ဆွေး

| |


ရေခြား၊မြေခြား၊ အနေခြားမို့
ချစ်ရသူက ဟိုးအဝေး
ပျိုမေ့ရင်မှာ
အားငယ်ကာဆွေး•••

တိမ်ခိုးတွေဝေ
မြူနှင်းတွေဆိုင်း
တမ်းတသူ ဒီရင်မှာ
ဆွေးရိပ်တွေမှိုင်း•••

ရက်ကိုလစား၊ လကိုနှစ်စား
ရာသီစက်ဝိုင်း
ပြောင်းကာလည်လဲ
လွမ်းရက်တွေ လက်ချိုးရေလို့
ချစ်ရသူ ဒီရင်မှာ
ဆွေးရိပ်တွေက၀ိုင်း•••

ဝေးကွာမှု့
မိုင်ထောင်သောင်းချီ
ပျို့ရင်မှာ အလွမ်းတွေ
တုနှိုင်းလို့မမှီ

ကြာလေဝေးလို့
သွေ့မှာလဲဆိုး
ဆွေးရသူ ဒီရင်မှာ
လွမ်းရက်တွေ ဒီရေလိုတိုး•••

(ကြယ်စင်နတ်သမီး)

5 comments:

top
မင်းကျန်စစ်။ said...

မော်ဒန်ကဗျာတွေ ခေတ်စားချိန်မှာ ခုလိုကဗျာလေး ဖတ်ရတာကလည်း အရသာ တမျိုးရှိပြန်တယ် အမရေ။ လေးလုံးစပ်လို သံပေါက်လို ကဗျာမျိုးလေးတွေ တအားကြိုက်တာ။

lwansay said...

အော....လက်စသတ်တော့ ဒီမှာသူက လာလွမ်းနေတာကိုး။
ဟတ် ဟတ် ။ မျှော်တဲ့သူ ပေါ်လာပါစေနော..။ :)

Unknown said...

ကဗျာလေးကအရမ်းကောင်းပါတယ်...
လွမ်းချင်းလေးကိုပုံဖော်ထားတာ...

လွမ်းနေတာပေါ့လေ...
အလွမ်းတွေရယ်... ပျိုမေ့ဆီကို ပြန်လာလိုက်ပါ...

ပျိုမေရေ.. လွတ်လွတ်လပ်လပ်သာ လွမ်းပါတော့..
ပြန်မလာမချင်းပေါ့....

Emily said...

ကဗျာ အဖွဲ့လေးရော၊ ပုံဖော်သွားပုံလေးရော ကာရန်တွေ ယူထားပုံလေးရော ကြိုက်ပါတယ်ဗျာ။ နောက်ထပ် ကဗျာတွေ မျှော်နေဦးမယ်။

Winkabar said...

ကောင်းလိုက်တဲ့ကဗျာလေးအစ်မရယ်။ တိုတိုလေးနဲ့ လွမ်းဆွေးနေတာကို ပေါ်ပေါ်ထင်ထင် မြင်လာတယ်။