံခဲ့ဖူးပေမဲ့... ဒီလိုမျိုး ချစ်တဲ့သူရဲ့ လိမ်ညာမှု့ ရက်စက်မှု့ကိုတော့ တစ်ခါမှ မခံစားခဲ့ဖူးဘူး... ဘဝမှာ အားလုံးပြီးပြည့်စုံစွာ ခံစားနေခဲ့ရတဲ့ ကျွန်မအဖို့ ချစ်သူရဲ့ ရက်စက်မှု့ဆိုတာ ရှိလာလိမ့်မယ်လို့ မထင်ခဲ့တာ လွန်ခဲ့တဲ့ နှစ်နာရီအထိပေါ့...
ကျွန်မရဲ့ရှုပ်ရှပ်ခက်နေတဲ့ စိတ်တွေကြောင့် ကားမောင်းနေတဲ့ အသိတရားတွေက ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့... အခုချိန်မှာ ကျွန်မခေါင်းထဲမှာ ရှိတာ မောင့်အကြောင်းတွေကြီးပဲလေ... ကတိတွေ အထပ်ထပ်ပေးပြီးမှ ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ကျွန်မမောင့်အပေါ် ခွင့်မလွှတ်နိုင်ဘူး ဖြစ်နေတယ်... အချိန်တော်တော်ကြာ သည်အထိ မောင်လိမ်ခဲ့တာကို ကျွန်မမယုံနိုင်ဖြစ်နေတယ်... မောင့်ပြောနေကြ မောင့်ဘဝအတွက် မရှိမဖြစ် လိုအပ်နေပါတယ်ဆိုတဲ့ ကျွန်မနဲ့ တစုံတယောက်ကို လဲလှယ်ရဲတဲ့ မောင့်သတ္တိကို ကျွန်မအံသြမိတယ်... ကျွန်မအဲဒီအကြောင်းတွေကို ပြန်တွေးမိလိုက်တိုင်း မျက်ရည်တွေ တားစီးမရအောင် ကျဆင်းလာလေသည်... မောင်တောင်ကျွန်မအပေါ် မငဲ့ညှာပဲ ရက်စက်တတ်ခဲ့တာ ကျွန်မကဘာလို့ မနေနိုင်ရမှာလဲ... ကျွန်မမာနတွေ ဘယ်ရောက်ကုန်ပြီလဲ... ပြန်တွေးမိလိုက်တိုင်း သူ့အပေါ်ဒေါသတွေ ပိုပိုထွက်လာတယ်... မာနတရား ပေါ်ပေါက်လာတယ်... ကျွန်မရင်ထဲမှာတော့ ဘာလို့မောင်ဒီလိုလုပ်ရတယ် ဆိုတာကို ကျွန်မနားမလည်အောင်လဲ ဖြစ်မိတယ်... ကျွန်မမောင့်အပေါ်မှာ ထားခဲ့တဲ့ လေးစားမှု့တွေ ယုံကြည်မှု့တွေက တစ်စစီကြေမွကုန်ပြီလေ... မောင်ရယ် ကျွန်မဘာတွေများ အပြစ်တွေလုပ်ခဲ့လို့ ဒီလို ရက်စက်ရတာလဲ... ကျွန်မဘယ်လောက်ထိ ခံစားနေရမလဲဆိုတာ မောင်မသိတာလား... မောင်မသိချင် ယောင်ဆောင်နေတာလား... မောင်သိသိကြီးနဲ့ လုပ်ရက်တာလား... တွေးရင်းနဲ့ အသက်ရှုကျပ်လာသည်... ကားပြတင်းပေါက်မှန်ကို လှမ်းဖွင့်ဖို့ ညာဘတ် လက်ချောင်းလေး တွေက အော်တိုခလုတ်လေးကို နှိပ်လိုက်သည်... ခေါင်းလေးကိုငဲ့၍ ဝင်ရောက်လာတဲ့ ပြင်ပလေကို တစ်ဝကြီး ရင်ထဲသို့ ရှုပစ်လိုက်ပြီး အရှေ့ဘတ်သို့ ပြန်အလှည့်တွင် မျက်ရည်တွေနဲ့ ဝိုးတဝါးဖြစ်နေတဲ့ မြင်ကွင်းထဲကို လက်ခနဲ မီးရောင်တစ်ခု မြင်ပြီးတဲ့နောက်မှာ အမှောင်တရားက အသိစိတ်ကို စိုးမိုးသွားလေသည်... တပြိုင်နက်ထဲ လူတစ်ကိုယ်လုံး တိမ်တွေလို လေဟာနယ်ထဲကို ညိမ့်ညိမ့်ညောင်းညောင်း ရောက်သွားသလို ခံစားလိုက်ရတယ်... ဘယ်လိုဖြစ်သွားပါလိမ့်... လူတစ်ကိုယ်လုံး ဝါဂွမ်းတစ်ခုလိုပဲ ပေါ့ပါးနေလေသည်... အချိန်တော်တော်ကြာသည်အထိ လူတစ်ကိုယ်လုံး လေထဲလွင့်နေသလို ခံစားရတဲ့အချိန်မှာ ဖြတ်ခနဲ့ အသိစိတ်တစ်ခု ဝင်လာခဲ့တယ်... ကျွန်မမောင့်နံဘေးမှာ ရောက်နေပါလား...

