
အချစ်တစ်ခုမှာ... နှစ်ဦး နှစ်ဖက် ချစ်နေမှ… ရည်းစား ဖြစ်နေမှ ချစ်ခွင့် ရှိနေတာ မဟုတ်ပါဘူး... နှလုံးသားက တစိမ့်စိမ့် မြတ်နိုးနေပြီး... အတူရှိခဲ့ဖူးတဲ့ အချိန်တွေကို တမ်းတရင်း... ကျေနပ်ပြီး… စွန့်လွှတ်စွာ ချစ်ခဲ့တဲ့ ရင်ခွင်တစ်ခုရဲ့ဆန္ဒဟာ.... ချစ်နေရရုံလေး သာဆိုရင်…ကောင်လေးရေ…မင်းနဲ့ငါ ချစ်ခဲ့ကြတဲ့ နေ့ရက်တွေကို ငါပြန်တမ်းတ နေပါတယ်... ငါ့နားမှာ သိပ်ချစ်ရတဲ့ မင်းက မရှိပေမဲ့...မျက်ရည်တွေက မိုးနဲ့အပြိုင် အဖော် ပြုပေးနေလေရဲ့... အခု ငါတစ်ယောက်တည်း မိုးထဲမှာပါ... ငါ့မျက်ရည် တွေလည်း မိုးနဲ့အပြိုင်သည်း နေလေရဲ့... April လရဲ့ မိုးစက်တွေနဲ့ အတူမင်း ငါ့ဘ၀ထဲ ရောက်လာခဲ့တယ်... သူငယ်ချင်း ကနေတဆင့် မင်းနဲ့ငါ ခင်မင်ခဲ့ကြတယ်… မင်းနဲ့ Chatting ထဲမှာ စကားတွေပြောရင်း ငါပျော်တတ် လာတယ်... သူငယ်ချင်းကနေ… ငါတို့တွေ...