ချစ်သူအပေါ်ထားသည့်မေတ္တာတရား
အခါခပ်သိမ်းလွင့်ပါးပျက်ပြယ်သည်ဟူ၍မရှိ...
နီးခြင်း၊ ဝေးခြင်း၊ ပိုင်ဆိုင်ခွင့်ရှိခြင်း၊ မရှိခြင်းတို့သည်
ကြည်နူးခြင်း၊ ကြေကွဲခြင်းတို့ကိုဖြစ်စေသော အရာများသာတည့်...♥
ဝေးကွာခြင်း၏အရိုက်အခတ်သည်
ချစ်သူကိုမေ့တတ်ခြင်းငှာမစွမ်းသာခဲ့...
ပိုင်ဆိုင်ခွင့်မရှိတော့ခြင်း၏အနှိပ်အခက်သည်
ချစ်သူကိုစွဲမက်မြတ်နိုးမှု့လျှော့ပါးသွားအောင် မစွမ်းဆောင်နိုင်ပြန်...♥
သံသရာအဆက်ဆက်၊ တွယ်ဖက်မျှောပါ
အတူတကွရှိနေသည့်အရားကား
ချစ်သူမှတပါး အခြားမရှိနိုင်...♥
မောင်စိန်ဝင်း(ပုတီးကုန်း)
(ကျွန်မအကြိုက်ဆုံးကဗျာတစ်ပုဒ်ဖြစ်လို့ မျှဝေပေးလိုက်ပါတယ်ရှင်)

0 comments:
Post a Comment