love

| | 2 comments


♥♥♥ My Love ♥♥♥
♥♥♥
from the time to times
our love can be strong as our passion ♥♥♥

♥♥♥ from the day to days
our love can be deep as the ocean ♥♥♥
♥♥♥ from the month to months
our love can be height as the mountain ♥♥♥
♥♥♥ from the year to years
our love can be eternal ♥♥♥
♥♥♥ from the beginning to the end
we are meant to be each other
♥♥♥

(ကြယ်စင်နတ်သမီး)
Read more...

လွမ်းတေး

| | 0 comments


တစ်ဘ၀တာအတွက်
ရည်စူးချစ်ခဲ့ပြီးမှ
မတိုက်ဆိုင်မှု့တွေနဲ့
လက်တွဲဖြုတ်ခဲ့ကြလို့
မင်းကိုငါဘယ်လိုမေ့ရမှာလဲ ♠♠♠ ချစ်သူ ♠♠♠

ဟန်ဆောင်အမုန်းရဲ့
ကန့်လန်ကာနောက်ကွယ်မှာ
ဖြူစင်တဲ့ချစ်ခြင်းဆိုတာ
ရှိနေသေးသမျှ
မင်းကိုငါဘယ်လိုမုန်းလို့ရမှာလဲ ♠♠♠ ချစ်သူ ♠♠♠

ဟားတိုက်ရယ်မော
လှောင်ရယ်သံတွေကြားမှာ
ငါ့အတ္တဆိုတာလဲမရှိ
ငါ့မာနဆိုတာလဲမရှိ
ရာသီတွေဟောင်းလို့
ရက်တွေပြောင်းသွားသည့်တိုင်
မင်းကိုတစ်နေ့မှမေ့မရ
သတိရဆဲပါ ♠♠♠ ချစ်သူ ♠♠♠

ဒီဘ၀မဟုတ်တာတောင်
နောင်ဘ၀ဆိုတာရှိခဲ့ရင်
မင်းနဲ့ပြန်ဆုံချင်သေးတယ်
♠♠♠ ချစ်သူရယ် ♠♠♠
(ကြယ်စင်နတ်သမီး)

Read more...

ချစ်သူငယ်ချင်းများသို့

| | 0 comments



"ငယ်ကအချစ်ဦး အနှစ်ဦးမို့ အနှစ်တစ်ရာ မမေ့သာ" တဲ့... "ငယ်ကသူငယ်ချင်းကောင်း အနှစ်တစ်သောင်း မမေ့စကောင်း" လို့ပြောချင်တယ် သူငယ်ချင်းတို့ရယ်... ငယ်ကသူငယ်ချင်းတွေကို အဝေးမှာရောက်နေပေမဲ့ ဒီနေ့ဒီအချိန်ထိ မေ့မရသတိရဆဲပါ... တို့တွေ တာဝန်ကိုယ်စီနဲ့ ကိုယ့်ဘ၀ကိုယ် လျှောက်လှမ်း နေကြတဲ့အချိန်မှာ ... အချိန်တွေကိုသာ ပြန်ပြောင်းလို့ရမယ်ဆိုရင် အရမ်း ပျော်စရာ ကောင်းတဲ့ ခုနှစ်တန်းကျောင်းသူဘ၀ကို ပြန်လိုချင်မိတယ်... သူငယ်ချင်းတို့ရေ... တို့တွေမိုးရေထဲမှာ ထီးတွေပါရဲ့ သားနဲ့ ပိတ်ထားပြီး မိုးရေတွေ ချိုးခဲ့ကြတာတွေ... မုန့်တီစားပြီးတိုင်း မုန့်လင်မယားစားချင်လို့ တကူးတက တောင်ဥက္ကာထိတောင် လမ်းလျှောက်ပြီး သွားဝယ် စားခဲ့တာတွေ... ဆရာမအိမ်သွားရင်းနဲ့ သူများအိမ်က ပန်းလိုချင်တော့ ထီးတွေနဲ့ လှမ်းပစ်ပြီး ပန်းတွေခြွေချခဲ့တာတွေ... ခရေပန်းပင်အောက်မှာ သူအပြိုင် ကိုယ်အပြိုင် ပန်းတွေ ကောက်ခဲ့တာတွေ... ဆောင်းရာသီရောက်ရင် မနက်အစောကြီး အင်းယားကန်စောင်းမှာ ထပြေးခဲ့တာတွေ... ကြက်တောင်ရိုက် ခဲ့တာတွေ... လေးတန်းအစိုးရစစ်စာမေးပွဲမို့လို့ ဆရာမက အိမ်ခေါ် ညသိပ်ပြီး စာသင်ပေးခဲ့တဲ့ အချိန်... ဆရာမသုတ်ကျွေးတဲ့ လက်ဖတ်သုတ်တွေကို တို့တွေ အလုအယှက် တစ်ပျော်တစ်ပါးစားခဲ့တဲ့ အချိန်တွေကို ပြန်တမ်းတမိပါရဲ့ကွာ... တို့တွေမူကြိုဘ၀ထဲက လည်ပင်းဖတ်ပြီး ကြီးပြင်းလာကြတဲ့ သူငယ်ချင်းညီအစ်မ တွေပေမဲ့ တစ်ကယ့်ညီအစ်မ တွေထက်တောင် ပိုချစ်ခဲ့ကြတယ်နော်... တို့တွေအခုချိန်မှာ ဝေးနေကြပေမဲ့... နောင်တစ်ချိန်မှာ ပြန်စုံစည်းဖို့အတွက် တို့ကြိုးစားနေစဲပါ သူငယ်ချင်းတို့ရယ်... အခုတော့ သူငယ်ချင်းတို့ရေးလိုက်တဲ့ စာတွေရယ်... ဖုန်းထဲက ကြားရတဲ့ အသံလေးတွေရယ်နဲ့ပဲ အလွမ်းစိတ်တွေ ဖြေဖျောက် နေရတုန်းပေါ့... (ကံမကောင်းစွာနဲ့ သူငယ်ချင်းများထဲမှာ တစ်ယောက်ထဲ ခွဲထွက်ခဲ့ရတဲ့ တို့ကို နှစ်ပေါင်းများစွာ ကြာခဲ့သည့်တိုင် စာတွေရေးနေသော... ဖုန်းတွေပြောပေးသော... မြန်မာပြည်မှာ ကျန်ခဲ့တဲ့ ချစ်သူငယ်ချင်း (၇) ယောက်အတွက် အမှတ်တရ)... "Friendship Last Forever"
Read more...

