တစ်ချိန်က

| | 1 comments




အချစ်တစ်ခုမှာ... နှစ်ဦး နှစ်ဖက် ချစ်နေမှ… ရည်းစား ဖြစ်နေမှ ချစ်ခွင့် ရှိနေတာ မဟုတ်ပါဘူး... နှလုံးသားက တစိမ့်စိမ့် မြတ်နိုးနေပြီး... အတူရှိခဲ့ဖူးတဲ့ အချိန်တွေကို တမ်းတရင်း... ကျေနပ်ပြီး… စွန့်လွှတ်စွာ ချစ်ခဲ့တဲ့ ရင်ခွင်တစ်ခုရဲ့ဆန္ဒဟာ.... ချစ်နေရရုံလေး သာဆိုရင်…
ကောင်လေးရေ…
မင်းနဲ့ငါ ချစ်ခဲ့ကြတဲ့ နေ့ရက်တွေကို ငါပြန်တမ်းတ နေပါတယ်... ငါ့နားမှာ သိပ်ချစ်ရတဲ့ မင်းက မရှိပေမဲ့...
မျက်ရည်တွေက မိုးနဲ့အပြိုင် အဖော် ပြုပေးနေလေရဲ့... အခု ငါတစ်ယောက်တည်း မိုးထဲမှာပါ... ငါ့မျက်ရည် တွေလည်း မိုးနဲ့အပြိုင်သည်း နေလေရဲ့... April လရဲ့ မိုးစက်တွေနဲ့ အတူမင်း ငါ့ဘ၀ထဲ ရောက်လာခဲ့တယ်... သူငယ်ချင်း ကနေတဆင့် မင်းနဲ့ငါ ခင်မင်ခဲ့ကြတယ်… မင်းနဲ့ Chatting ထဲမှာ စကားတွေပြောရင်း ငါပျော်တတ် လာတယ်... သူငယ်ချင်းကနေ… ငါတို့တွေ ချစ်သူဘ၀ ကူးပြောင်းပြီး ၂ပတ်အကြာမှာ... ငါနှလုံးသား တစ်ခုလုံး မိုးကြိုးပစ် ခံရသလိုနာကျင်သွားရမယ့် သတင်းတစ်ခု ကြားရမယ်ဆိုတာ ငါကြိုသိမယ်ဆိုရင်... ငါ့ရင်တွေ ကွဲကြေသွားပါစေ... "ချစ်တယ်" ဆိုတဲ့ စကားကို ငါမဖြေမိအောင် ထိန်းသိမ်းမှာပါ... ငါ့ရင်ထဲ ဘယ်လောက်တောင် နာကျင်ရလဲဆိုတာ ငါ့မျက်ရည်တွေ အသိဆုံးပါ... ဒါပေမဲ့... သိသိရက်နဲ့ မင်းအနားက စွန့်ခွာဖို့ ငါမကြိုးစား မိခဲ့ပါဘူး... ငါဟာ မင်းရင်ထဲမှာ ဒုတိယ နေရာကို ပိုင်ဆိုင်ထားတယ် ဆိုတဲ့ အသိကြောင့်ပေါ့ ကောင်လေးရာ… သူများ ရည်းစားလုတဲ့မိန်းမ... လို့နာမည် မတပ်ရုံ တမယ်ရှုံ့ချတဲ့ မျက်ဝန်းတွေရဲ့ ဒဏ်ကို... “ မင်းငါနဲ့ ရှိနေချိန်ဆို ငါပျော်တယ် ” ဆိုတဲ့ မင်းစကားလေး တစ်ခွန်းနဲ့တင်… ငါရင်ဆိုင် နိုင်ခဲ့တာပါ... “ နင့်မှာကြိုက်စရာ ယောကျာ်း ဒီလောက်တောင် ရှားနေလား ” လို့ယူကြုံးမရနဲ့ မေးလာတဲ့ သူငယ်ချင်းတွေရဲ့ မေးခွန်းကိုတော့… ငါ... နှုတ်ဆိတ်နေရုံမှ တပါး ဖြေရှင်းချက် မပေးမိပါဘူး... တကယ်တော့ ငါ့ရင်ထဲမှာ “ မင်းကိုငါ သိပ်ချစ်လို့ပေါ့... ကောင်လေးရယ် ” လို့ ထပ်ကာ ထပ်ကာ ရေရွတ်မိနေလေရဲ့…. ဒီလိုနဲ့ နင်နဲ့ငါ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ခဲ့ကြတယ်နော်... ငါဟာ အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ လူသားတစ်ယောက် ဆိုတာ နင်မေ့နေလား... ကောင်လေးရေ... မင်းရဲ့ မပြတ်သားမှုကို ငါအပြစ် မတင်ရက်ပါဘူး... ငါရဲ့ ရူးမိုက်မှုကိုသာ အပြစ်တင်ရမှာပါ… “ ဒုတိယ ဖြစ်တဲ့သူက... အကောင်းဆုံးရှုံးသူပဲ ” လို့တချို့က ပြောကြတယ်... တကယ်ဆို အားလုံးနဲ့ ဘာမှမကွဲပြားဘဲ အဆုံးသတ် ရလဒ်က အရှုံးပဲလေ... လူတွေ ငါ့ကို ဘယ်လိုပဲ ပြောနေကြပါစေ... ငါခံယူနိုင်ပါတယ်... မင်းအတွက် ငါဟာ... ပထမဆုံး မဖြစ်ခဲ့ပေမဲ့… ပထမဆုံး အဖြစ်တော့ မင်းကို ထားခဲ့ပါရစေ... ချစ်ရတဲ့ ကောင်လေးရယ်… မင်းခေါ်လို့ ၀င်လာခဲ့တဲ့ မင်းဘ၀လေး ထဲက… မင်းမနှင်ပဲ ငါထွက်လာ ခဲ့တဲ့အတွက်… မင်း ငါ့ကို နာကြည်း နိုင်ပါတယ် ကောင်လေးရယ်… မင်းငါ့ရင်ခွင်မှာ လိုအပ်တဲ့အခါ အိပ်စက်နားခို စေချင်မိပါတယ်... မင်းလိုအပ် နေချိန်မှာတောင် မင်းအနားမှာ ရှိနေခွင့် ဆုံးရှံးခဲ့ပြီလေ... ဒါဟာ... ပြစ်ဒဏ် တစ်ခုသာ ဆိုရင်... အဲဒီ ပြစ်ဒဏ်ဟာ... ရူးမိုက်မိတဲ့ ငါ့ နှလုံးသားအတွက်… အချစ်က ဒဏ်ခတ် လိုက်တာလေ… တိုက်ဆိုင်မှု လေလားတော့ မပြောတတ်ပါဘူး... မင်းနဲ့ လမ်းခွဲတဲ့ နေ့မှာ… မိုးတွေလည်း သည်းနေလေရဲ့… မိုးသည်းထဲမှာပဲ… အသည်း လည်းတစစီ ကွဲကြေ နေတယ်... ကောင်လေးရယ်… သူငယ်ချင်းတွေရှေ့မှာ... ငါ ပျော်ပျော် နေပြနိုင်တဲ့ အတွက်… ချီးကျူးတဲ့ စကားတွေ ငါကြားခဲ့ရပါတယ်... ဒါပေမဲ့… ပြုးံနေတဲ့ ငါ့နှုတ်ခမ်းရဲ့နောက်ကွယ်မှာ... ငါ့ နှလုံးသား ဟာ... တစ်စစီ ကွဲကြေနေပါတယ် ကောင်လေးရယ်... ငါ့ရဲ့ နှလုံးသားမှာလဲ မင်းရဲ့ ပုံရိပ်က ထာဝရ တံဆိပ် ခက်နှိပ် ထားတယ်...

