ချစ်သူ ♥♥♥ သိပါလေစ

| |

ချစ်စိတ်နဲ့တမ်းတရင်း
လွမ်းတဲ့စိတ်နဲ့
ကျော်ဖြတ်ရက်တွေလည်း များခဲ့ပေါ့♥♥♥

ချစ်သူအတွက် ပေးဆပ်ခြင်းဟာ
တမ်းတခြင်းနဲ့ လွမ်းဆွတ်မှု့ဆိုခဲ့ရင်
ငါ့အတွက်တော့ အမြဲတမ်း
မင်းကို ပေးဆပ်နေမိမှာပါ♥♥♥

အချစ်ဟာလျှင် ကိုယ့်အတွက်
ကိုးကွယ်ရာဖြစ်ခဲ့တယ်လေ♥♥♥

ဆိုင်သူမသိခဲ့ပေမဲ့
ငါ့ရဲ့အိမ်မက်ရှည်ခရီးမှာ
မင်းကိုပဲ အမြဲမြင်ရောင်ပြီး
မင်းရဲ့ခေါ်သံလေးများအလား
နားထဲမှာ အမြဲကြားယောင်နေမိပေါ့♥♥♥

တိတ်ဆိတ်တဲ့ညနက်နက်တွေက
ရှည်လျှားလွန်းလို့
တိမ်နောက်မှာပုံးနေတဲ့
လမင်းကတောင် ငိုသွားတယ်♥♥♥

နက်ပြာရောင်ရင်ခွင်လွှာက
ကြယ်စင်တပွင့်သာကြွေကြသွားခဲ့ရင်
ဆုတောင်းလိုက်ချင်ပါတယ်
"ချစ်သူ ♥♥♥ သိပါစေ"

(ကြယ်စင်နတ်သမီး)

6 comments:

top
မင်းကျန်စစ်။ said...

လွမ်းရတဲ့ရက်တွေ ကုန်လွန်ပါစေ
အချစ်ကို ဆက်ပီး ကိုးကွယ်နိုင်ပါစေ
အိပ်မက်ထဲက နိုးတာနဲ့ မင်းသားလေးနဲ့ တိုးပါစေ
(စနိုးဝှိုက်လို မင်းသားနမ်းလိုက်လို့ ထလာတာမျိုးဖြစ်ချင်ရင်လဲ ဖြစ်စေသတည်း)

နက်ပြာရောင်ရင်ခွင်လွှာက
ကြယ်စင်တပွင့်သာကြွေကြသွားခဲ့ရင် ဆိုတာက
အကျီအနက်က ကြယ်သီးပြုတ်သွားတာကိုပြောတာလား :P
ကြံစင်စုတ် မြန်မြန်ပြန်တပ်လိုက် ကြည့်မကောင်းဘူး ဟိဟိ

အညာသား said...

`အား...... တိတ်ဆိတ်ကွဲကြေအခန်းထဲ..´ လို့ မျိုးကြီးသီချင်း ဟစ်ပလိုက်ဗျာ။ :D

Unknown said...

သြော်..... ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား.....
မပူနဲ့ ဘ၀တူတွေရှိတယ်.... ဆက်လွမ်း......
ဟီးးးးးး ဟီးးးးးး

Anonymous said...

လန်းတယ် ဆိုင်သူမသိတဲ့အချစ်ဆိုတော့ အချစ်ရူးမလေးပေါ့ ဟုတ်လား :) ချစ်သူသိပါစေ အစ်မရေ့ လွမ်းနေတယ်ဆိုတာကိုပေါ့ ။

Dream said...

ချစ်စိတ်နဲ့တမ်းတရင်း
လွမ်းတဲ့စိတ်နဲ့
ကျော်ဖြတ်ရက်တွေလည်း များခဲ့ပေါ့♥♥♥


ကဗျာလေးဖတ်ပြီးခံစားသွားပါတယ်။
စိုးသူရဲ့...သူသိပါစေ ... သီချင်းလေးကိုပဲဆိုနေတာ့မယ်...:P
ဟိးဟီး.. စတာနော်.. ကဗျာကအရမ်းကောင်းတယ်မမရေ..

Anonymous said...

ခံစားသွားတယ်။ကဗျာလေးကကောင်းတယ်နော်..
ဆိုင်သူသိပါစေလို့ဆုတောင်းပေးသွားမယ်