"မောင်"
ကျွန်မခေါ်လိုက်ပေမဲ့ မောင်ကမကြားသလိုနဲ့ TVကို ထိုင်ကြည့်နေသည်... ကျွန်မမောင့်နံဘေးကနေ အရူးမလေး တစ်ယောက်လို တတွတ်တွတ်နဲ့ မကျေနပ်ချက်တွေကို ရန်တွေ့နေမိသည်...
"မောင်... ဘာလို့ပြန်မဖြေတာလဲ... ရှင့်ဆီမှာ ကျွန်မအတွက် ဖြေစရာအဖြေမရှိတော့ဘူးလား... ကျွန်မမေးတာကို ကျေးဇူးပြုပြီး ပြန်ဖြေပေးပါ"... ဘာမှပြန်ပြောသံမကြား...
"မောင်..."
ကျွန်မဒေါသတကြီးနဲ့ မောင့်ကိုအော်ပစ်ပြီး သူ့လက်မောင်းကို လှမ်းရိုက်လိုက်သည်... လက်က လေထဲမှာတင် ဝဲပျံသွားသည်... ကျွန်မထိတ်လန့်စွာနဲ့ အမျိုးမျိုး ကြိုးစားပြီး သူ့လက်မောင်းကို ကိုင်ကြည့်တယ်... ဘယ်လိုမှ ကိုင်လို့မရ... ကျွန်မအရမ်းထိတ်လန့်သွားမိတယ်... ကျွန်မ ဘာဖြစ်နေပါလိမ့်... ကျွန်မအသိစိတ်တွေက အမှောင်တွေ မစိုးမိုးခင် မီးရောင်ကို ဖြတ်ခနဲတွေ့လိုက်မိတဲ့ အဖြစ်ကို ပြန်သတိရမိသွားတယ်... ဘုရားရေ ကျွန်မဝိညာဉ်ဘဝနဲ့ မောင့်နံဘေးကို ရောက်နေပါလား... မောင်ရေ... ကျွန်မတို့ တကယ်ကိုအဝေးဆုံးကို ဝေးကြရပြီပေါ့နော်... ကျွန်မအချိန် တော်တော်ကြာသည်အထိ မောင့်မျက်နှာကို တစ်ဝကြီး ငေးစိုက်ကြည့်နေမိတော့သည်.. ကျွန်မမောင့်ကို စိတ်နာပေမယ့် ချစ်နေစဲပါ... ကျွန်မတကိုယ်လုံးကို မီးခိုးငွေ့တန်းတွေ ဝိုင်းရံလာသလို ခံစားလိုက်ရတဲ့ အချိန်မှာ တစ်ယောက်ယောက်က ကျွန်မကို ဆွဲခေါ်နေသလိုပါ တပြိုင်နက်ထဲ ခံစားနေရသည်... ကျွန်မ နှုတ်ဆတ်ခဲ့ပါတယ် မောင်ရယ်... ကျွန်မသွားရတော့မယ်... မောင်နားမှာ ကျွန်မဒီထက်မက နေခွင့်ရှိရင် နေချင်ပါသေးတယ်... ကျွန်မ မရှိတော့တဲ့ဘဝမှာ မောင်ချစ်တဲ့သူနဲ့ ပျော်ပိုက်နိုင်မှာပါ... ကျွန်မ အသက်ကုန်ဆုံးသည်အထိ မောင့်ကိုချစ်နေလျှက်ပါမောင်... ကျွန်မတရွေ့ရွေ့နဲ့ မီးခိုးတန်းခေါ်ဆောင်ရာသို့ နောက်ပြန်ပါသွားသည့်အချိန်မှာ မောင်ပြတင်းပေါက်ကနေ ကောင်းကင်ကို လှမ်းကြည့်ပြီး တီးတိုးရေရွတ် လိုက်တဲ့ အသံကိုနောက်ဆုံး ကြားလိုက်ရသည်...
"ဟင်... ကြယ်လေးတစ်လုံး ကြွေကြသွားပါလား..."
အုတ်ဂူဖြူဖြူလေး တစ်လုံးပေါ်တွင် အကြွေစောခဲ့တဲ့ ကြယ်ပွင့်လေးတပွင့်ရဲ့ နာမည်ကို လှပစွာ ကဗည်းထိုးထားလေသည်...
မပီတိချို
အသက်(၁၈)နှစ်


