
ကျွန်မကို ဒီကမ္ဘာမှာ အလိုချင်ဆုံးအရာထဲက တစ်ခုကိုပြောပြပါဆိုရင် ချစ်သူဆီက ဖိနပ်တစ်ရံလို့ ပြောရမယ်... ဖိနပ်ဆိုတာ လူတစ်ဦး တစ်ယောက်အတွက် မရှိမဖြစ် လိုအပ်တဲ့အရာလေ... အိမ်ထဲမှာတောင် ဖိနပ်မစီးမိရင် မေမေတို့ဆို အမြဲတမ်း အော်တာပဲ... အေးမယ်... ပူမယ်... ဆူးစူးမယ်နဲ့... အပြင်သွားရင် ပိုဆိုးတာပေါ့နော်... အခုကျွန်မလိုချင်တာ မိဘဆီက မဟုတ်ဘူးနော်... အဲဒီလိုစိုးရိမ်ပူပန်မှု့တွေနဲ့ ချစ်သူဆီက လိုချင်ခဲ့တာ... ဖိနပ်ပေါင်းများစွာ ရှိတဲ့အထဲက All Star (Converse) ဖိနပ်လေးကိုပဲ လိုချင်ခဲ့မိတာ... အရောင်တောင်မှ အဖြူနဲ့အနက်ရောင် စပ်ထားတာပဲ လိုချင်ခဲ့တာ... ဒါမှလဲ ချစ်သူနဲ့ဆင်တူလေး စီးလို့ရမှာလေ... တခြားခေါတာအရောင်တွေ တော့မကြိုက်ပေါင်... ချစ်သူဆီက ဖိနပ်တစ်ရံလို့ ပြောရင်တစ်မျိုး မထင်ကြနဲ့ဦးနော်... ကိုယ့်ဘ၀ကို ချစ်သူက အကြင်နာ မေတ္တာတရားတွေနဲ့ နွေမိုးဆောင်း နွေးထွေးလုံခြုံအောင် အရိပ်မိုးထားပေးနိုင်တာရယ်... ကိုယ်သွားမဲ့ လမ်းခရီးမှာ ဆူးညှောင့်တွေ မစူးအောင် ကာကွယ်နိုင်တယ် ဆိုတဲ့အဓိပ္ပာယ်တွေ ရှိတာပေါ့နော်... ဖိနပ်လေးအတိုင်းပဲ သူဟာလဲ ကျွန်မဘ၀အတွက် မရှိမဖြစ်လိုအပ်နေမှာပါ... ဒီလိုဆင်တူဖိနပ်လေးဝတ်ပြီး ချစ်သူနဲ့ပန်းတွေကြွေနေတဲ့ လမ်းလေးပေါ် အတူတူလမ်းလျှောက်ချင်သေးတယ်... အခုတော့လဲ ဒါတွေက စိတ်ကူးယဉ်အိမ်မက်တစ်ခုလို ပျက်ပျယ်သွားခဲ့ပြီလား...
2 comments:
တူလည်း ဒီလိုပါပဲလားဗျ။ ပျော်ရွှင်ပါစေဗျာ။
ကြယ်စင်ရေ...ကြယ်စင်က ချစ်သူဆီက ဖိနပ်လေးတစ်ရံလိုချင်တာနော်....
ရတနာကတော့ ချစ်သူရဲ့ ခြေရာလေး ဖြစ်ချင်ခဲ့တာ။
ခုတော့ ကြယ်စင်ပြောသလို.....စိတ်ကူးယဉ် အိပ်မက်တစ်ခု ပျက်ပြယ်သွားခဲ့ရပြီ။
Post a Comment