မိုး

| |



အပြင်မှာမိုးတွေ
အညိုးနဲ့ရွာနေသလို
ရင်ထဲမှာလဲ
အလွမ်းမိုးတွေ
ဝေနေတုန်းပဲ♠♠♠

မိုးနဲ့စတင်
မိုးနဲ့အဆုံးသတ်ခဲ့တဲ့
မိုးဇာတ်လမ်းကို
တစ်ခါတရံမှာ
မိုးကိုနာကျည်းမိတယ်♠♠♠

ဒီမိုးကြောင့်ပေါ့
ကိုယ့်နှလုံးသားမှာ
ဒဏ်ရာတွေနဲ့♠♠♠

ဒီမိုးကြောင့်ပေါ့
အလွမ်းဝေဒနာတွေ
ကိုယ့်ရင်မှာအပြည့်♠♠♠

ဒီမိုးကြောင့်ပေါ့
ကိုယ့်မျက်ရည်မိုးတွေ
စွေသွန်းခဲ့ဖူးတယ်♠♠♠

ဒီမိုးကြောင့်ပေါ့
ချစ်ခြင်းတရား
ပျော်ရွှင်မှု့
သံယောဇဉ်နှောင်တွယ်မှု့
နာကျင်မှု့
နာကျည်းမှု့
အမုန်းတရားတွေ
ကိုယ့်အတွက်
ဖြစ်စေခဲ့တယ်♠♠♠

ဖြစ်နိုင်ရင်လေ
မိုးရာသီဆိုတာမရှိ
မိုးသီချင်းတွေလဲမကြား
မိုးဆိုတဲ့နာမည်တောင်
တိတ်တဆိတ်
ဖျောက်ဖျက်ချင်တယ်♠♠♠

(ကြယ်စင်နတ်သမီး)

0 comments:

top