လက်ထပ်ထိမ်းမြားပြီးစီးခြင်း

| |

လက်ထပ်ထိမ်းမြားပြီးစီးခြင်းဆိုတာ လူရယ်လို့ဖြစ်လာကတည်းက ရှောင်ကျဉ်လို့မရတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်... အရွယ်ရောက်ပြီးသား ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်တို့ အချစ်ဆိုတာကို သိမြင် ဖူးပွင့်လာကြတဲ့အချိန်မှာ နှစ်ဖတ်သောမိဘတွေက မိဘ၀တ္တရားရှိတဲ့အတိုင်း ကြည်ကြည်ဖြူဖြူနဲ့ လက်ထပ်ထိမ်းမြားပေးတယ် ဆိုတာဟာ အင်မတန်မှ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မင်္ဂလာတစ်ပါးပါရှင်... လက်ထပ်ပြီးစီးခြင်းဆိုလို့ ကျွန်မကိုတစ်မျိုးမထင်နဲ့ဦး... ကျွန်မစွံသွားပြီလို့လဲ မထင်စေလိုပါ... တကယ်လဲ မစွံသေးပါ... လူစွံဖို့ဆိုတာ တော်တော်ဝေးဝေးမှာ ကျန်ပါသေးတယ်.... လောလောဆယ်မှာတော့ စွံစရာမျက်စိပဲ ရှိပါသေးတယ်... ဟိ ဟိ... ဟင်... ဘာတွေလျှောက်ပြော နေပါလိမ့်နော်... လိုရင်းတောင် မရောက်ဖြစ်တော့မယ်... ရှေ့ကားတွေက ဖြည်းဖြည်း ဖြည်းဖြည်းခြင်းစီ သွားနေတော့လဲ နောက်ကားတွေက ကျော်တတ်ချင်ကြလွန်းလို့ ဟွန်းတွေတီးနေရတာ အမောတွေစို့နေလောက်ပြီ ထင်ပါရဲ့... ကျော်သွားချင်တဲ့ ကားများ ကျော်တတ်သွားလို့ ရပါတယ်နော်... အရှေ့က တန်းစီထားတဲ့ ကားတွေကို ကြည့်ရတာ တော်တော်နဲ့ ရွေှ့မဲ့ပုံမပေါ်လို့ပါ... အဟမ်း အဟမ်း... သူများတွေကို ပြောသာပြောရတာ... ကိုယ့်ကိုကိုယ်လဲ ပြန်ကြည့်ရသေးတယ်... ဟီး.... သင်္ကြန်ပွဲတော် ပြီးလို့ သူများတွေက သင်္ကြန်မှာ အပြတ်ကဲထားရလို့ မောပြီး ခြေပစ်လက်ပစ် ဖြစ်နေလောက်တဲ့ အချိန်မှာပဲ နောက်ကပြိုင်ကားလေးတစ်စီး ဖြစ်တဲ့ ကောင်လေးတစ်ယောက် ကတော့ ထူးထူးခြားခြား ရှေ့ကဂျစ်ကားတွေကို ကျော်တတ်ပြီး မင်္ဂလာဆောင်မယ်ဆိုပါလား... ဘော်ဘော်တွေ သိချင်နေကြပြီထင်တယ်နော်... သိချင်ရင် ၀ယ်ဖတ်ပါ... ဟိ ဟိ... (^_^)

ဒီလိုပါရှင် ထူးထူးခြားခြား ဂျစ်ကားတွေကို ကျော်တတ်ပြီး စွံသွားတဲ့ မဟာကံထူးရှင်လေးကတော့ မောင်နွေမုန်တိုင်း (ခေါ်) လေမုန်တိုင်း ဖြစ်ပါတယ်... နာမည်နဲ့ လိုက်အောင်ဆိုပြီး နွေရာသီမှာ မုန်တိုင်းတိုက်သွားလေရဲ့... နှဖူးစာရွာလည်ပြီး မုန်တိုင်းတိုက်တဲ့အထဲ ပါသွားတဲ့ ဖူးစာရှင်လေးကတော့ "နန်း" ဆိုတဲ့မဟာ ကံထူးရှင်(အမွှေးတိုင် နာမည်မဟုတ်ပါ...) လေးပဲဖြစ်ပါတယ်ရှင်...

