အဖြေလွှာ

| |

အေးစက်စက်နှလုံးသားကိုမှ
တံခါးလာခေါက်တဲ့သူရေ
ကိုယ့်ရင်ခုန်သံတွေ
မင်းမျက်ဝန်းအကြည့်တစ်ချက်အောက်မှာ
ကျရှုံးခဲ့တာသိရဲ့လားလေ♥♥♥

ငါ့ရဲ့နွေးထွေးတဲ့
ရင်ခုန်သံအပိုင်းအစတစ်ခုကို
မေ့သခင်
မင်းသိမယ်ဆိုရင်ပေါ့လေ
ဖွင့်ပြောပြလိုက်ချင်ပါသေးတယ်♥♥♥

မင်းကိုချစ်တဲ့စိတ်
မိုင်ပေါင်းကုဋေကုဋာချီ
ကွာဝေးနေရင်လဲ
တားဆီးပိတ်ပင်နိုင်ခြင်းမရှိ
အဆုံးအစမရှိချစ်ခြင်း
ဖြူစင်သောမေတ္တာနဲ့
ထာဝရရင်မှာထွေးပိုက်လို့
ရိုးရှင်းစွာပြောလိုက်မယ်နော်♥♥♥
"မင်းကိုချစ်တယ်"

(ကြယ်စင်နတ်သမီး)

5 comments:

top
မင်းကျန်စစ်။ said...

ရိုးရိုးလေးပြောတာ မင်းကိုချစ်တယ်ဆိုတော့ ဆန်းဆန်းလေးများ ပြောလိုက်ရင် ဘယ်လိုဖြစ်မှာပါလိမ့်။ သိချင်စမ်းပါဘိ ကြံစင်ရယ်။

ကြယ်စင်နတ်သမီး said...

ဆန်းဆန်းလေးပြောလိုက်ရင်...
ငါမင်းကိုသတ်ချင်တယ်...
ငါမင်းကိုသတ်ချင်တယ်... ဟိ ဟိ
မိုက်တယ်မို့လား... :P

၀ဿန်ဦး said...

မမကြယ်စင်လဲ မရှိဘူး မရှိဘူးနဲ့ ဒီလိုဆိုရင်တော့ သေချာနေပါပြီ ဟဲဟဲ :) ဘယ်တော့ စားရမှာလဲ မမကြယ်စင်ရေ.... :P

နွေမုန်တိုင်း said...

ချစ်တယ်ဆိုတဲ့စကားလုံးထက် ရိုးရှင်းတဲ့ စကားလုံး ရှိရင် ပြောမလား ...မ။ :D

ကိုရင်နော်ခင်လေးငယ် said...

ကြယ်စင်ရေ....
ရင်ထဲက အရာတွေက အလွမ်းတွေဖြစ်ပြီး blog ပေါ်ရောက်လိုရောက်
ဒီလိနဲု့ဘဲ ခင်လေးတော့ အသားကျတတ်နေဘီ..
ဒါပေမဲ့...

““ငါ့ရဲ့နွေးထွေးတဲ့
ရင်ခုန်သံအပိုင်းအစတစ်ခုကို
မေ့သခင်
မင်းသိမယ်ဆိုရင်ပေါ့လေ
ဖွင့်ပြောပြလိုက်ချင်ပါသေးတယ်♥♥♥””

ခင်တဲ့...
ခင်လေးငယ်