အချစ်ရဲ့လျှို့ဝှက်ချက်

| | 8 comments

ငါတို့နှစ်ယောက်ရဲ့အချစ်နယ်နိမိတ်ကြားမှာသူငယ်ချင်းဆိုတဲ့အဖြူရောင်စည်းလေးခြားထားတယ်♥♥♥ငါတို့နှစ်ယောက်ရဲ့ဘ၀နယ်နိမိတ်ကြားမှာကွာဟချက်ဆိုတဲ့စည်းလေးခြားထားတယ်♥♥♥ငါတို့နှစ်ယောက်ရဲ့သမုဒ္ဒယသံယောဇဉ်နယ်နိမိတ်ကြားမှာဖွင့်မပြောနိုင်တဲ့ဟန်ဆောင်မှု့စည်းလေးခြားထားတယ်♥♥♥ငါတို့နှစ်ယောက်ရဲ့နယ်နိမိတ်စည်းမျဉ်းတွေမှာဖြူစင်မှု့အတိနဲ့ပြည့်စုံတဲ့ပကတိရိုးသားခြင်းတွေပဲရှိနေလေရဲ့♥♥♥(ကြယ်စင်နတ်သမ...
Read more...

လက်ထပ်ထိမ်းမြားပြီးစီးခြင်း

| | 2 comments

လက်ထပ်ထိမ်းမြားပြီးစီးခြင်းဆိုတာ လူရယ်လို့ဖြစ်လာကတည်းက ရှောင်ကျဉ်လို့မရတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်... အရွယ်ရောက်ပြီးသား ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်တို့ အချစ်ဆိုတာကို သိမြင် ဖူးပွင့်လာကြတဲ့အချိန်မှာ နှစ်ဖတ်သောမိဘတွေက မိဘ၀တ္တရားရှိတဲ့အတိုင်း ကြည်ကြည်ဖြူဖြူနဲ့ လက်ထပ်ထိမ်းမြားပေးတယ် ဆိုတာဟာ အင်မတန်မှ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မင်္ဂလာတစ်ပါးပါရှင်... လက်ထပ်ပြီးစီးခြင်းဆိုလို့ ကျွန်မကိုတစ်မျိုးမထင်နဲ့ဦး... ကျွန်မစွံသွားပြီလို့လဲ မထင်စေလိုပါ... တကယ်လဲ မစွံသေးပါ... လူစွံဖို့ဆိုတာ တော်တော်ဝေးဝေးမှာ ကျန်ပါသေးတယ်.... လောလောဆယ်မှာတော့ စွံစရာမျက်စိပဲ ရှိပါသေးတယ်... ဟိ ဟိ... ဟင်... ဘာတွေလျှောက်ပြော နေပါလိမ့်နော်... လိုရင်းတောင် မရောက်ဖြစ်တော့မယ်... ရှေ့ကားတွေက ဖြည်းဖြည်း ဖြည်းဖြည်းခြင်းစီ သွားနေတော့လဲ...
Read more...

ပန်းရွှေဝါပိတောက်

| | 2 comments

ပင်လုံးကျွတ် ဖူးပွင့်ဝေစီပန်းရွှေဝါပိတောက်ဖူးချိန်တန်ပြီမို့မွှေးရနံ့ရယ်ထုံကြိုင်ကြိုင်ရယ်လှိုင် ပွင့်ဖူးလိုက်ပုံများသြော်... မြင်သူတကာ ငေးရလောက်ပါတဲ့ရှာမှရှားတဲ့ အလှပေတကား...။ဝါရည်လူး ရွှေအဆင်းရယ်နှင့်မြစိမ်းရောင် သွေးကြောယှက်ဖြာလို့အလှတွင် အယဉ်ဆင့်ပါတဲ့သြော်... မြင်သူတကာ ငေးရလောက်ပါတဲ့တင့်လှပေစမ်း...။ပန်းပိတောက်ဝါတို့သော့သော့နှင် နွေလေရူးနဲ့လေညင်းဆင် လေနှင်ရာ ယိမ်းအနွဲ့မှာကလိုက်ပုံများသြော်... မြင်သူတကာ ပြောစမှတ်ပြုလောက်ပါတဲ့နွဲ့ချက်ရယ်နှောင်း။(ကြယ်စင်နတ်သမ...
Read more...

