
"ငယ်ကအချစ်ဦး အနှစ်ဦးမို့ အနှစ်တစ်ရာ မမေ့သာ" တဲ့... "ငယ်ကသူငယ်ချင်းကောင်း အနှစ်တစ်သောင်း မမေ့စကောင်း" လို့ပြောချင်တယ် သူငယ်ချင်းတို့ရယ်... ငယ်ကသူငယ်ချင်းတွေကို အဝေးမှာရောက်နေပေမဲ့ ဒီနေ့ဒီအချိန်ထိ မေ့မရသတိရဆဲပါ... တို့တွေ တာဝန်ကိုယ်စီနဲ့ ကိုယ့်ဘ၀ကိုယ် လျှောက်လှမ်း နေကြတဲ့အချိန်မှာ ... အချိန်တွေကိုသာ ပြန်ပြောင်းလို့ရမယ်ဆိုရင် အရမ်း ပျော်စရာ ကောင်းတဲ့ ခုနှစ်တန်းကျောင်းသူဘ၀ကို ပြန်လိုချင်မိတယ်... သူငယ်ချင်းတို့ရေ... တို့တွေမိုးရေထဲမှာ ထီးတွေပါရဲ့ သားနဲ့ ပိတ်ထားပြီး မိုးရေတွေ ချိုးခဲ့ကြတာတွေ... မုန့်တီစားပြီးတိုင်း မုန့်လင်မယားစားချင်လို့ တကူးတက တောင်ဥက္ကာထိတောင် လမ်းလျှောက်ပြီး သွားဝယ် စားခဲ့တာတွေ... ဆရာမအိမ်သွားရင်းနဲ့ သူများအိမ်က ပန်းလိုချင်တော့ ထီးတွေနဲ့ လှမ်းပစ်ပြီး ပန်းတွေခြွေချခဲ့တာတွေ......
Read more...