အဖြူရောင်ချစ်ခြင်း

| | 1 comments


ကမ္ဘာမြေကြီးနဲ့မိုးကောင်းကင်ပေါ်မှာ
အချစ်ပုံရိပ်တွေရှိနေသမျှ♥♥♥
သစ်ပင်ပန်းပွင့်နဲ့လေပြေလေညှင်းတိုင်းမှာ
အချစ်ရနံတွေရှိနေသမျှ♥♥♥
ကမ်းစပ်နဲ့ရေပြာလှိုင်းတွေကြားမှာ
အချစ်သံစဉ်တွေရှိနေသမျှ♥♥♥
အတုအယောင်မေတ္တာဆိုတာ
ကျွန်မရင်၌ဖြစ်ပေါ်လိမ့်မည်မဟုတ်♥♥♥
အတွေးနဲ့စိတ်ကူးပုံရိပ်တွေတိုင်းမှာ
မွန်မြတ်သန့်စင်တဲ့ချစ်ခြင်းတွေနဲ့
ကျွန်မစိတ်သည်
ချစ်သူ၏အနီးတွင်ရှိလိမ့်မည်♥♥♥
ချစ်သူရေ...
မင်းသာထာဝရမဟုတ်ခဲ့ရင်
ကျွန်မဘ၀ဟာ
လရောင်ဆမ်းသောပန်းငယ်လို
အဓိပ္ပာယ်ဆိုတာ ဘယ်မှာရှိတော့မလဲ♥♥♥

(ကြယ်စင်နတ်သမီး)

(တစ်စုံတစ်ယောက်အတွက် ရည်စူးရေးထားတာပါ... သူ့အတွက် ကျွန်မရဲ့"ချစ်သူများနေ့" အမှတ်တရ ကဗျာလက်ဆောင်လေးပါ... St. Valentine's Day မှာချစ်သူတိုင်း ပျော်ရွှင်ကြည်နူးနိုင်ပါစေ...)
Read more...

အမှတ်တရလေးပါ

| | 1 comments


ချစ်သူများနေ့ ကလက်တစ်ကမ်းမှာ ရောက်နေပြီ... ကဲ... ကောင်လေးတွေက ကောင်မလေးတွေကို ဘာလေးတွေပေးမှာလဲ ဆိုတာစဉ်းစားနေရပြီပေါ့... ကောင်မလေးတွေကလဲ သူတို့ချစ်သူ ဘာပေးမလဲဆိုတာ ရင်ခုန်စွာစဉ်းစားနေကြပြီပေါ့... ချစ်သူများနေ့မှာ အဓိကချစ်သူတွေက နှင်းဆီပန်းရယ်... ချောကလက်ရယ်... အရုပ်လေးတွေပေးတတ်ကြပါတယ်... ဒီအချိန်ဆို ကျွန်မတို့စီမှာ နှင်းဆီပန်းက ဈေးခေါင်ခိုက်နေပြီလေ... နှစ်တစ်နှစ်လုံးရဲ့ ပန်းဈေးအကြီးဆုံး အချိန်ပေါ့... နှင်းဆီပန်းထဲမှာ အပွင့်ကြီးကြီး ရိုးတံရှည်ရှည် ဆိုရင်အော်ဒါကြိုမှာရသလို ဈေးကလဲကောင်းပါ့... ဈေးကောင်းသလို လက်ရာလေးတွေကလဲ ချစ်စရာကောင်းပါတယ်ရှင်... ပိုက်ဆံပေးရတာနဲ့တန်အောင် ချစ်သူကောင်မလေးတွေရဲ့ စိတ်ကျေနပ်မှု့ကို ရပါတယ်... ကဲ... ကျွန်မကလဲ သူငယ်ချင်းတွေကို ချစ်သူများနေ့အမှတ်တရ လက်ဆောင်လေးတွေ ပေးမယ်နော်... အရင်ဆုံး ချောကလက်လေးတွေစားနော်...




ပြီးရင်... ကြိုက်တဲ့ပန်းလေးတွေယူကြပါ... ကြိုက်တာယူနော်... အားမနာနဲ့... White Lily ကတော့ ကျွန်မအကြိုက်ဆုံးပန်းမို့လို့ ထည့်ထားတာပါ...
သူငယ်ချင်းများကျေနပ်ကြမယ်လို့ထင်ပါတယ်ရှင်... ပျော်ရွှင်ဖွယ် "ချစ်သူများနေ့" ကိုသူငယ်ချင်းအားလုံး ပိုင်ဆိုင်နိုင်ကြပါစေ...


Read more...