P.S (ပထမဆုံးရေးသော ဆောင်းပါးပါ... ခံစားချက် တိုက်ဆိုင်မှု့ကြောင့် ရေးဖြစ်သွားတာပါ... အမှားပါရင်လဲ အားနာပါးနာနဲ့ ဖတ်ပေးကြပါရှင်... ပြီးရင် ဝေဖန်ခဲ့ဖို့ မမေ့နဲ့နော်...)
Read more...

ကြယ်စင်နတ်သမီးဆိုတဲ့ကောင်မလေး

| | 0 comments


တီတီအိ(Dream)ကတော့ လုပ်ချလိုက်ရော့မယ်... Tag ထားတယ်ဆိုလို့ အပြေးအလွှား သွားကြည့်လိုက်တာ... စကတ်တောင် ကွဲသွားတယ် (အယ်... ချောတီး ... စကတ်က နဂိုထဲက အကွဲနဲ့ ဖြစ်နေတာကိုး အဟတ် ဟတ်)... တူက Tag ထားတာကို မဖြေရင် ချစ်ချစ်နဲ့ကွဲမယ်ချိုလို့... ချက်ချင်း ပြန်ဖြေလိုက်ရတယ်... ဟူး... ပြေးလွှားလိုက်ရတာ ခြေကုန်လက်ပန်း ကြသွားတယ်...း)... တူ့ကို အငြိမ့်အတွက် မိတ်ကပ်လှလှလေး လိမ်းပေးမယ် ဆိုပြီး လက်ထိုးတာတောင် ရဖူးတော် (လက်သီးမဟုတ်ပါ... ဟီး)... အခုတော့ ဆံထုံးလှလှလေး ထုံးပေးဖို့ပါ အဆစ်ပါတွားပီ... ဟိ ဟိ... ဂျစ်ဂျစ်ရေးနဲ့ ကွဲမှာချိုးရို့ ဖြိုးငယ်လိုတော့ ကိုယ့်ပေါင်ကိုယ်လှန် ထောင်းပြီး မရေးပြဘူးနော်... မသိမသာလေးပဲ တိုးတိုးလေးပြောပြမယ်... ဟီး.... ကြယ်စင်အကြောင်းတွေကို သိချင်ရင်... ဒီမှာရေးထားတယ်...း)



အားရဝမ်းသာစွာနဲ့ ဟန်တောင်မဆောင်ပဲ ပြောပြချင်လွန်းလို့ ပြောပြလိုက်တာနော်... ဟီးးးးးးးးး