"မောင်လေးနွေမုန်တိုင်း + ညီမလေးနန်း တို့နှစ်ယောက်
ဧပြီလ ၁၈ရက် ၂၀၀၈ ခုနှစ် မင်္ဂလာဦးမှသည် နောင်နှစ်ပေါင်းများစွာ
ရွှေရတု ငွေရတု စိန်ရတု တိုင်သည့်အထိ
စိတ်၏ချမ်းသာခြင်း၊ လူ၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းများဖြင့်
ရွှေလက်တွဲနိုင်ကြပါစေလို့ မမဆုမွန်ကောင်းတောင်းပေးပါတယ်နော်..."

အခုချိန်ဆိုရင်တော့ မောင်နွေမုန်တိုင်းနဲ့ ညီမလေးနန်းတို့လဲ နှစ်ဖတ်သောမိဘတွေ ခြံရံပြီးတော့ ဟိုတယ်ခန်းမတစ်နေရာမှာ သွားစိလို့မရအောင် ရယ်ပြပျော်ရွှင်နေရလောက်ပြီပေါ့... အထူးသဖြင့် မောင်လေးနွေမုန်တိုင်းကတော့ သွားကိုစိမှာမဟုတ်ဘူး... ကျွန်မလဲ ဒီပို့စ်ကိုရေးရင်းနဲ့ မုဒိတာပွားမိပါတယ်... ဟိ ဟိ... ကျွန်မရဲ့လက်ဖွဲ့ကတော့ သူတို့လေးတွေကို ကျွန်မမြန်မာပြည် ပြန်ရောက်မှပဲ လက်ဖွဲ့တော့မယ်... အခုတော့ မောင်လေးနဲ့ညီမလေးကို လေလက်ဖွဲ့လေးအကြီးကြီးပဲ လက်ဖွဲ့လိုက်ပါတယ်နော်... ကဲ... မစွံကြသေးတဲ့ မောင်မောင်ဂေါ်မစွံတို့ ကိုကိုဂေါ်မစွံတို့လဲ မြန်မြန်လေး ဂေါ်စွံနိုင်ကြပါစေ လို့တစ်ခါထဲ ဆုတောင်းပေးလိုက် ပါတယ်နော်... ဒါမှ မြန်မြန်စားရမှာ... အခုစာရေးနေရင်းနဲ့ သူငယ်ချင်းတွေက ကျွန်မကို ကျွန်မအလှည့်ကရော ဘယ်တော့လဲလို့ မေးလို့ တစ်ခါထဲပဲ ရေးလက်စနဲ့ ဖြေလိုက်မယ်နော်... ကျွန်မအလှည့်ရောက်ဖို့က ကြာပါဦးမယ်ရှင်... စားဖို့စောင့်နေသူများ စိတ်ရှည်ရှည်နဲ့ လည်ပင်းရှည်ရှည်ဖြစ်ဖို့ လိုအပ်ပါတယ်... ဟီး... ကျွန်မက နောက်ကားလေးတွေ ဖြစ်တဲ့ မောင်ငယ်လေးတွေ ညီမငယ်လေးတွေ မင်္ဂလာဆောင်မှာ လိုက်စားပြီးမှပဲ ကိုယ့်အလှည့်ရောက်ဖို့ တော်တော်လေး စဉ်းစားယူရဦးမယ်... ဟဲ... ဟဲ... မောင်လေးနဲ့ညီမလေးတို့ သာယာသော မိသားစုဘ၀လေး ပိုင်ဆိုင်နိုင်ပါစေ...

2 comments:

top
Anonymous said...

ကျနော်လည်း ဂေါ်စွံပါစေ ဆုတောင်းပေးတဲ့ထဲမှာပါလား အစ်မ သူများကိုပဲပြောနေတယ်နော် အစ်မ ကောမစွံသေးဘူးလား မြန်၂လေး စားချင်နေပြီးးး ။

နွေမုန်တိုင်း said...

ခုမှ ကွန်မန့် ရတဲ့အတွက် တောင်းပန်ပါတယ်. ကိုးနက်ရှင်ကြောင့်ပါ.. ခရီးလွန်နေတဲ့အတွက် ခုမှ ပြန်ရောက်ကြောင်းသတင်းပို့ပါတယ် :D