အချစ်ရဲ့လျှို့ဝှက်ချက်

| | 8 comments


ငါတို့နှစ်ယောက်ရဲ့
အချစ်နယ်နိမိတ်ကြားမှာ
သူငယ်ချင်းဆိုတဲ့
အဖြူရောင်စည်းလေးခြားထားတယ်♥♥♥

ငါတို့နှစ်ယောက်ရဲ့
ဘ၀နယ်နိမိတ်ကြားမှာ
ကွာဟချက်ဆိုတဲ့စည်းလေးခြားထားတယ်♥♥♥


ငါတို့နှစ်ယောက်ရဲ့
သမုဒ္ဒယသံယောဇဉ်နယ်နိမိတ်ကြားမှာ
ဖွင့်မပြောနိုင်တဲ့
ဟန်ဆောင်မှု့စည်းလေးခြားထားတယ်♥♥♥


ငါတို့နှစ်ယောက်ရဲ့
နယ်နိမိတ်စည်းမျဉ်းတွေမှာ
ဖြူစင်မှု့အတိနဲ့
ပြည့်စုံတဲ့
ပကတိရိုးသားခြင်းတွေပဲရှိနေလေရဲ့♥♥♥

(ကြယ်စင်နတ်သမီး)
Read more...

လက်ထပ်ထိမ်းမြားပြီးစီးခြင်း

| | 2 comments

လက်ထပ်ထိမ်းမြားပြီးစီးခြင်းဆိုတာ လူရယ်လို့ဖြစ်လာကတည်းက ရှောင်ကျဉ်လို့မရတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်... အရွယ်ရောက်ပြီးသား ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်တို့ အချစ်ဆိုတာကို သိမြင် ဖူးပွင့်လာကြတဲ့အချိန်မှာ နှစ်ဖတ်သောမိဘတွေက မိဘ၀တ္တရားရှိတဲ့အတိုင်း ကြည်ကြည်ဖြူဖြူနဲ့ လက်ထပ်ထိမ်းမြားပေးတယ် ဆိုတာဟာ အင်မတန်မှ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မင်္ဂလာတစ်ပါးပါရှင်... လက်ထပ်ပြီးစီးခြင်းဆိုလို့ ကျွန်မကိုတစ်မျိုးမထင်နဲ့ဦး... ကျွန်မစွံသွားပြီလို့လဲ မထင်စေလိုပါ... တကယ်လဲ မစွံသေးပါ... လူစွံဖို့ဆိုတာ တော်တော်ဝေးဝေးမှာ ကျန်ပါသေးတယ်.... လောလောဆယ်မှာတော့ စွံစရာမျက်စိပဲ ရှိပါသေးတယ်... ဟိ ဟိ... ဟင်... ဘာတွေလျှောက်ပြော နေပါလိမ့်နော်... လိုရင်းတောင် မရောက်ဖြစ်တော့မယ်... ရှေ့ကားတွေက ဖြည်းဖြည်း ဖြည်းဖြည်းခြင်းစီ သွားနေတော့လဲ နောက်ကားတွေက ကျော်တတ်ချင်ကြလွန်းလို့ ဟွန်းတွေတီးနေရတာ အမောတွေစို့နေလောက်ပြီ ထင်ပါရဲ့... ကျော်သွားချင်တဲ့ ကားများ ကျော်တတ်သွားလို့ ရပါတယ်နော်... အရှေ့က တန်းစီထားတဲ့ ကားတွေကို ကြည့်ရတာ တော်တော်နဲ့ ရွေှ့မဲ့ပုံမပေါ်လို့ပါ... အဟမ်း အဟမ်း... သူများတွေကို ပြောသာပြောရတာ... ကိုယ့်ကိုကိုယ်လဲ ပြန်ကြည့်ရသေးတယ်... ဟီး.... သင်္ကြန်ပွဲတော် ပြီးလို့ သူများတွေက သင်္ကြန်မှာ အပြတ်ကဲထားရလို့ မောပြီး ခြေပစ်လက်ပစ် ဖြစ်နေလောက်တဲ့ အချိန်မှာပဲ နောက်ကပြိုင်ကားလေးတစ်စီး ဖြစ်တဲ့ ကောင်လေးတစ်ယောက် ကတော့ ထူးထူးခြားခြား ရှေ့ကဂျစ်ကားတွေကို ကျော်တတ်ပြီး မင်္ဂလာဆောင်မယ်ဆိုပါလား... ဘော်ဘော်တွေ သိချင်နေကြပြီထင်တယ်နော်... သိချင်ရင် ၀ယ်ဖတ်ပါ... ဟိ ဟိ... (^_^)

ဒီလိုပါရှင် ထူးထူးခြားခြား ဂျစ်ကားတွေကို ကျော်တတ်ပြီး စွံသွားတဲ့ မဟာကံထူးရှင်လေးကတော့ မောင်နွေမုန်တိုင်း (ခေါ်) လေမုန်တိုင်း ဖြစ်ပါတယ်... နာမည်နဲ့ လိုက်အောင်ဆိုပြီး နွေရာသီမှာ မုန်တိုင်းတိုက်သွားလေရဲ့... နှဖူးစာရွာလည်ပြီး မုန်တိုင်းတိုက်တဲ့အထဲ ပါသွားတဲ့ ဖူးစာရှင်လေးကတော့ "နန်း" ဆိုတဲ့မဟာ ကံထူးရှင်(အမွှေးတိုင် နာမည်မဟုတ်ပါ...) လေးပဲဖြစ်ပါတယ်ရှင်...

"မောင်လေးနွေမုန်တိုင်း + ညီမလေးနန်း တို့နှစ်ယောက်
ဧပြီလ ၁၈ရက် ၂၀၀၈ ခုနှစ် မင်္ဂလာဦးမှသည် နောင်နှစ်ပေါင်းများစွာ
ရွှေရတု ငွေရတု စိန်ရတု တိုင်သည့်အထိ
စိတ်၏ချမ်းသာခြင်း၊ လူ၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းများဖြင့်
ရွှေလက်တွဲနိုင်ကြပါစေလို့ မမဆုမွန်ကောင်းတောင်းပေးပါတယ်နော်..."

အခုချိန်ဆိုရင်တော့ မောင်နွေမုန်တိုင်းနဲ့ ညီမလေးနန်းတို့လဲ နှစ်ဖတ်သောမိဘတွေ ခြံရံပြီးတော့ ဟိုတယ်ခန်းမတစ်နေရာမှာ သွားစိလို့မရအောင် ရယ်ပြပျော်ရွှင်နေရလောက်ပြီပေါ့... အထူးသဖြင့် မောင်လေးနွေမုန်တိုင်းကတော့ သွားကိုစိမှာမဟုတ်ဘူး... ကျွန်မလဲ ဒီပို့စ်ကိုရေးရင်းနဲ့ မုဒိတာပွားမိပါတယ်... ဟိ ဟိ... ကျွန်မရဲ့လက်ဖွဲ့ကတော့ သူတို့လေးတွေကို ကျွန်မမြန်မာပြည် ပြန်ရောက်မှပဲ လက်ဖွဲ့တော့မယ်... အခုတော့ မောင်လေးနဲ့ညီမလေးကို လေလက်ဖွဲ့လေးအကြီးကြီးပဲ လက်ဖွဲ့လိုက်ပါတယ်နော်... ကဲ... မစွံကြသေးတဲ့ မောင်မောင်ဂေါ်မစွံတို့ ကိုကိုဂေါ်မစွံတို့လဲ မြန်မြန်လေး ဂေါ်စွံနိုင်ကြပါစေ လို့တစ်ခါထဲ ဆုတောင်းပေးလိုက် ပါတယ်နော်... ဒါမှ မြန်မြန်စားရမှာ... အခုစာရေးနေရင်းနဲ့ သူငယ်ချင်းတွေက ကျွန်မကို ကျွန်မအလှည့်ကရော ဘယ်တော့လဲလို့ မေးလို့ တစ်ခါထဲပဲ ရေးလက်စနဲ့ ဖြေလိုက်မယ်နော်... ကျွန်မအလှည့်ရောက်ဖို့က ကြာပါဦးမယ်ရှင်... စားဖို့စောင့်နေသူများ စိတ်ရှည်ရှည်နဲ့ လည်ပင်းရှည်ရှည်ဖြစ်ဖို့ လိုအပ်ပါတယ်... ဟီး... ကျွန်မက နောက်ကားလေးတွေ ဖြစ်တဲ့ မောင်ငယ်လေးတွေ ညီမငယ်လေးတွေ မင်္ဂလာဆောင်မှာ လိုက်စားပြီးမှပဲ ကိုယ့်အလှည့်ရောက်ဖို့ တော်တော်လေး စဉ်းစားယူရဦးမယ်... ဟဲ... ဟဲ... မောင်လေးနဲ့ညီမလေးတို့ သာယာသော မိသားစုဘ၀လေး ပိုင်ဆိုင်နိုင်ပါစေ...
Read more...