ကိုယ့်ရဲ့နာမည်..............................................
ကြယ်စင်နတ်သမီး
ကိုယ့်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ်............... မ၊ မမ၊ အစ်မ၊ မကြီး၊ မမကြယ်၊ မမိုး၊ မိုးရေအေး၊ ညီမ (စုံပလုံနေတာပဲ)
ကိုယ်ဒီမှာနေတယ်.......................................... ချစ်သူရဲ့အသည်းနှလုံး
ကိုယ့်ဆီဖုန်းဆက်ချင်ရင်................................... cell phone နဲ့လှမ်းဆက်လိုက်လေ
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင်............................................... အပြာရောင်နုနုလေး
အဝတ်အစားဆိုရင်.......................................... free style လေးတွေ
အစားအစာဆိုရင်............................................ မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ၊ ဝက်သားတုတ်ထိုး
ပစ္စည်းဆိုရင်.................................................. ကိုယ်နဲ့သင့်တော်လိုက်လျှောညီထွေမှု့ရှိမဲ့အရာ
သီချင်းဆိုရင်.................................................. အကုန်ကြိုက်တယ်
စာရေးစရာ.................................................... ဂျူး၊ ဂျာနယ်ကျော်မမလေး၊ ဒေါက်တာမတင်ဝင်း (အစုံအစုံ... မှတ်ချက်... အသုပ်စုံမဟုတ်ပါ ဟီးးးးးး)
စာအုပ်.......................................................... အကုန်ကြိုက်
Life Style...................................................... ငြိမ်းချမ်းသာယာသောမိသားစုဘဝ
ကိုယ့်ရဲ့ဝါသနာ................................................ စာဖတ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း
အလိုချင်ဆုံးလက်ဆောင်.................................... ချစ်သူကပေးလာမဲ့လက်ဆောင်
ကိုယ့်ရဲ့အချစ်ဆုံးသူက....................................... ကိုယ့်ချစ်သူ
ကိုယ်ရဲ့အလေးစားဆုံးသူက................................. ဖေဖေနဲ့မေမေ
ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းက............................. ပြောလဲသိမှာမဟုတ်ပါဘူး (မသိမ့်)
ကိုယ့်ကိုအများဆုံးနားလည်မှု့ပေးနိုင်သူက................. ကိုကြီး (အစ်ကိုအရင်းဖြစ်ပါသည်... ဟိ ဟိ)
ကိုယ့်ရဲ့အမုန်းဆုံးသူက....................................... ကိုယ့်စိတ်ကိုနာကျည်းအောင်လုပ်တဲ့သူ
ရင်အခုန်ဆုံးအချိန်............................................. ချစ်သူနဲ့စကားပြောတဲ့အချိန်
အကြောက်ဆုံးအချိန်.......................................... ချစ်သူကိုယ့်ကိုမုန်းသွားမဲ့အချိန်
အပျော်ဆုံးအချိန်............................................... ဘွဲ့ယူနေတဲ့အချိန်
အမှတ်တရနေ့.................................................. ရက်ပေါင်း
(၃၆၅) ရက်ထဲက တစ်ရက်ပေါ့
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု.......... အလှူရေစက်လက်နဲ့မကွာဖြစ်ရပါလို၏
အချစ်ဆိုတာ.................................................... နှလုံးသားကဖြစ်ပေါ်လာတဲ့စေခိုင်းမှု့
အမုန်းဆိုတာ.................................................... အချစ်ရဲ့အနားသတ်
အလွမ်းဆိုတာ................................................... အချစ်၊အမုန်း၊သံယောဇဉ်တွေနဲ့ဒွန်တွဲနေတဲ့အရာ
သံယောဇဉ်ဆိုတာ.............................................. မမြင်နိုင်တဲ့သေးငယ်ပါးလွှာတဲ့ကြိုးတစ်ချောင်း (အပ်ချည်ကြိုးမဟုတ်ပါ... ဟိ ဟိ)
ဘဝဆိုတာ....................................................... ဘကုန်းနဲ့ ဝလုံးပေါင်းထားတာလေ
သူငယ်ချင်းဆိုတာ............................................... ဆိုးတူကောင်းဖတ်၊ အတင်းတုတ်ဖော်တုတ်ဖတ် (အဲ... ဟုတ်သေးပါဘူး... မွှားတွားတယ်... ဟိ ဟိ)
ချစ်သူဆိုတာ..................................................... ကိုယ့်ဘဝရဲ့အနာဂတ်လက်တွဲဖော်
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်................................... ငါဒီနေ့တော်တော်ချောလာပါလား ဟိ ဟိ
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က.................................
"do whatever u have to do, never turnaround"
အပြောချင်ဆုံးစကားလေးတစ်ခွန်း........................... အားလုံးကုန်ပြီ.. ဘာမှချိတော့ဘူး... ဘာသိချင်သေးတုန်း


ဒီလောက်ဆို ပရိသတ်ကြီးလဲ ကျေနပ်မယ်ထင်ပါရဲ့...း)
သူများ Tag သလိုအားကျမခံပြန် Tag လိုက်ဦးမယ်... (၇)ရက်အတွင်း မရေးပါက ချစ်သူနဲ့ အသေကွဲကွဲ အရှင်ကွဲကွဲ ကွဲချင်သလိုကွဲပါစေ... ဟိ ဟိ...

ကိုကိုလွမ်းစေ
ကိုကိုဝဿန်ဦး
ညီမလေးနတ်သမီး



Read more...

