
မိန်းကလေးတွေတစ်ဘ၀လုံးအတွက်
ဆောင်းပါးလေးက ဒီလိုပါ...
" ရွာတစ်ရွာမှာပေါ့ သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးရှိကြတယ်..... အရမ်းလဲချစ်ကြတော့ နီးစပ်ဖို့အရေး ကြိုးစားကြတာပေါ့... လုလင်ပျိုက လုံမလေးကို ခိုးပြေးဖို့ ချိန်းပါတယ်.... ညသန်းခေါင်ယံမှ လုံမလေးအိမ်ရှေ့က စံပယ်ရုံအကွယ်ကနေ ရွှေဂျိုးကူသံပြုရင် လုံမလေးက ထွက်လာဖို့ချိန်းတယ်... ချိန်းဆိုတဲ့ညမှာ လုံမလေးလဲ တကူ.... ကူး ... ကူ ဆိုတဲ့ အသံကြားတာနဲ့ အထုတ်ဆွဲထွက်လာခဲ့တယ်... နှစ်ယောက်သား တောထဲကို ထွက်ပြေးကြတာပေါ့... တော်တော်လေးလဲ ခရီးရောက်တော့ ဗိုက်ကဆာလာတာပေါ့... အဲဒီမှာဘဲ လုံမလေးပါလာတဲ့ ထမင်းထုပ်ကို နှစ်ယောက်ခွဲ စားမယ်လုပ်တယ်.... ထမင်းထုပ်ကိုဖွင့်လိုက်တော့ ပုဇွန်ထုပ်က တစ်ကောင်ပဲ ပါလာတယ်... အဲဒီတော့ လုလင်ပျိုက ပုဇွန်ထုပ်ကို ထမင်းပုံအလယ်မှာ ထောင်ထားမယ်... ထမင်းထုပ်ကို နှစ်ယောက်တူတူစားရင်း ပုဇွန်ထုပ်လဲသွားဘက်ကသူက ပုဇွန်ထုပ်ကို စားဖို့ ပြောတယ်... အဲလိုနဲ့ လုလင်လဲ ဆာဆာနဲ့စားလိုက်တာ ထောင်ထားတဲ့ ပုဇွန်ထုပ်က လုလင်ဘက်ကို လဲသွားတာပေါ့... အဲဒီတော့ လုလင်က ပုဇွန်ထုပ်ရဲ့ ခေါင်းပိုင်းကို စပြီးစားလိုက်တယ်.... လုံမလေးက တွေးမိတယ် သြော်... ခေါင်းပိုင်းမို့ ငါ့ကိုမကျွေးတာပါပေါ့.... နောက် လုလင်က အမြီးပိုင်းကို ကိုက်လိုက်တယ်... လုံမလေးလဲ တွေးပြန်တယ် သြော်.... အမြီးပိုင်းမို့ ငါကိုမကျွေးတာနေမှာပါပေါ့... နောက်ဆုံး လုလင်က
ပုဇွန်ထုပ်ကြီးရဲ့ အလယ်ပိုင်းကို စားလိုက်တယ်... အဲဒီတော့ လုံမလေးလဲ ပုဇွန်ထုပ်ကို နည်းနည်းမှ မစားလိုက်ရရှာဘူး.... ထမင်းလဲ စားပြီးရော လုလင်က ရေဆာတယ်လို့ ဆိုပြန်တယ်.... အဲဒီမှာ လုံမလေးလဲ ရေရှာပြီး တိုက်ရပြန်တာရော.... ရေသောက်ပြီး လုလင်ပျိုလဲ မောမောနဲ့လဲအိပ်ပျော်သွားတာပေါ့.... အဲဒီအချိန်မှာဘဲ လုံမလေးလဲ ရွာဘက်ကို အပြေးပြန်လာပါတော့တယ်... နောက်နေ့မှာ လုလင်ပျိုလဲ ရွာပြန်ရောက်ပြီး သန်းခေါင်ယံအရောက်မှာ လုံမလေးအိမ်ရှေ့က စံပယ်ရုံနောက်ကွယ်ကနေ ရွှေဂျိုးကူသံ ထပ်ပေးပါတယ်..... အဲဒီအချိန်မှာတော့ လုံမလေးက ထွက်မလာတော့ပါဘူး.... အခန်းပြတင်းကနေပဲ လှမ်းပြောလိုက်ပါတယ်...... "တော်ပါတော့မောင်ကြီးရယ် ပုဇွန်ထုပ်လဲ ကတည်းက စိတ်ဝမ်းကွဲလို့ ဝေးကြရပြီလို့သာ မှတ်လိုက်ပါတော့" တဲ့လေ...
မိန်းကလေးတွေ တစ်ဘ၀လုံးအတွက်ရည်ရွယ်ထားရင် အချစ်မှာ မျက်စိရှိဖို့လိုပါတယ်...အပေါ်ယံ အရေပြားက အလှတရားထက် ကိုယ်နဲ့ တစ်ဘ၀လုံး အေးအတူပူအမျှ စိတ်ထားနိုင်မယ့်သူကို ရွေးချယ်ဖို့ လိုအပ်ပါတယ်...

4 comments:
ကောင်လေးကလဲ ညံ့ပါ့ဗျာ...။ ဒီနေ့ ပုဇွန်ထုပ်မယူခဲ့နဲ့ လို့ပြောလိုက်ပေါ့..။ ဟုတ်ဘူးလား :D
ဟုတ်တာပေါ့မမရယ်...
အချစ်တစ်ခုနဲ့ဘဝကိုတည်ဆောက်လို့မှမရတာပဲနော်...
မျက်စိကွယ်နေတဲ့ ကောင်မလေးတွေကိုလည်း ညှာပါဦးဗျာ
ဒါဆိုကောင်မလေးတွေ အချစ်စစ်ကိုဘယ်လိုရွေးခြယ်ကြမလဲ။
ခင်မင်လျက်
မသက်ဇင်
Post a Comment