လွမ်းတေး

| |


တစ်ဘ၀တာအတွက်
ရည်စူးချစ်ခဲ့ပြီးမှ
မတိုက်ဆိုင်မှု့တွေနဲ့
လက်တွဲဖြုတ်ခဲ့ကြလို့
မင်းကိုငါဘယ်လိုမေ့ရမှာလဲ ♠♠♠ ချစ်သူ ♠♠♠

ဟန်ဆောင်အမုန်းရဲ့
ကန့်လန်ကာနောက်ကွယ်မှာ
ဖြူစင်တဲ့ချစ်ခြင်းဆိုတာ
ရှိနေသေးသမျှ
မင်းကိုငါဘယ်လိုမုန်းလို့ရမှာလဲ ♠♠♠ ချစ်သူ ♠♠♠

ဟားတိုက်ရယ်မော
လှောင်ရယ်သံတွေကြားမှာ
ငါ့အတ္တဆိုတာလဲမရှိ
ငါ့မာနဆိုတာလဲမရှိ
ရာသီတွေဟောင်းလို့
ရက်တွေပြောင်းသွားသည့်တိုင်
မင်းကိုတစ်နေ့မှမေ့မရ
သတိရဆဲပါ ♠♠♠ ချစ်သူ ♠♠♠

ဒီဘ၀မဟုတ်တာတောင်
နောင်ဘ၀ဆိုတာရှိခဲ့ရင်
မင်းနဲ့ပြန်ဆုံချင်သေးတယ်
♠♠♠ ချစ်သူရယ် ♠♠♠
(ကြယ်စင်နတ်သမီး)

0 comments:

top