ချစ်သူတမ်းချင်းလက်ဆောင်

| | 0 comments

ချစ်သူ ♥♥♥ မင်းကိုယ့်ကိုသတိရတဲ့အခါ
မိုးကောင်းကင်ကိုမော့ကြည့် တမ်းတလိုက်ပါ
တိမ်တိုက်လေးတွေက
ကိုယ့်ရုပ်ပုံလွှာကို ဖန်ဆင်းပေးလိမ့်မယ်♥♥♥

ချစ်သူ ♥♥♥ မင်းကိုယ့်အသံကြားချင်တဲ့အခါ
မျက်စိစုံမှိတ်နားစွင့်ထားလိုက်ပါ
လေညှင်းလေးတွေက
ကိုယ့်အသံကို သယ်ဆောင်လာပေးလိမ့်မယ်♥♥♥

ချစ်သူ ♥♥♥ မင်းအတွက်ကိုယ်ပေးခဲ့တဲ့အနမ်းတွေကို
မွတ်သိပ်တဲ့အခါ
မင်းရဲ့ခေါင်းအုံးလေးက
ကိုယ့်ရဲ့ကိုယ်စား အနမ်းလေးတွေကို
ဖြည့်ဆည်းပေးစွမ်းသွားလိမ့်မယ်♥♥♥

ချစ်သူ ♥♥♥ မင်းကိုယ့်ကိုမှာတမ်းခြွေချင်တဲ့အခါ
ညအခါကြယ်စင်တွေဝိုင်းရံထားတဲ့ လမင်းကြီးကိုတမ်းတလိုက်ပါ
ကိုယ့်ရဲ့သတင်းလေးတွေကို လမင်းနဲ့ကြယ်စင်လေးတွေက
ကိုယ့်တို့နှစ်ယောက်ရဲ့သံတမန်လေးတွေအဖြစ်
တဆင့်ပြောပေးပါလိမ့်မယ်♥♥♥

ချစ်သူ
♥♥♥ဝေးကွာလှတဲ့ ကမ္ဘာတစ်ဖက်ခြမ်းစီမှာပဲ ရောက်နေပါစေ...
မင်းတမ်းတလိုက်ရုံနဲ့ ကိုယ့်ရဲ့အချစ်တွေက
မင်းရဲ့အနားမှာ အမြဲရှိသွားမှာပါ
♥♥♥

(ကြယ်စင်နတ်သမီး)
Read more...

ဒို့နှစ်ယောက်လျှောက်တဲ့ "လမ်း"

| |

ဒို့နှစ်ယောက်ရဲ့ နှစ်သက်ကြည်နူးဖွယ်ရာ
သံယောဇဉ်ကြိုးလေးတွေ ဆက်စပ်ပေါင်းစီးပြီး
လျှောက်ခဲ့တဲ့ "လမ်း"
♥♥♥

တစ်ယောက်နဲ့တစ်ယောက် အပြစ်မမြင်
အချစ်စင်စစ်နဲ့ အကောင်းပြင်ပြီး
တစ်နေ့ထက်တစ်နေ့ ခိုင်မြဲစွာ
နားလည်မှု့နဲ့ လျှောက်ခဲ့တဲ့ "လမ်း" ♥♥♥

ဝေးကွာချိန်လေးတွေမှာ သံယောဇဉ်လောင်မြိုက်မှု့တွေကြောင့်
သံသယဆိုတဲ့မျက်ဝန်း မဖြစ်စေဘဲ
ပြန်ဆုံချိန်လေးတွေကို မျှော်လင့်ရင်း
လွမ်းဆွပ်စွာ လျှောက်ခဲ့တဲ့ "လမ်း" ♥♥♥

ပြန်ဆုံချိန်လေးမှာ ရွှန်းပြမျက်ဝန်းအကြည့်လေးတွေ ဆုံမိရင်း
တစ်ယောက်ရဲ့အချစ် တစ်ယောက်ယူ
အချစ်ချင်းဖလှယ်စွာ လျှောက်ခဲ့တဲ့ "လမ်း" ♥♥♥

အခက်အခဲ အတားအစီးပေါင်းများစွာကို
နှစ်ဦးသားရင်ဆိုင် လက်တွဲမပျက်
အကြိမ်ကြိမ် အခါခါ ကျော်ဖြတ်ခဲ့တဲ့ "လမ်း" ♥♥♥

ဒီ "လမ်း" လေးတွေရဲ့ တိုက်စားမှု့က
အချိန်နဲ့အကြိမ်ပေါင်းများခဲ့ပြီလေ ♥♥♥

မင်းနဲ့ဒို့ရဲ့ သံယောဇဉ်အချစ်ရဲ့ သက်သေဟာလည်း
ဒီ "လမ်း" လေးပါပဲ ♥♥♥

အခုမင်းနဲ့ဒို့ရဲ့ တည်ရှိတဲ့ ဒီ "လမ်း" လေးကို ဗဟိုပြု
ရှေ့လျှောက် ဘဝတစ်သက်စာ ထာဝရချစ်သူများအဖြစ်သို့
မခွဲသောလက်များနဲ့ လျှောက်လှမ်းကြပါစို့နော် ♥♥♥

(ကြယ်စင်နတ်သမီး)

P.S* အမှတ်တရရက်စွဲလေးတစ်ခု... (August 18,2008)
Read more...

