အများသိစေရန်

| | 4 comments

အများသိစေရန် ကျွန်မအကြိမ်ကြိမ် စဉ်းစားပြီးမှ ဒီပို့စ်ကိုရေးခဲ့တာပါ... စာဖတ်သူများ စိတ်အနှောက်အယှက် ဖြစ်သွားခဲ့ရင်လဲ ဒီနေရာမှ ကျွန်မကြိုတင် တောင်းပန်ပါတယ်... ဤဘလော့ဒ်သည် ကျွန်မ၏ ရင်တွင်းတစိတ်တဒေသ ခံစားချက်များကို ရေးသားရာ နေရာသက်သက် ဖြစ်ပါသည်... မည်သူတစ်ဦးတစ်ယောက်ကိုမှ စောင်းမြောင်း နှောက်ယှက်စော်ကား၍ ရေးသားခြင်းမရှိပါ... ထို့အတူ ကျွန်မ၏ စိတ်အနှောက်အယှက် ဖြစ်စေမည့် စာသားများကို ဤဘလော့ဒ်တွင် ရေးသားခွင့်မပြုပါ... နောက်နောင်တွင်လဲ ခွင့်ပြုမည်မဟုတ်... personal ကိစ္စများဖြစ်စေ... ကျွန်မကို မကျေနပ်သည်ဖြစ်စေ... ကျွန်မရေးသားထားသည့် စာများ၊ ကဗျာများအား ဝေဖန်လိုသည်ဖြစ်စေ... ကျွန်မအား ဆက်သွယ်ရန် အီးမေးလ်လိပ်စာ ကျွန်မဘလော့ဒ်တွင် ဖော်ပြထားပါသည်... လာရောက်ဆွေးနွေး တိုင်ပင်နိုင်ပါသည်... သတ္တိမရှိ၍ ကိုယ့်နာမည်အရင်းကို မဖော်ပြပဲ ဖျောက်ဖျတ်ကာ နာမည်လိမ် နာမည်ပြောင်များသုံး၍ လာရောက်ကာ လှောင်ပြောင်မှု့ ပြုခြင်းသည် လူကြီးလူကောင်းများ အလုပ်မဟုတ်ပါ... မကျေနပ်ပါက ပေးထားသော အီးမေးလ်မှ တဆင့်လာရောက် ပြောဆိုနိုင်ပါသည်...

Read more...

ဆွေး

| | 5 comments


ရေခြား၊မြေခြား၊ အနေခြားမို့
ချစ်ရသူက ဟိုးအဝေး
ပျိုမေ့ရင်မှာ
အားငယ်ကာဆွေး•••

တိမ်ခိုးတွေဝေ
မြူနှင်းတွေဆိုင်း
တမ်းတသူ ဒီရင်မှာ
ဆွေးရိပ်တွေမှိုင်း•••

ရက်ကိုလစား၊ လကိုနှစ်စား
ရာသီစက်ဝိုင်း
ပြောင်းကာလည်လဲ
လွမ်းရက်တွေ လက်ချိုးရေလို့
ချစ်ရသူ ဒီရင်မှာ
ဆွေးရိပ်တွေက၀ိုင်း•••

ဝေးကွာမှု့
မိုင်ထောင်သောင်းချီ
ပျို့ရင်မှာ အလွမ်းတွေ
တုနှိုင်းလို့မမှီ

ကြာလေဝေးလို့
သွေ့မှာလဲဆိုး
ဆွေးရသူ ဒီရင်မှာ
လွမ်းရက်တွေ ဒီရေလိုတိုး•••

(ကြယ်စင်နတ်သမီး)
Read more...

ဆံပင်ရှည်ရှည်လေး

| | 0 comments

တစ်လတစ်ခါ သီချင်းတွေ ပြောင်းနေတတ်တဲ့ အကျင့်ရှိတဲ့ ကျွန်မ ဒီတစ်ခါတော့ ထူးထူးခြားခြားလေး ဖြစ်သွားအောင် ဆံပင်ရှည်ရှည်ကြိုက်တဲ့ ကောင်လေးတွေအတွက်ရော... ကောင်မလေးတွေအတွက်ရော... ဆံပင်ရှည်ရှည် သီချင်းလေးတွေကို တင်ပေးထားတယ်နော်... ကျွန်မကိုယ်တိုင်လဲ ဆံပင်ရှည်တွေကို ကြိုက်တယ်... မြတ်နိုးတယ်... ကောင်လေးတွေ ဆံပင်ရှည်တာကို ပြောတာဟုတ်ဘူးနော်... အဲဒါမျိုးကိုတော့ မျက်စိ ဆံစစူးတယ်ပဲ ပြောမလား... ကြည့်လို့ကိုမရဘူး... အမြင်ကတ်လွန်းလို့... ဟီး... ဟီး... မိန်းမတို့ဘုန်း ဆံထုံးလို့ ဆိုရိုးရှိတယ်မဟုတ်လား... ကောင်လေးတော်တော်များများကို တွေ့ဖူးပါတယ်... ဆံပင်ရှည်ရှည် ကောင်မလေးတွေကို တွေ့ရင် ငေးမောနေတတ်တာမျိုး... ဆံပင်ကြီးက အရမ်းလှတယ်ဆိုတာမျိုးလဲ ကြားဖူးပါတယ်... ကဲ... ကိုကို... မောင်မောင်... မမ... ညညလေးတွေ သီချင်းကောင်းလေးတွေကို ခံစားနိုင်ကြပါစေ... ကောင်းမြတ်ရဲ့ သီချင်း၂ပုဒ်ပါတင်ပေးလိုက်ပါတယ်... သူ့သီချင်းတွေက ကောင်းလို့ပါ...

Read more...