ပန်းရွှေဝါပိတောက်

| | 2 comments

ပင်လုံးကျွတ် ဖူးပွင့်ဝေစီ
ပန်းရွှေဝါပိတောက်ဖူးချိန်တန်ပြီမို့
မွှေးရနံ့ရယ်ထုံ
ကြိုင်ကြိုင်ရယ်လှိုင် ပွင့်ဖူးလိုက်ပုံများ
သြော်... မြင်သူတကာ ငေးရလောက်ပါတဲ့
ရှာမှရှားတဲ့ အလှပေတကား...။

ဝါရည်လူး ရွှေအဆင်းရယ်နှင့်
မြစိမ်းရောင် သွေးကြောယှက်ဖြာလို့
အလှတွင် အယဉ်ဆင့်ပါတဲ့
သြော်... မြင်သူတကာ ငေးရလောက်ပါတဲ့
တင့်လှပေစမ်း...။

ပန်းပိတောက်ဝါတို့
သော့သော့နှင်
နွေလေရူးနဲ့
လေညင်းဆင်

လေနှင်ရာ ယိမ်းအနွဲ့မှာ
ကလိုက်ပုံများ

သြော်... မြင်သူတကာ ပြောစမှတ်ပြုလောက်ပါတဲ့
နွဲ့ချက်ရယ်နှောင်း။

(ကြယ်စင်နတ်သမီး)
Read more...

သင်္ကြန်အတွေး

| | 0 comments


အတာနှစ်ကူး
ဂိမ္မာန်ဦးမို့

ဆုမွန်ကောင်းတောင်း

မြတ်ဆုပန်ခြွေ
ပေါင်းစုံမိတ်တင်္ဂဟ

ရွှင်လန်းချမ်းမြေ့စေ...
(ကြယ်စင်နတ်သမီး)

သူငယ်ချင်းများ ပျော်စရာ အတာသင်္ကြန်မှာ ကြည်နူးပျော်ရွှင်နိုင်ပါစေလို့ ဒီဘလော့ဒ်ထဲကနေပဲ ဆုတောင်း ပေးလိုက်ပါတယ်နော်... တစ်နှစ်ကူးလို့ တစ်နွေလဲ ပြန်ရောက်လာခဲ့ပြီပေါ့... ရင်ထဲက ဝေဒနာတွေကတော့ အဟောင်းကနေ အသစ်ဖြစ်သွားနေတုန်းပဲ...


