ချစ်သူ♦♦♦
ရင်တွင်းတစ်နေရာ♦♦♦ သိမ်းဆည်းထားသည့်
ဤချစ်စကား♦♦♦ မသိသော်ငြား
ဖွင့်ပြောရန်ခက်♦♦♦ မိန်းမသားဘဝ
မုန်းမိပါသည်♦♦♦
ချစ်သူု♦♦♦
တစ်ဖတ်သတ်အချစ်♦♦♦ ဆိုးရွားလှ၍
ဆုတ်လည်းဆူးဆူး♦♦♦ စားလဲရူးလို့
ရင်ပွင့်မတတ်
ချစ်ရပါသည်♦♦♦
ချစ်သူ♦♦♦
မသိယောင်ဆောင်♦♦♦ မမြင်တာလား
ဥပေက္ခာစကား♦♦♦ အသည်းကြွေမတတ်
ငိုကြွေးခဲ့ရပါသည်♦♦♦
ချစ်သူ♦♦♦
ချစ်မေတ္တာမိုး♦♦♦ စွေကာသွန်းဖြိုး
ထို့ပေမယ့်လဲ
တိတ်တခိုးနှင့်♦♦♦ ရင်တွင်းတစ်နေရာ
သိမ်းဆည်းထားလိုက်တော့မည်♦♦♦
(ကြယ်စင်နတ်သမီး)
0 comments:
Post a Comment