အလွမ်း၏တမ်းချင်း

| |

တရက်၊ နှစ်ရက်
သုံးလေးရက်
အလွမ်းရက်တွေ
လက်ချိုးရေလို့
ပြန်လာလေနိုး
ကိုယ်မျှော်ကိုး♥♥♥

တပတ်အကြာ
ပြန်မလာ
စိုးရိမ်စိတ်တွေ
ကဲလို့သာ♥♥♥

ရာသီစက်ဝန်း
လသို့ယွင်းသော်
ရင်မှာခံစား
သံသယပွား♥♥♥

လတွေကြာညောင်း
နှစ်သို့ပြောင်း
ရင်တွင်းဒဏ်ရာ
ဖြစ်ထွန်းလာ♥♥♥

မသိစိတ်၏
ကွန်းခိုရာ
ဝေဒနာတိုး
ရင်မှာစိုး၍
ကုန်ဆုံးစေချင်
ချစ်သခင်♥♥♥

(ကြယ်စင်နတ်သမီး)

4 comments:

top
Unknown said...

တမ်းချင်းလေးက ချစ်စရာ......
ကျွန်တော် ဖြတ်သန်းခဲ့တဲ့ အရင်ဘ၀လေးကို ပြန်သတိရတယ်ဗျာ.......
ကဗျာတွေ ဆထက်ထမ်းပိုး ရေးနိုင်ပါစေ။

၀ဿန်ဦး said...

မမကြယ်စင်ရေ.. ကဗျာလေး ကောင်းတယ်ဗျ..။ ဒါနဲ့ နောက်နည်းနည်းဆုတ်နေအုံးနော်..။ စောင့်နေရင်း ကမ်းပါးလေးကနေ ချော်ကျသွားလို့ပြန်လာတာ မတွေ့လိုက်ရပဲနေအုံးမယ်.... :P

ဖြိုးငယ် said...

အမရေ ကဗျာလေးက အရမ်းကောင်းတယ်ဗျာ..
ခံစားချက် အမှန်တွေ ထင်တယ် ..:P

NatShinNaung said...

ပြန်လာပါပြီကွယ်။ မျှော်မနေပါနဲ့တော့။ ဟက်ဟက်. ကြားသွားမှ အကစ် ခံနေရဦးမယ်။ ကဗျာလေးကောင်းတယ် အစ်မရေ။ အားပေးနေပါသည်။