မိန်းမတို့မည်သည်

| | 3 comments


"မိန်းမတွေနဲ့ ပတ်သတ်လာရင် ပညာအရှိဆုံးဆိုသူတွေတောင် မိမိကိုယ်ကို အရူးအဖြစ်ခံယူကြတယ်၊ ယောက်ျားတွေနဲ့ ပတ်သတ်လာရင်တော့ အမိုက်မဲဆုံး မိန်းမတွေတောင် အသိဥဏ်မမဲ့ကြဘူး"
(သီအိုဒိုလိုက်)


"မိန်းမ မျက်ရည်ဟာ အသံမထွက်တဲ့ ဟောပြောချက်ပဲ"
(ဖလက်ဖျာအင်ပိုးမွန်)


"မိန်းမတစ်ယောက်ဟာ လောကရဲ့ လူ့ဘ၀နဲ့ အလှတရားကို သိရှိနားလည်လို့ရှိရင် ယောက်ျားကို လုပ်ကျွေးပြီး ပျော်ရွှင်စေရမယ်"
(ဖရက်ဒရီကာဖရီးမာရီ)


"လောကရှိ ကောင်းမြတ်တဲ့အရာ အကောင်းဆုံးတွေထဲမှာ ဇနီးမိန်းမကောင်းလည်း ပါတယ်"
(ဆင်နိုမိုက်)


"မိန်းမသည် ကျူပင်နှင့်တူ၏။ ကျူပင်သည် လေပြည်လေညှင်း တိုက်ခတ်ရုံနှင့် ယိမ်းနွဲ့တတ်၏။ သို့သော် မုန်တိုင်းတိုက်သော်မှ မကျိုးပြတ်ချေ"
(၀ှိက်တလီ)


"ယောက်ျားတစ်ယောက်ရဲ့ အချစ်ဟာ သူ့ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ မိန်းမတစ်ယောက်ရဲ့ အချစ်ကတော့ သူ့ဘ၀တစ်လျှောက်လုံး အတွက်ဖြစ်တယ်"
(ဘိုင်ရွန်)


"အိမ်သည် မိန်းမပျို၏ အကျဉ်းထောင် ဖြစ်၍၊ အိမ်ရှင်မအတွက် အလုပ်စခန်းဖြစ်သည်"
(ဘားနဒ်ရှော့)


***("မိန်းမတို့ဣဒြေ္ဒရွှေပေးလို့မရ" 'သုတေသီဘုန်းမြင့်သွေး' ရေးသောစာအုပ်ထဲမှ ကောက်နှုတ် ဖော်ပြပေးတာပါ။)
Read more...

အချစ်ဆိုသောအရာ

| | 6 comments


♥♥♥အချစ်♥♥♥
အချစ်ဆိုတာဘာလဲ...?
အလွန်နားလည်ရခက်တဲ့အရာပဲ♥♥♥
ပေးဆပ်ခြင်းလား...?
စွန့်လွှတ်ခြင်းလား...?
ဒါတွေလဲမဟုတ်ပါဘူး♥♥♥
ကိုယ်တကယ်ချစ်လာပြီဆိုရင်
ကိုယ့်ချစ်သူကို
ဘယ်သူကလက်လွှတ်ချင်ပါ့မလဲ♥♥♥
ရယူခြင်းလား...?
ပိုင်ဆိုင်ခြင်းလား...?
ဖြစ်နိုင်ပါတယ်
ဘယ်သူမဆို ကိုယ့်ချစ်သူကို
ရယူပိုင်ဆိုင်လိုစိတ်ရှိကြတာကြီးပဲ♥♥♥
ဒါဆို
♥♥♥နားလည်မှု့တွေ♥♥♥
♥♥♥ယုံကြည်မှု့တွေ♥♥♥
♥♥♥သံယောဇဉ်တွေ♥♥♥
မပါဘူးလား...?
ဒါတွေလဲ ပါတာပေါ့♥♥♥
တကယ်တော့
အချစ်ဆိုတာ
အလွန်နူးညံသိမ်မွေှ့တဲ့
♥♥♥စိတ်ခံစားမှု့ပါ♥♥♥

(ကြယ်စင်နတ်သမီး)

(ဒါကတော့ ကျွန်မအမြင်ပေါ့နော်... လူတိုင်းကအချစ်ကို သူတို့ကိုယ်ပိုင်ခံစားချက်နဲ့ ဖွင့်ဆိုကြတာကြီးပဲ... တစ်ယောက်နဲ့တစ်ယောက် အမြင်တွေ မတူနိုင်ကြပါဘူး... ပညာရှိတွေတောင် အခုအချိန်ထိ အချစ်ဆိုတဲ့ အဓိပ္ပာယ်ကို တိတိကျကျ တစ်ယောက်မှဖွင့်ဆိုနိုင်ခြင်း မရှိသေးပါဘူးတဲ့...)
Read more...