သင်္ကြန်အတွေး

| |


အတာနှစ်ကူး
ဂိမ္မာန်ဦးမို့

ဆုမွန်ကောင်းတောင်း

မြတ်ဆုပန်ခြွေ
ပေါင်းစုံမိတ်တင်္ဂဟ

ရွှင်လန်းချမ်းမြေ့စေ...
(ကြယ်စင်နတ်သမီး)

သူငယ်ချင်းများ ပျော်စရာ အတာသင်္ကြန်မှာ ကြည်နူးပျော်ရွှင်နိုင်ပါစေလို့ ဒီဘလော့ဒ်ထဲကနေပဲ ဆုတောင်း ပေးလိုက်ပါတယ်နော်... တစ်နှစ်ကူးလို့ တစ်နွေလဲ ပြန်ရောက်လာခဲ့ပြီပေါ့... ရင်ထဲက ဝေဒနာတွေကတော့ အဟောင်းကနေ အသစ်ဖြစ်သွားနေတုန်းပဲ...


သြော်... ဘာလိုလိုနဲ့ တစ်နှစ်တောင် ရှိသွားခဲ့ပြီပေါ့... အချိန်ဆိုတာ မျက်စိတမှိတ်လေးအတွင်းမှာ ကုန်ဆုံးသွားလိုက်တာ ဘာမှတောင် သိပ်မကြာလိုက်သလိုပါပဲလေ... မနှစ်က ဒီအချိန်ပေါ့ သူနဲ့ကျွန်မ စတင်စုံစည်းခဲ့တာ... အတာကို ကြိုဆိုပြီး သင်္ကြန်မိုးတွေနဲ့အတူ သူနဲ့စုံစည်းမှု့ကို သကြားမင်းကြီး ကိုယ်တိုင် ဖန်ဆင်းပေးခဲ့သလားလို့တောင် ထင်ခဲ့မိတာ... ဒါတွေက ပြီးခဲ့ပြီပဲလေ... နှောင်းအတိတ်ဆိုတာ ပြန်ပြီးတော့ စဉ်းစားစရာ မကောင်းတဲ့ အထဲမှာ သူလဲပါတယ်တဲ့... မေ့ချင်ပါပြီ အဲဒီ အတိတ်ဆိုး အိမ်မက်ဆိုးတွေကို... ဝေးလွင့်ချင်ပြီ အဲဒီ အတိတ်ဆိုး အိမ်မက်ဆိုးတွေနဲ့... ဟော... ပြောရင်းနဲ့ သင်္ကြန်သီချင်းတွေ ရေလောင်းသံတွေကို ကြားရတော့ အတိတ်ဟောင်းကို ပြန်ရောက်သွားပြန်ပြီ... "ဗွမ်း" ဆိုတဲ့ ရေလောင်းသံတွေ ကိုမကြားချင်တော့ပါဘူး... ဒီအသံတွေနဲ့ စတင်ရင်းနှီးခဲ့တာလေ... မုန့်လုံးရေပေါ်ကိုလဲ မစားချင်တော့ဘူး... ဒီစကားလုံးတွေနဲ့ စတင်သိကျွမ်းခဲ့တာလေ... ဒါတွေကို မေ့ထားလိုက်ချင်ပြီ... မေ့လဲမေ့ထားသင့်ပြီလို့ ထင်တယ်လေ... ဘယ်လောက်ပဲ ရုပ်ဆိုးအကျည်းတန် ဖြစ်ရပ်တွေပဲ ရှိခဲ့ရှိခဲ့ ချစ်စရာကောင်းတဲ့ အတာတန်ခူးကိုတော့ မေ့မရနိုင် မုန်းမရနိုင်တာ အမှန်တွေပါ... အတိတ်ဆိုး မှောင်ရိပ်ဖုံးထားတာတွေကို ကင်းစင်အောင် အတာရေနဲ့ ဆေးကျောပရစေတော့ ... နှောင်းအတိတ်ရဲ့ မလှပတဲ့ ဇာတ်လမ်းတွေကို မေ့ပျောက်ပြီး လှပနုပျိုတဲ့ နှစ်သစ်လေးနဲ့ စတင်ချင်တယ်... ပန်းရွှေဝါ ပိတောက်တို့နဲ့ အတူနှစ်သစ်လေးကို ကြိုဆိုလိုက်တယ်... တူးပို့ တူးပို့ သံစဉ်တွေနဲ့ စတင်ပြီး ပျော်စရာအတိပြီးတဲ့ ကမ္ဘာလောကကြီးကို ခြေလှမ်းအသစ်တွေနဲ့ လျှောက်လှမ်းတော့မယ်... နေခဲ့တော့ အတိတ်ငယ်ရေ... မဆုံစည်းနိုင်တဲ့ မျဉ်းပြိုင်နှစ်စင်းလိုလဲ ဖြစ်ခဲ့ပြီလေ... ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့ လမ်းတွေကို ကိုယ်စီကိုယ်စီ လျှောက်လှမ်းဖို့ ရွေးချယ်ပြီးကြပြီပဲ... ပြန်ဆုံဖို့ အခြေအနေ ပေးလာရင်တောင် လက်ပြနှုတ်မဆက်ကြေးနော်... ငါတို့နှစ်ယောက်ကြားမှာ မုန်းတီးမှု့လဲ မရှိဘူး... သံယောဇဉ် နှောင်တွယ်မှု့ဆိုတာလဲ မရှိဘူး... တစ်ခါမှ မသိဖူးသေးတဲ့ လူတွေလိုပဲပေါ့... နောက်ဆုံးအနေနဲ့ စတင်မှု့ဖြစ်ပေါ်ခဲ့တဲ့နေ့မှာပဲ နှုတ်ဆက်လိုက်ပါတယ်... ပျော်ရွှင်သောဘ၀ကို ပိုင်ဆိုင်နိုင်ပါစေလို့ သင်္ကြန်မိုးနဲ့အတူ...

0 comments:

top