သင်္ကြန်အတွေး

| | 0 comments

အတာနှစ်ကူး ဂိမ္မာန်ဦးမို့ ဆုမွန်ကောင်းတောင်းမြတ်ဆုပန်ခြွေ ပေါင်းစုံမိတ်တင်္ဂဟ ရွှင်လန်းချမ်းမြေ့စေ...(ကြယ်စင်နတ်သမီး)သူငယ်ချင်းများ ပျော်စရာ အတာသင်္ကြန်မှာ ကြည်နူးပျော်ရွှင်နိုင်ပါစေလို့ ဒီဘလော့ဒ်ထဲကနေပဲ ဆုတောင်း ပေးလိုက်ပါတယ်နော်... တစ်နှစ်ကူးလို့ တစ်နွေလဲ ပြန်ရောက်လာခဲ့ပြီပေါ့... ရင်ထဲက ဝေဒနာတွေကတော့ အဟောင်းကနေ အသစ်ဖြစ်သွားနေတုန်းပဲ...သြော်... ဘာလိုလိုနဲ့ တစ်နှစ်တောင် ရှိသွားခဲ့ပြီပေါ့... အချိန်ဆိုတာ မျက်စိတမှိတ်လေးအတွင်းမှာ ကုန်ဆုံးသွားလိုက်တာ ဘာမှတောင် သိပ်မကြာလိုက်သလိုပါပဲလေ... မနှစ်က ဒီအချိန်ပေါ့ သူနဲ့ကျွန်မ စတင်စုံစည်းခဲ့တာ... အတာကို ကြိုဆိုပြီး သင်္ကြန်မိုးတွေနဲ့အတူ သူနဲ့စုံစည်းမှု့ကို သကြားမင်းကြီး ကိုယ်တိုင် ဖန်ဆင်းပေးခဲ့သလားလို့တောင် ထင်ခဲ့မိတာ... ဒါတွေက ပြီးခဲ့ပြီပဲလေ... နှောင်းအတိတ်ဆိုတာ...
Read more...

အိမ်အသစ်လေး

| | 4 comments

အင်္ကျီအသစ်လေးဝတ်ပြီး အိမ်အသစ်တတ်ပွဲကို စားစရာတွေနဲ့ ဘော်ဘော်တွေကို ဧည့်ခံလိုက်တယ်နော်... အားရပါးရသာ ၀ါးပေတော့... အားမနာနဲ့နော်... အားနာတဲ့သူ ဘာမှမစားရပဲနဲ့ ပြန်သွားရမှာဆိုးလို့ပါ... ဟိ ဟိ... အခုလောလောဆယ်တော့ သူငယ်ချင်းလေးတွေကို အစားတွေနဲ့ပဲ ဧည့်ခံလိုက်တယ်နော်... နောက်မှပဲ ကဗျာတွေနဲ့ ဧည့်ခံတော့မယ်... မုန့်လေးတွေကတော့ စားကောင်းမယ်လို့တော့ ထင်တာပဲ... ကိုယ်ကြိုက်တာလေးတွေကို ရွေးစားသွားလို့လဲ ရပါတယ်နော်... ကြိုက်တာစား... အ၀တီးနော်...ဒါလေးက Greentea Custard မုန့်...ဒါလေးက Raspberry ပူတင်း...ဒါလေးက သရက်သီးပူတင်း...ဒါလေးက ချောကလက်ရေခဲမုန့်...ဒါလေးက ပေါင်မုန့်ရေခဲညှပ်...ဒါလေးက သီးစုံရေခဲမုန့်...လာရောက်အားပေးတာ ကျေးဇူးကမ္ဘာပါပဲရှင်... အဲ... အချိုတွေစားပြီး ချောင်းဆိုးရင်တော့ ကြယ်စင်အပြစ် မဟုတ်ဘူးနော်......
Read more...