တိတ်တခိုးအချစ်

| | 0 comments


ချစ်သူ♦♦♦
ရင်တွင်းတစ်နေရာ♦♦♦ သိမ်းဆည်းထားသည့်
ဤချစ်စကား♦♦♦ မသိသော်ငြား
ဖွင့်ပြောရန်ခက်♦♦♦ မိန်းမသားဘဝ
မုန်းမိပါသည်♦♦♦

ချစ်သူု♦♦♦
တစ်ဖတ်သတ်အချစ်♦♦♦ ဆိုးရွားလှ၍
ဆုတ်လည်းဆူးဆူး♦♦♦ စားလဲရူးလို့
ရင်ပွင့်မတတ်
ချစ်ရပါသည♦♦♦

ချစ်သ♦♦♦
မသိယောင်ဆောင♦♦♦ မမြင်တာလား
ဥပေက္ခာစကား♦♦♦ အသည်းကြွေမတတ်
ငိုကြွေးခဲ့ရပါသည်♦♦♦

ချစ်သူ♦♦♦
ချစ်မေတ္တာမိုး♦♦♦ စွေကာသွန်းဖြိုး
ထို့ပေမယ့်လဲ
တိတ်တခိုးနှင့်♦♦♦ ရင်တွင်းတစ်နေရာ
သိမ်းဆည်းထားလိုက်တော့မည်♦♦♦

(ကြယ်စင်နတ်သမီး)
Read more...

အချစ်ကဗျာ

| | 0 comments


♥♥♥နိဒါန်းအစ
ခင်မင်ခဲ့ရ
သံယောဇဉ်ကြိုး
ရစ်ပတ်နှောင်ငင်
တွယ်တာခဲ့ပြီ။♥♥♥

♥♥♥ချစ်သူဘဝ
အလယ်က
ချစ်၊ဆိုး၊ကောက်၊ချော့
သံသရာ (၄)မျိုး
တ၀ဲလည်လည်
မြတ်နိုးစွာ
ဖြတ်သန်းတုန်း။♥♥♥

♥♥♥အချစ်နိဂုံး
အလှပဆုံး
အမုန်းမပါ
မေတ္တာကမ္ဘာ
တူယှဉ်လက်တွဲ
တစ်သက်မခွဲ
လျှောက်လှမ်းချင်သည်။♥♥♥

(ကြယ်စင်နတ်သမီး)
Read more...