ဆံပင်ရှည်ရှည်လေး

| |

တစ်လတစ်ခါ သီချင်းတွေ ပြောင်းနေတတ်တဲ့ အကျင့်ရှိတဲ့ ကျွန်မ ဒီတစ်ခါတော့ ထူးထူးခြားခြားလေး ဖြစ်သွားအောင် ဆံပင်ရှည်ရှည်ကြိုက်တဲ့ ကောင်လေးတွေအတွက်ရော... ကောင်မလေးတွေအတွက်ရော... ဆံပင်ရှည်ရှည် သီချင်းလေးတွေကို တင်ပေးထားတယ်နော်... ကျွန်မကိုယ်တိုင်လဲ ဆံပင်ရှည်တွေကို ကြိုက်တယ်... မြတ်နိုးတယ်... ကောင်လေးတွေ ဆံပင်ရှည်တာကို ပြောတာဟုတ်ဘူးနော်... အဲဒါမျိုးကိုတော့ မျက်စိ ဆံစစူးတယ်ပဲ ပြောမလား... ကြည့်လို့ကိုမရဘူး... အမြင်ကတ်လွန်းလို့... ဟီး... ဟီး... မိန်းမတို့ဘုန်း ဆံထုံးလို့ ဆိုရိုးရှိတယ်မဟုတ်လား... ကောင်လေးတော်တော်များများကို တွေ့ဖူးပါတယ်... ဆံပင်ရှည်ရှည် ကောင်မလေးတွေကို တွေ့ရင် ငေးမောနေတတ်တာမျိုး... ဆံပင်ကြီးက အရမ်းလှတယ်ဆိုတာမျိုးလဲ ကြားဖူးပါတယ်... ကဲ... ကိုကို... မောင်မောင်... မမ... ညညလေးတွေ သီချင်းကောင်းလေးတွေကို ခံစားနိုင်ကြပါစေ... ကောင်းမြတ်ရဲ့ သီချင်း၂ပုဒ်ပါတင်ပေးလိုက်ပါတယ်... သူ့သီချင်းတွေက ကောင်းလို့ပါ...

0 comments:

top