ဆန္ဒ၏တစ်စုံတစ်ရာ

| |

နှလုံးသားရင်ခုန်သံတချက်က
ဝေဒနာတွေ ဖြစ်ပေါ်စေသတဲ့♥♥♥

အချစ်ဆိုတဲ့အရာတခုက
အလွမ်းတွေကို ဖြစ်ပေါ်စေသတဲ့♥♥♥

အဆိပ်သင့်ပန်းသီးတလုံးကို
စားမိသူ ••• ငါလေ
ရင်မှာဝေဒနာတွေထွေးပိုက်
ဒဏ်ရာတွေအပြည့်နဲ့ပေါ့♥♥♥

မျှော်လင့်စောင့်စားရင်းနဲ့
ချစ်မိသူ ••• ငါလေ
အလွမ်းဝေဒနာတွေ
ရင်မှာအပြည့်ဖြစ်နေပြီလား ♥♥♥ ?

တိတ်တခိုးအတွေးနဲ့
ကြိတ်ပိုးဆွေးရတဲ့
ငါ့ဘဝကို
ဘယ်သူမြင်နိုင်မှာလဲ ♥♥♥ ?

ဟန်ဆောင်ကာ
အလင်္ကာမမြောက်တဲ့
ဂရုဏာရောင်ခြုံအပြုံးတုရဲ့
အမုန်းဆုကိုတော့ မလိုချင်ပါဘူး♥♥♥

အလှမ်းဝေးပေမဲ့
အနမ်းတွေမြေမှာခ
အလွမ်းတွေတော့
မကြွေချင်ဘူးကွယ်♥♥♥

အလွမ်းဇာတ်ဆရာရေ•••
စစ်မှန်တဲ့ချစ်ခြင်းတွေနဲ့
မေတ္တာကိုဆုပ်ကိုင်လို့
ဒဿနတွေကိုဘေးဖယ်
ဥပေက္ခာတွေကင်းကွာတဲ့
တို့နှစ်ယောက်ရဲ့အချစ်ကမ္ဘာမှာ
သံယောဇဉ်ကြိုးနှောင်ဖွဲ့ချင်ပါတယ်♥♥♥

(ကြယ်စင်နတ်သမီး)

4 comments:

top
Apprenticeship said...

အဆင်ပြေပါစေ... :):P

Unknown said...

အလှမ်းဝေးပေမဲ့
အနမ်းတွေမြေမှာခ
အလွမ်းတွေတော့
မကြွေချင်ဘူးကွယ်♥♥♥.........
ဆုတောင်းပါတယ် အလွမ်းတွေ မဝေပါစေနဲ့ဗျာ။

မင်းကျန်စစ်။ said...

တိတ်တခိုးအတွေးနဲ့ ကြိတ်ပိုးဆွေးရတဲ့ ကြံစင်ဘဝလေး လွတ်မြောက်စေပြီး သံယောဇဉ်ကြိုးတွေ တင်းနေအောင် နှောင်ထုံးနိုင်ပါစေဗျာ။

နွေမုန်တိုင်း said...

အချစ်ကမ္ဘာမှာ အမြန်ဆုံးသံယောဇဉ်ကြိုးနှောင်ထုံးနိုင် ပါစေဗျာ ဆုတောင်းပေးလိုက်ပါတယ် :D