အချစ်မှာမျက်စိရှိရန်လိုအပ်သည်

| | 4 comments

ဒီနေ့ ပို့စ်တင်ဖို့ လိုက်ရှာရင်းနဲ့ ဘာမှလဲ ရေးစရာကမရှိတော့ ကျွန်မသူငယ်ချင်းတစ်ယောက် မေးလ် forward လုပ်လာတဲ့ အီးမေးလ်ထဲက ပုံပြင်လေးတစ်ခုကို တင်ပြလိုက်ပါတယ်ရှင်... ဘယ်သူဘယ်ဝါ ရေးသားတယ်ဆိုတာ မသိရသောကြောင့် ရေးသားသူနာမည်ကို မဖော်ပြလိုက်ရပါ... Original forward အီးမေးလ်ထဲမှာ ပါတဲ့စကားလုံးလေးတွေက မှားတာကြောင့် ကျွန်မ စာဖတ်သူတို့ အဆင်ပြေအောင် အနည်းငယ်စာသားတွေကို ပြင်ဆင်ထားပါတယ်ရှင်... အကယ်၍ ရေးသားသူ(နာမည်မသိ) ကသူ့စာသားတွေကို ပြင်ဆင်ရကောင်းလားလို့ အပြစ်တင်လာရင်တော့ ကျွန်မ၏စေတနာ အမှားသာဖြစ်ပါတယ်... ဒီပုံပြင်ဆောင်းပါးလေးမှာ ကျွန်မကိုယ်တိုင် ရေးသားခြင်းမဟုတ်ပါ... ကျွန်မသူငယ်ချင်းပေးပို့လိုက်သော အီးမေးလ် forward မှရရှိခြင်းသာ ဖြစ်ပါသည်... မိန်းမသားဘဝအတွက် သတိပြုစရာလေးများ ဖြစ်သောကြောင့် ကျွန်မပို့စ်တင်ဖြစ်သွားတာပါ... မမှားသင့်တာ မမှားအောင် ကာကွယ်ရမှာက ကျွန်မတို့ရဲ့မိန်းမသားဘဝ မဟုတ်လား... ငယ်ရွယ်နုပျိုသော ညီမငယ်လေးတို့ သတိပြုမိအောင် ရည်ရွယ်၍ ဒီပို့စ်ကိုတင်မိခြင်းဖြစ်ပါသည်....

မိန်းကလေးတွေတစ်ဘ၀လုံးအတွက်

ဆောင်းပါးလေးက ဒီလိုပါ...

