“မွေးနေ့ဆုတောင်းသ၀န်လွှာ”

| | 0 comments

ရက်၊ လ ရှည်ကြာ နေခဲ့သူ သူ့ဝမ်းမှာရှုမချမ်းသာ ဒုက္ခအဖြာဖြာကို ရင်စီးခံကာချဉ်၊ ငံ၊ ပူ၊ စပ် စသည် အစာကို လျှောင်ကြင်လျှက်ငါ့အား စာနာထောက်ထားခဲ့တဲ့ အမေ…။ကိုးလလွယ်၍ ဆယ်လဖွားသူ့ဝမ်းတွင်းမှ လွတ်မြောက်ခဲ့သူ ငါ့အတွက်ကြင်နာယုယ သူ့အနွေးဓါတ်ဖြင့်ပြုစုခဲ့တဲ့ အမေ…။လူရယ်သိစ အရွယ်ရယ်ရောက်အရာရာညွှန်ပြ သူ့ဆုံးမကြောင့်ကြောင်းကျဆင်ခြင် လူအသွင်သို့ပြောင်းလည်း ဖန်တီးပေးခဲ့တဲ့ အမေ…။ချိန်ခါအရွယ်ရောက် လူ့ဘ၀ထဲကြင်လည်ကျက်စား လူသူအလည်မှာအရာရာမှာ မနိမ့်ကျစေဖို့ဟိုဒီညွှန်ပြ စီစဉ်ဖြောင်းဖျပေးခဲ့တဲ့ အဖေ…။ဥယျာဉ်မှူးအသွင် သူတို့တွေမှာတော့ပြုစုပျိုးထောင်ပေးခဲ့တဲ့ ငါ့အတွက်အောင်ညွန့်တလူလူ လေးတွေကိုခံစားပြီးပီတိကိုစား အားရှိနေခဲ့တဲ့ အမေနဲ့အဖေ…။ နှစ်တွေ အလီလီပြောင်းခဲ့သော်လည်း၊ အမေနဲ့အဖေရဲ့ နွေးထွေးမှုအရိပ်ရဲ့အောက်မှာ ကြီးပြင်းခဲ့တဲ့...
Read more...

စက်တင်ဘာ(၁၉)ဆိုတဲ့နေ့ရက်လေး

| | 0 comments

ဘဝမှာ အမှတ်ရစရာ နေ့စွဲလေးတွေက အများသား... ဒါပေမဲ့ ကျွန်မကို မွေးမေမေက လူလောကထဲကို မွေးထုတ်ပေးလိုက်တဲ့ နေ့ထူးနေ့မြတ်လေးကိုတော့ ဘယ်တော့မှ မေ့လိမ့်မယ်မထင်ပါဘူး... လူကိုယ်တိုင် တွေ့ဆုံခွင့်မရပေမဲ့ ကျွန်မရဲ့ မွေးမေမေနဲ့ ကျွေးဖေဖေကို ဒီကနေပြီး လက်အုပ်ချီပြီး ရှိခိုးပါတယ်ရှင်... ကျွန်မကို လမ်းမှန်လျှောက်တတ်အောင် သင်ကြားပေးခဲ့တဲ့ မိဘကျေးဇူးကို ဆပ်လို့မကုန်ပဲ မဟုတ်လား... အသက်တစ်နှစ်ကြီးလာလေ ကိုယ့်မိဘကျေးဇူးကို ပိုသိလာလေလို့ ကျွန်မထင်ပါတယ်... အဲဒီအတွက်လဲ ကိုယ့်တာဝန် ကိုယ်သိပြီး သားသမီးတာဝန် ကျေပွန်ဖို့ကလဲ ကျွန်မတို့လူငယ်တွေရဲ့ ဝတ္တရားတစ်ခုပဲလေ... ကျွန်မကို မေမေက လူ့လောကထဲကို ခေါ်လာခဲ့တာ ဒီနေ့ဆို နှစ်ဆယ်ရှစ်နှစ် ပြည့်ခဲ့ပါပြီ... ကျွန်မဘဝ တစ်လျှောက်မှာ မိဘစကားကို ဦးထိပ်ပန်ခဲ့တဲ့အတွက် (တစ်ခုသော အကြောင်းအရာက...
Read more...