Read more...

ပလောပီနံမုန့်စားရအောင်

| | 0 comments

ကျွန်မမေမေသင်ပေးထားတဲ့ ပလောပီနံမုန့်လေးလုပ်စားတဲ့နည်းလေးကို တင်ပြပေးလိုက်ပါတယ်ရှင်... ကျွန်မကတော့ ဘုန်းကြီးကျောင်းအလှူ၊ သူငယ်ချင်းမွှေးနေ့၊ တစ်ခါတစ်လေ သူငယ်ချင်းတွေစားချင်ရင် လုပ်ဖြစ်ပါတယ်... အခုတင်ပြပေးလိုက်တဲ့ ပလောပီနံမုန့်လေးက မြန်မာပလောပီနံမုန့်နဲ့မတူပါဘူးရှင်... တရုတ်မုန့်နဲ့တူပါတယ်... ဒီမုန့်ကိုဘွားဘွားက မေမေ့ကိုသင်ပေးခဲ့သလို မေမေကလဲ ကျွန်မကို သင်ပေးခဲ့ပါတယ်... ကျွန်မတို့နေတဲ့နေရာက ရယ်ဒီမိတ်တွေ အဆင်သင့်ရနေတော့ ကျွန်မကလဲ ရယ်ဒီမိတ်တွေနဲ့ လုပ်တဲ့နည်းလေးပဲ ရေးလိုက်ပါတယ်...


လိုအပ်သည့်ပစ္စည်း----
(၁) ပလောပီနံခြစ်ပြီးသားအထုပ် ၂ ထုပ် (တစ်ဆိုက်ဒ်ထဲသာလာပါသည်။)
(၂) ကြက်ဥ ၅ လုံး
(၃) နို့စိမ်း ၁ ဗူး
(၄) နို့ဆီ ၁ ဗူး
(၅) အုန်းနို့ ၁ ဗူး
(၆) သကြား စားပွဲဇွန်း ၂ ဇွန်း
(၇) ထောပတ် အနည်းငယ်
(၈) ဆား အနည်းငယ်


မုန့်ဖုတ်မည့်ဗန်း ၁၅လက်မ၊ ၈လက်မ ဗန်းကို ထောပတ်အနည်းငယ်ဖြင့် ဘေးပတ်ပတ်လည်နှင့် အောက်ဘတ် ကိုသုတ်ထားပေးပါ..... ပထမဦးစွာ ကြက်ဥကို ဇလုံကြီးကြီးတစ်ခုတွင် ဖောက်ထည့်ကာ ပွလာအောင် ခလောက်ပါ..... ပြီးပါက နို့စိမ်း၊ နို့ဆီ နှင့် အုန်းနို့ တို့ကိုပါဖောက်ထည့်ကာ ကြေညက်စွာ မွှေပါ..... သကြားနှင့်ဆား အနည်းငယ်ပါ ရောမွှေပါ..... ပြီးပါက ပလောပီနံခြစ်ပြီးသား အထုပ်လေးတွေကို ဖောက်ထည့်ပါ..... နှံအောင် ထပ်ခါထပ်ခါ မွှေပေးပါ..... ပြီးပါက ထောပတ်သုတ်ထားသည့် ဗန်းထဲသို့ လောင်းထည့်လိုက်ပါ..... ဖုတ်မည့် မီးဖို(oven)ကို အပေါ်မီးအောက်မီး အပူချိန် ၄၀၀ံ ထား၍ ၅မိနစ်လောက် အပူပေးထားလိုက်ပါ... ထို့နောက် မုန့်ဗန်းကိုထည့်၍ ရွှေဝါရောင်သန်း လာသည်အထိ ဖုတ်ထားပါ..... အချိန်အားဖြင့် ၁နာရီကြာပါမည်..... ရွှေဝါရောင်သန်းလာပါက အပူချိန် ၃၅၀ံ သို့လျှော့ချပြီး ရွှေအိုရောင် သန်းလာသည်အထိဖုတ်ပါ..... ရွှေအိုရောင်သန်းလာလျှင် ဓားဦးဖြင့် မုန့်၏အလည်သို့ ထိုးပြီး ပြန်နှုတ်ကြည့်ပါ..... ဓားပြန်ထုတ်လိုက်လျှင် မုန့်ဖတ်များမကပ်ပဲ ပြန်ထွက်လာပါက မုန့်ဗန်းအားမီးဖိုထဲမှာ ထုတ်လို့ရပါပြီ..... ပြီးနောက် အအေးခံထားလိုက်ပါ..... (ထောပတ်သုတ်ခြင်းသည် မုန့်များဗန်းတွင် မကပ်အောင်ဖြစ်သည်။)
ပလောပီနံမုန့်သည် ချိုလျှင်သိပ်မကောင်းပါ..... စိမ့်မှပိုစားကောင်းပါသည်.....


Read more...