" ရွာတစ်ရွာမှာပေါ့ သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးရှိကြတယ်..... အရမ်းလဲချစ်ကြတော့ နီးစပ်ဖို့အရေး ကြိုးစားကြတာပေါ့... လုလင်ပျိုက လုံမလေးကို ခိုးပြေးဖို့ ချိန်းပါတယ်.... ညသန်းခေါင်ယံမှ လုံမလေးအိမ်ရှေ့က စံပယ်ရုံအကွယ်ကနေ ရွှေဂျိုးကူသံပြုရင် လုံမလေးက ထွက်လာဖို့ချိန်းတယ်... ချိန်းဆိုတဲ့ညမှာ လုံမလေးလဲ တကူ.... ကူး ... ကူ ဆိုတဲ့ အသံကြားတာနဲ့ အထုတ်ဆွဲထွက်လာခဲ့တယ်... နှစ်ယောက်သား တောထဲကို ထွက်ပြေးကြတာပေါ့... တော်တော်လေးလဲ ခရီးရောက်တော့ ဗိုက်ကဆာလာတာပေါ့... အဲဒီမှာဘဲ လုံမလေးပါလာတဲ့ ထမင်းထုပ်ကို နှစ်ယောက်ခွဲ စားမယ်လုပ်တယ်.... ထမင်းထုပ်ကိုဖွင့်လိုက်တော့ ပုဇွန်ထုပ်က တစ်ကောင်ပဲ ပါလာတယ်... အဲဒီတော့ လုလင်ပျိုက ပုဇွန်ထုပ်ကို ထမင်းပုံအလယ်မှာ ထောင်ထားမယ်... ထမင်းထုပ်ကို နှစ်ယောက်တူတူစားရင်း ပုဇွန်ထုပ်လဲသွားဘက်ကသူက ပုဇွန်ထုပ်ကို စားဖို့ ပြောတယ်... အဲလိုနဲ့ လုလင်လဲ ဆာဆာနဲ့စားလိုက်တာ ထောင်ထားတဲ့ ပုဇွန်ထုပ်က လုလင်ဘက်ကို လဲသွားတာပေါ့... အဲဒီတော့ လုလင်က ပုဇွန်ထုပ်ရဲ့ ခေါင်းပိုင်းကို စပြီးစားလိုက်တယ်.... လုံမလေးက တွေးမိတယ် သြော်... ခေါင်းပိုင်းမို့ ငါ့ကိုမကျွေးတာပါပေါ့.... နောက် လုလင်က အမြီးပိုင်းကို ကိုက်လိုက်တယ်... လုံမလေးလဲ တွေးပြန်တယ် သြော်.... အမြီးပိုင်းမို့ ငါကိုမကျွေးတာနေမှာပါပေါ့... နောက်ဆုံး လုလင်က
ပုဇွန်ထုပ်ကြီးရဲ့ အလယ်ပိုင်းကို စားလိုက်တယ်... အဲဒီတော့ လုံမလေးလဲ ပုဇွန်ထုပ်ကို နည်းနည်းမှ မစားလိုက်ရရှာဘူး.... ထမင်းလဲ စားပြီးရော လုလင်က ရေဆာတယ်လို့ ဆိုပြန်တယ်.... အဲဒီမှာ လုံမလေးလဲ ရေရှာပြီး တိုက်ရပြန်တာရော.... ရေသောက်ပြီး လုလင်ပျိုလဲ မောမောနဲ့လဲအိပ်ပျော်သွားတာပေါ့.... အဲဒီအချိန်မှာဘဲ လုံမလေးလဲ ရွာဘက်ကို အပြေးပြန်လာပါတော့တယ်... နောက်နေ့မှာ လုလင်ပျိုလဲ ရွာပြန်ရောက်ပြီး သန်းခေါင်ယံအရောက်မှာ လုံမလေးအိမ်ရှေ့က စံပယ်ရုံနောက်ကွယ်ကနေ ရွှေဂျိုးကူသံ ထပ်ပေးပါတယ်..... အဲဒီအချိန်မှာတော့ လုံမလေးက ထွက်မလာတော့ပါဘူး.... အခန်းပြတင်းကနေပဲ လှမ်းပြောလိုက်ပါတယ်...... "တော်ပါတော့မောင်ကြီးရယ် ပုဇွန်ထုပ်လဲ ကတည်းက စိတ်ဝမ်းကွဲလို့ ဝေးကြရပြီလို့သာ မှတ်လိုက်ပါတော့" တဲ့လေ...



မိန်းကလေးတွေ တစ်ဘ၀လုံးအတွက်ရည်ရွယ်ထားရင် အချစ်မှာ မျက်စိရှိဖို့လိုပါတယ်...အပေါ်ယံ အရေပြားက အလှတရားထက် ကိုယ်နဲ့ တစ်ဘ၀လုံး အေးအတူပူအမျှ စိတ်ထားနိုင်မယ့်သူကို ရွေးချယ်ဖို့ လိုအပ်ပါတယ်...
Read more...

ချစ်သူ ♥♥♥ သိပါလေစ

| | 6 comments

ချစ်စိတ်နဲ့တမ်းတရင်း
လွမ်းတဲ့စိတ်နဲ့
ကျော်ဖြတ်ရက်တွေလည်း များခဲ့ပေါ့♥♥♥

ချစ်သူအတွက် ပေးဆပ်ခြင်းဟာ
တမ်းတခြင်းနဲ့ လွမ်းဆွတ်မှု့ဆိုခဲ့ရင်
ငါ့အတွက်တော့ အမြဲတမ်း
မင်းကို ပေးဆပ်နေမိမှာပါ♥♥♥