ကန်ရာသီဖွား (သို့) Virgo

| | 0 comments

ပို့စ်အသစ် တင်ချင်ပေမဲ့ ဘာရေးရမှန်းလဲမသိ ယောင်ခြောက်ဆယ် ဖြစ်နေတယ်လေ... ဘလော့ဒ်ထဲ လာလည်တဲ့သူတွေကတော့ နားတော့ ညီးနေမှာပဲ... မွေးနေ့တောင်းဆု သီချင်းတွေပဲ တင်ထားလို့...း)... အဲဒီတော့ ကျွန်မအတွေးထဲမှာ ပို့စ်တစ်ခုတင်ဖို့ အတွေးရောက်လာတယ်... ကိုယ်ကိုတိုင်ရော တော်သလင်းလမှာ မွေးတဲ့သူ သူငယ်ချင်းတွေလဲ တော်တော်များတာမို့... ကန်ရာသီဖွား (သို့) Virgo ဖွားတွေရဲ့ စိတ်နေသဘောထား၊ အချစ်ရေး၊ ကိုယ်နေဟန် ဆွဲဆောင်မှု့ တို့ကို ကျန်တဲ့သူငယ်ချင်းများကို ပြောပြမယ်နော်... ဒါမှ ကန်ရာသီဖွားတွေနဲ့ သူငယ်ချင်းဖြစ်စေ ချစ်သူဖြစ်စေ သူတို့လေးတွေရဲ့ စိတ်ဓာတ်ကို ရင်းနှီးမှု့ရှိမှာပေါ့...း)... အားပေးချင်လဲ အားပေး... အားမပေးချင်လဲ အားပေး... ဒါပဲ... (ဟီး... ရေးစရာ မရှိလို့... ရှိတဲ့ဟာ တင်တာ)ကန်ရာသီဖွား (သို့) Virgoသြဂုတ်လ (၂၄) မှ စက်တင်ဘာ...
Read more...

ကြယ်စင်ကြွေတဲ့ည

| | 0 comments

လမင်းကြီးက ကြယ်ရောင်စုံတွေ ခြံရံပြီး နက်ပြာရောင်ကောင်းကင်ရံမှာ တင့်တယ်နေလေရဲ့... လရောင်ရဲ့ အလင်းတချို့က ကမ္ဘာမြေကြီးမှာ လင်းတဝက် မှောင်တဝက်နဲ့ပေါ့... ညအချိန် (၈)နာရီဝန်းကျင်လောက်မှာ ရန်ကုန်-ပြည် ကားလမ်းမကြီးပေါ်တွင် ပြိုင်ကားခဲရောင်လေးတစ်စင်း အရှိန်ပြင်းစွာ ရန်ကုန်ဘတ်သို့ မောင်းနှင်လာနေသည်... "မောင်အရမ်းရက်စက်တယ်... မောင်အရမ်းရက်စက်တယ်..." တုန်လှုပ်စွာနဲ့ ရင်ထဲမှာ အခါခါ ငိုရှိုက်ရင်း ညီးတွားနေမိတယ်... မျက်ဝန်းထဲမှာ မျက်ရည်စတွေနဲ့ အမြင်တွေက တစ်စတစ်စ မှုန်ဝေသီလာခဲ့တယ်... ဖုန်းထဲကနေ ရှင်းပြနေတဲ့ မောင့်အသံကိုကျွန်မ ဂရုစိုက် နားထောင်မနေနိုင်တော့ပဲ ဖုန်းကိုချပစ်ပြီး... ညတွင်းချင်းပဲ မောင်ရှိတဲ့ ရန်ကုန်စီသို့ ကျွန်မတစ်ယောက်ထဲ ကားမောင်းပြီး ဆင်းလာခဲ့မိသည်... ကျွန်မစိတ်တွေကို မနည်းတည်ငြိမ်အောင် စုစည်းပြီး...
Read more...

ကြယ်စင်နတ်သမီးဆိုတဲ့ကောင်မလေး

| | 0 comments

တီတီအိ(Dream)ကတော့ လုပ်ချလိုက်ရော့မယ်... Tag ထားတယ်ဆိုလို့ အပြေးအလွှား သွားကြည့်လိုက်တာ... စကတ်တောင် ကွဲသွားတယ် (အယ်... ချောတီး ... စကတ်က နဂိုထဲက အကွဲနဲ့ ဖြစ်နေတာကိုး အဟတ် ဟတ်)... တူက Tag ထားတာကို မဖြေရင် ချစ်ချစ်နဲ့ကွဲမယ်ချိုလို့... ချက်ချင်း ပြန်ဖြေလိုက်ရတယ်... ဟူး... ပြေးလွှားလိုက်ရတာ ခြေကုန်လက်ပန်း ကြသွားတယ်...း)... တူ့ကို အငြိမ့်အတွက် မိတ်ကပ်လှလှလေး လိမ်းပေးမယ် ဆိုပြီး လက်ထိုးတာတောင် ရဖူးတော် (လက်သီးမဟုတ်ပါ... ဟီး)... အခုတော့ ဆံထုံးလှလှလေး ထုံးပေးဖို့ပါ အဆစ်ပါတွားပီ... ဟိ ဟိ... ဂျစ်ဂျစ်ရေးနဲ့ ကွဲမှာချိုးရို့ ဖြိုးငယ်လိုတော့ ကိုယ့်ပေါင်ကိုယ်လှန် ထောင်းပြီး မရေးပြဘူးနော်... မသိမသာလေးပဲ တိုးတိုးလေးပြောပြမယ်... ဟီး.... ကြယ်စင်အကြောင်းတွေကို သိချင်ရင်... ဒီမှာရေးထားတယ်...း)အားရဝမ်းသာစွာနဲ့...
Read more...