သြော်... ဘာလိုလိုနဲ့ တစ်နှစ်တောင် ရှိသွားခဲ့ပြီပေါ့... အချိန်ဆိုတာ မျက်စိတမှိတ်လေးအတွင်းမှာ ကုန်ဆုံးသွားလိုက်တာ ဘာမှတောင် သိပ်မကြာလိုက်သလိုပါပဲလေ... မနှစ်က ဒီအချိန်ပေါ့ သူနဲ့ကျွန်မ စတင်စုံစည်းခဲ့တာ... အတာကို ကြိုဆိုပြီး သင်္ကြန်မိုးတွေနဲ့အတူ သူနဲ့စုံစည်းမှု့ကို သကြားမင်းကြီး ကိုယ်တိုင် ဖန်ဆင်းပေးခဲ့သလားလို့တောင် ထင်ခဲ့မိတာ... ဒါတွေက ပြီးခဲ့ပြီပဲလေ... နှောင်းအတိတ်ဆိုတာ ပြန်ပြီးတော့ စဉ်းစားစရာ မကောင်းတဲ့ အထဲမှာ သူလဲပါတယ်တဲ့... မေ့ချင်ပါပြီ အဲဒီ အတိတ်ဆိုး အိမ်မက်ဆိုးတွေကို... ဝေးလွင့်ချင်ပြီ အဲဒီ အတိတ်ဆိုး အိမ်မက်ဆိုးတွေနဲ့... ဟော... ပြောရင်းနဲ့ သင်္ကြန်သီချင်းတွေ ရေလောင်းသံတွေကို ကြားရတော့ အတိတ်ဟောင်းကို ပြန်ရောက်သွားပြန်ပြီ... "ဗွမ်း" ဆိုတဲ့ ရေလောင်းသံတွေ ကိုမကြားချင်တော့ပါဘူး... ဒီအသံတွေနဲ့ စတင်ရင်းနှီးခဲ့တာလေ... မုန့်လုံးရေပေါ်ကိုလဲ မစားချင်တော့ဘူး... ဒီစကားလုံးတွေနဲ့ စတင်သိကျွမ်းခဲ့တာလေ... ဒါတွေကို မေ့ထားလိုက်ချင်ပြီ... မေ့လဲမေ့ထားသင့်ပြီလို့ ထင်တယ်လေ... ဘယ်လောက်ပဲ ရုပ်ဆိုးအကျည်းတန် ဖြစ်ရပ်တွေပဲ ရှိခဲ့ရှိခဲ့ ချစ်စရာကောင်းတဲ့ အတာတန်ခူးကိုတော့ မေ့မရနိုင် မုန်းမရနိုင်တာ အမှန်တွေပါ... အတိတ်ဆိုး မှောင်ရိပ်ဖုံးထားတာတွေကို ကင်းစင်အောင် အတာရေနဲ့ ဆေးကျောပရစေတော့ ... နှောင်းအတိတ်ရဲ့ မလှပတဲ့ ဇာတ်လမ်းတွေကို မေ့ပျောက်ပြီး လှပနုပျိုတဲ့ နှစ်သစ်လေးနဲ့ စတင်ချင်တယ်... ပန်းရွှေဝါ ပိတောက်တို့နဲ့ အတူနှစ်သစ်လေးကို ကြိုဆိုလိုက်တယ်... တူးပို့ တူးပို့ သံစဉ်တွေနဲ့ စတင်ပြီး ပျော်စရာအတိပြီးတဲ့ ကမ္ဘာလောကကြီးကို ခြေလှမ်းအသစ်တွေနဲ့ လျှောက်လှမ်းတော့မယ်... နေခဲ့တော့ အတိတ်ငယ်ရေ... မဆုံစည်းနိုင်တဲ့ မျဉ်းပြိုင်နှစ်စင်းလိုလဲ ဖြစ်ခဲ့ပြီလေ... ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့ လမ်းတွေကို ကိုယ်စီကိုယ်စီ လျှောက်လှမ်းဖို့ ရွေးချယ်ပြီးကြပြီပဲ... ပြန်ဆုံဖို့ အခြေအနေ ပေးလာရင်တောင် လက်ပြနှုတ်မဆက်ကြေးနော်... ငါတို့နှစ်ယောက်ကြားမှာ မုန်းတီးမှု့လဲ မရှိဘူး... သံယောဇဉ် နှောင်တွယ်မှု့ဆိုတာလဲ မရှိဘူး... တစ်ခါမှ မသိဖူးသေးတဲ့ လူတွေလိုပဲပေါ့... နောက်ဆုံးအနေနဲ့ စတင်မှု့ဖြစ်ပေါ်ခဲ့တဲ့နေ့မှာပဲ နှုတ်ဆက်လိုက်ပါတယ်... ပျော်ရွှင်သောဘ၀ကို ပိုင်ဆိုင်နိုင်ပါစေလို့ သင်္ကြန်မိုးနဲ့အတူ...
Read more...

အိမ်အသစ်လေး

| | 4 comments

အင်္ကျီအသစ်လေးဝတ်ပြီး အိမ်အသစ်တတ်ပွဲကို စားစရာတွေနဲ့ ဘော်ဘော်တွေကို ဧည့်ခံလိုက်တယ်နော်... အားရပါးရသာ ၀ါးပေတော့... အားမနာနဲ့နော်... အားနာတဲ့သူ ဘာမှမစားရပဲနဲ့ ပြန်သွားရမှာဆိုးလို့ပါ... ဟိ ဟိ... အခုလောလောဆယ်တော့ သူငယ်ချင်းလေးတွေကို အစားတွေနဲ့ပဲ ဧည့်ခံလိုက်တယ်နော်... နောက်မှပဲ ကဗျာတွေနဲ့ ဧည့်ခံတော့မယ်... မုန့်လေးတွေကတော့ စားကောင်းမယ်လို့တော့ ထင်တာပဲ... ကိုယ်ကြိုက်တာလေးတွေကို ရွေးစားသွားလို့လဲ ရပါတယ်နော်... ကြိုက်တာစား... အ၀တီးနော်...

ဒါလေးက Greentea Custard မုန့်...

ဒါလေးက Raspberry ပူတင်း...

ဒါလေးက သရက်သီးပူတင်း...

ဒါလေးက ချောကလက်ရေခဲမုန့်...

ဒါလေးက ပေါင်မုန့်ရေခဲညှပ်...

ဒါလေးက သီးစုံရေခဲမုန့်...
လာရောက်အားပေးတာ ကျေးဇူးကမ္ဘာပါပဲရှင်... အဲ... အချိုတွေစားပြီး ချောင်းဆိုးရင်တော့ ကြယ်စင်အပြစ် မဟုတ်ဘူးနော်... လိုလိုမယ်မယ် အိမ်ကအပြန်တော့ ချောင်းဆိုးပျောက်ဆေးလေး ၀ယ်သွားဦးနော်... မေ့သွားမှာဆိုးလို့... သတိပေးတာ... ဟီး...

Read more...