မိုးနဲ့အတူ

| | 0 comments

ဆွတ်ပျံ့စိုစွတ်တဲ့ မိုးရေရဲ့အထိအတွေ့ကြောင့်ဖူးပွင့်လာတဲ့ ရာသီပန်းလေးတွေဟာလည်းရွှေပျား၊ ပိတုန်းငယ်တို့ရဲ့ နမ်းရှိုက်မှု့ကိုမျှော်လင့်နေကြလေရဲ့♥♥♥အေးမြကြည်နူးခြင်းအပြည့်ပေးစွမ်းနိုင်တဲ့မိုးရေတွေရဲ့အလယ်မှာမင်းနဲ့ဒို့ တစ်ဦးနဲ့တစ်ဦးအချစ်သင်္ကေတမျှော်လင့်ချက်လေးတွေဖလှယ်ခဲ့ကြတယ်လေ♥♥♥နွေးထွေးမှု့အတိပေးစွမ်းနိုင်တဲ့မင်းရဲ့ရင်ခွင်ကြောင့်ဒို့ရဲ့အနာဂတ်မျှော်လင့်ချက်အချစ်ကမ္ဘာလေးရှင်သန်နိုးထလာခဲ့တာမိုးရာသီတွင်းမင်းရဲ့ယု့ယမှု့ရင်ခွင်တွင်းမှာပဲပေါ့♥♥♥ရာသီအလိုက်ပန်းလေးတွေအမြဲတမ်းဖူးပွင့်နေကြသလိုမင်းရဲ့အချစ်အနမ်းလေးတစ်ပွင့်ဟာလည်းဒို့အတွက် မိုးရေရဲ့အထိအတွေ့ကြောင့်ဖူးပွင့်လာတဲ့ပန်းလေးတွေရဲ့မျှော်လင့်ချက်လေးတွေပြည့်စုံမှု့အတိ ရရှိသွားသလိုပါပဲချစ်သူရယ်♥♥♥♥♥♥(ကြယ်စင်နတ်သမီး)...
Read more...

ကျွန်မရဲ့အပျင်းကြီးသောတစ်နေ့တာ

| | 0 comments

ဖျောက်... ဖျောက်... ဖျောက်..."ဆိုတဲ့ အသံလေးက နားထဲကို ညင်သာစွာ ဝင်ရောက်လာပါတော့သည်... အင်း... မိုးရွာနေပြီပဲ... မျက်စိက မပွင့်ချင်ပွင့်ချင်နဲ့ ပွင့်လာပြီး နာရီလှမ်းကြည့်တော့ မနက် ၇ နာရီပဲရှိသေးတယ်... ဒီနေ့တော့ အလုပ်ပိတ်ရက်ဆိုတော့ အေးဆေးနှပ်မယ်ပေါ့ဆိုပြီး ဆက်ကွေးမလို့ဟာ ခေါင်းထဲကို အသိဥာဏ်တစ်ခု ဝင်လာတယ်... အား.... ဒုက္ခပဲ... ကားမှန်ပိတ်ဖို့ မေ့နေတယ်... အိပ်ရာပေါ်က ကမန်းကတန်းထ ကားသော့ကောက်ကိုင် တံခါးဖွင့်ပြီး အပြင်ဘတ်ကို ပြေးထွက်လိုက်တော့ မိုးက တော်တော်သည်း နေတာပြီကိုး... အဲဒါနဲ့ အိမ်ထဲတခေါက်ပြန်ဝင်ပြီး ထီးယူနေတုန်း မိုးကခြိန်းသေးတယ်... ဘုရားတပြီး အပြင်ပြန်ပြေးထွက်... ထီးဖွင့်... ကားဆီပြေးသွား... ကားမှန်အမြန်ပိတ်... ကူရှင်တွေကို ကြည့်လိုက်တော့ မိုးရေတွေ စိုလို့... ဘယ်အချိန်ထဲက ရွာနေလဲမသိတဲ့မိုး...
Read more...

အနမ်းမဲ့တဲ့ပင်လယ်ပြင်

| | 0 comments

လရောင်မဲ့တဲ့လမိုက်ညမှာလေညှင်းနဲ့အတူလရောင်ရဲ့အနမ်းကိုမျှော်လင့်နေရှာတဲ့ပင်လယ်ရေပြင်ပြာလေးကတော့ဒဏ္ဍာရီဆန်ဆန်လွမ်းပုံပြင်တပုဒ်လိုပါပဲလား ☆☆☆ဘယ်ဆီသောင်ကမ်းပြေးပုန်းနေလဲမသိတဲ့ လမင်းရေကိုယ့်ရဲ့အလွမ်းတွေ ပြေပျောက်ဖို့လရောင်ရဲ့အနမ်းတချက်တိုးဝေ့လိုက်မှသာ ☆☆☆အနမ်းမဲ့တဲ့ပင်လယ်ပြင်မှာကြယ်စင်တွေပျောက် အလင်းခလို့ဆံနွယ်တဝှေ့လေပြေကျီစယ်လိုက်မှကိုယ်ရဲ့အလွမ်းတွေပြေလျော့တော့မည်သာ ☆☆☆အလွမ်းတွေပြေရော့ဖို့အတွက်မင်းရဲ့အနမ်းတချက်တိုးဝေ့ချိန်လေးကိုစောင့်မျှော်ပါရစေချစ်သူရယ် ☆☆☆☆☆☆(ကြယ်စင်နတ်သမီး)...
Read more...