ဆန္ဒ၏တစ်စုံတစ်ရာ

| | 4 comments

နှလုံးသားရင်ခုန်သံတချက်က
ဝေဒနာတွေ ဖြစ်ပေါ်စေသတဲ့♥♥♥

အချစ်ဆိုတဲ့အရာတခုက
အလွမ်းတွေကို ဖြစ်ပေါ်စေသတဲ့♥♥♥

အဆိပ်သင့်ပန်းသီးတလုံးကို
စားမိသူ ••• ငါလေ
ရင်မှာဝေဒနာတွေထွေးပိုက်
ဒဏ်ရာတွေအပြည့်နဲ့ပေါ့♥♥♥

မျှော်လင့်စောင့်စားရင်းနဲ့
ချစ်မိသူ ••• ငါလေ
အလွမ်းဝေဒနာတွေ
ရင်မှာအပြည့်ဖြစ်နေပြီလား ♥♥♥ ?

တိတ်တခိုးအတွေးနဲ့
ကြိတ်ပိုးဆွေးရတဲ့
ငါ့ဘဝကို
ဘယ်သူမြင်နိုင်မှာလဲ ♥♥♥ ?

ဟန်ဆောင်ကာ
အလင်္ကာမမြောက်တဲ့
ဂရုဏာရောင်ခြုံအပြုံးတုရဲ့
အမုန်းဆုကိုတော့ မလိုချင်ပါဘူး♥♥♥

အလှမ်းဝေးပေမဲ့
အနမ်းတွေမြေမှာခ
အလွမ်းတွေတော့
မကြွေချင်ဘူးကွယ်♥♥♥

အလွမ်းဇာတ်ဆရာရေ•••
စစ်မှန်တဲ့ချစ်ခြင်းတွေနဲ့
မေတ္တာကိုဆုပ်ကိုင်လို့
ဒဿနတွေကိုဘေးဖယ်
ဥပေက္ခာတွေကင်းကွာတဲ့
တို့နှစ်ယောက်ရဲ့အချစ်ကမ္ဘာမှာ
သံယောဇဉ်ကြိုးနှောင်ဖွဲ့ချင်ပါတယ်♥♥♥

(ကြယ်စင်နတ်သမီး)
Read more...

အလွမ်း၏တမ်းချင်း

| | 4 comments

တရက်၊ နှစ်ရက်
သုံးလေးရက်
အလွမ်းရက်တွေ
လက်ချိုးရေလို့
ပြန်လာလေနိုး
ကိုယ်မျှော်ကိုး♥♥♥

တပတ်အကြာ
ပြန်မလာ
စိုးရိမ်စိတ်တွေ
ကဲလို့သာ♥♥♥

ရာသီစက်ဝန်း
လသို့ယွင်းသော်
ရင်မှာခံစား
သံသယပွား♥♥♥

လတွေကြာညောင်း
နှစ်သို့ပြောင်း
ရင်တွင်းဒဏ်ရာ
ဖြစ်ထွန်းလာ♥♥♥

မသိစိတ်၏
ကွန်းခိုရာ
ဝေဒနာတိုး
ရင်မှာစိုး၍
ကုန်ဆုံးစေချင်
ချစ်သခင်♥♥♥

(ကြယ်စင်နတ်သမီး)
Read more...

အဖြေလွှာ

| | 5 comments

အေးစက်စက်နှလုံးသားကိုမှ
တံခါးလာခေါက်တဲ့သူရေ
ကိုယ့်ရင်ခုန်သံတွေ
မင်းမျက်ဝန်းအကြည့်တစ်ချက်အောက်မှာ
ကျရှုံးခဲ့တာသိရဲ့လားလေ♥♥♥

ငါ့ရဲ့နွေးထွေးတဲ့
ရင်ခုန်သံအပိုင်းအစတစ်ခုကို
မေ့သခင်
မင်းသိမယ်ဆိုရင်ပေါ့လေ
ဖွင့်ပြောပြလိုက်ချင်ပါသေးတယ်♥♥♥

မင်းကိုချစ်တဲ့စိတ်
မိုင်ပေါင်းကုဋေကုဋာချီ
ကွာဝေးနေရင်လဲ
တားဆီးပိတ်ပင်နိုင်ခြင်းမရှိ
အဆုံးအစမရှိချစ်ခြင်း
ဖြူစင်သောမေတ္တာနဲ့
ထာဝရရင်မှာထွေးပိုက်လို့
ရိုးရှင်းစွာပြောလိုက်မယ်နော်♥♥♥
"မင်းကိုချစ်တယ်"

(ကြယ်စင်နတ်သမီး)

Read more...