ပန်းရွှေဝါပိတောက်

| |

ပင်လုံးကျွတ် ဖူးပွင့်ဝေစီ
ပန်းရွှေဝါပိတောက်ဖူးချိန်တန်ပြီမို့
မွှေးရနံ့ရယ်ထုံ
ကြိုင်ကြိုင်ရယ်လှိုင် ပွင့်ဖူးလိုက်ပုံများ
သြော်... မြင်သူတကာ ငေးရလောက်ပါတဲ့
ရှာမှရှားတဲ့ အလှပေတကား...။

ဝါရည်လူး ရွှေအဆင်းရယ်နှင့်
မြစိမ်းရောင် သွေးကြောယှက်ဖြာလို့
အလှတွင် အယဉ်ဆင့်ပါတဲ့
သြော်... မြင်သူတကာ ငေးရလောက်ပါတဲ့
တင့်လှပေစမ်း...။

ပန်းပိတောက်ဝါတို့
သော့သော့နှင်
နွေလေရူးနဲ့
လေညင်းဆင်

လေနှင်ရာ ယိမ်းအနွဲ့မှာ
ကလိုက်ပုံများ

သြော်... မြင်သူတကာ ပြောစမှတ်ပြုလောက်ပါတဲ့
နွဲ့ချက်ရယ်နှောင်း။

(ကြယ်စင်နတ်သမီး)

2 comments:

top
မင်းကျန်စစ်။ said...

အလဲ့ ဟုတ်နေပါလား။ ပိတောက်ပန်းပေးမယ့် သူလဲ ချိပဲနဲ့များ။ လွမ်းနေတာလား တိပါဘူး။ ဟို အရင်က ပေးခဲ့ဖူးတဲ့ သူကိုများ ဟတ်ဟတ်။ ပျော်ရွှင်စရာ နှစ်သစ်သင်္ကြန်ပါ ကြံစင်ရေ

တင့်ထူးရွှေ said...

အရမ်းကောင်းတယ်ဗျ ကဗျာလေးက .. အဆင်ပြေပါစေ ။