အချစ်ဟာလျှင် ကိုယ့်အတွက်
ကိုးကွယ်ရာဖြစ်ခဲ့တယ်လေ♥♥♥

ဆိုင်သူမသိခဲ့ပေမဲ့
ငါ့ရဲ့အိမ်မက်ရှည်ခရီးမှာ
မင်းကိုပဲ အမြဲမြင်ရောင်ပြီး
မင်းရဲ့ခေါ်သံလေးများအလား
နားထဲမှာ အမြဲကြားယောင်နေမိပေါ့♥♥♥

တိတ်ဆိတ်တဲ့ညနက်နက်တွေက
ရှည်လျှားလွန်းလို့
တိမ်နောက်မှာပုံးနေတဲ့
လမင်းကတောင် ငိုသွားတယ်♥♥♥

နက်ပြာရောင်ရင်ခွင်လွှာက
ကြယ်စင်တပွင့်သာကြွေကြသွားခဲ့ရင်
ဆုတောင်းလိုက်ချင်ပါတယ်
"ချစ်သူ ♥♥♥ သိပါစေ"

(ကြယ်စင်နတ်သမီး)

Read more...

ဆန္ဒ၏တစ်စုံတစ်ရာ

| | 4 comments

နှလုံးသားရင်ခုန်သံတချက်က
ဝေဒနာတွေ ဖြစ်ပေါ်စေသတဲ့♥♥♥

အချစ်ဆိုတဲ့အရာတခုက
အလွမ်းတွေကို ဖြစ်ပေါ်စေသတဲ့♥♥♥

အဆိပ်သင့်ပန်းသီးတလုံးကို
စားမိသူ ••• ငါလေ
ရင်မှာဝေဒနာတွေထွေးပိုက်
ဒဏ်ရာတွေအပြည့်နဲ့ပေါ့♥♥♥

မျှော်လင့်စောင့်စားရင်းနဲ့
ချစ်မိသူ ••• ငါလေ
အလွမ်းဝေဒနာတွေ
ရင်မှာအပြည့်ဖြစ်နေပြီလား ♥♥♥ ?

တိတ်တခိုးအတွေးနဲ့
ကြိတ်ပိုးဆွေးရတဲ့
ငါ့ဘဝကို
ဘယ်သူမြင်နိုင်မှာလဲ ♥♥♥ ?

ဟန်ဆောင်ကာ
အလင်္ကာမမြောက်တဲ့
ဂရုဏာရောင်ခြုံအပြုံးတုရဲ့
အမုန်းဆုကိုတော့ မလိုချင်ပါဘူး♥♥♥

အလှမ်းဝေးပေမဲ့
အနမ်းတွေမြေမှာခ
အလွမ်းတွေတော့
မကြွေချင်ဘူးကွယ်♥♥♥

အလွမ်းဇာတ်ဆရာရေ•••
စစ်မှန်တဲ့ချစ်ခြင်းတွေနဲ့
မေတ္တာကိုဆုပ်ကိုင်လို့
ဒဿနတွေကိုဘေးဖယ်
ဥပေက္ခာတွေကင်းကွာတဲ့
တို့နှစ်ယောက်ရဲ့အချစ်ကမ္ဘာမှာ
သံယောဇဉ်ကြိုးနှောင်ဖွဲ့ချင်ပါတယ်♥♥♥

(ကြယ်စင်နတ်သမီး)
Read more...

အလွမ်း၏တမ်းချင်း

| | 4 comments

တရက်၊ နှစ်ရက်
သုံးလေးရက်
အလွမ်းရက်တွေ
လက်ချိုးရေလို့
ပြန်လာလေနိုး
ကိုယ်မျှော်ကိုး♥♥♥

တပတ်အကြာ
ပြန်မလာ
စိုးရိမ်စိတ်တွေ
ကဲလို့သာ♥♥♥

ရာသီစက်ဝန်း
လသို့ယွင်းသော်
ရင်မှာခံစား
သံသယပွား♥♥♥

လတွေကြာညောင်း
နှစ်သို့ပြောင်း
ရင်တွင်းဒဏ်ရာ
ဖြစ်ထွန်းလာ♥♥♥

မသိစိတ်၏
ကွန်းခိုရာ
ဝေဒနာတိုး
ရင်မှာစိုး၍
ကုန်ဆုံးစေချင်
ချစ်သခင်♥♥♥

(ကြယ်စင်နတ်သမီး)
Read more...

About Me

My photo
ယုံကြည်ချက်များစွာနဲ့ ဘဝပန်းတိုင်ကို လျှောက်လှမ်းနေသူ...

cbox