ကြိုဆိုပါတယ်နှစ်သစ်လေး

| |


ကြိုဆိုပါတယ် နှစ်သစ်လေးရယ်... သူငယ်ချင်းတွေကိုလဲ ပျော်ရွှင်မှု့အပေါင်းနဲ့ ပြည့်စုံပါစေလို့လဲ ဆုမွန်ကောင်း တောင်းချင်သေးတယ်လေ... ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ နှစ်ဟောင်းလေးကိုလဲ ကျေးဇူးတွေတင်ချင်သေးတယ်... အသစ်မြင်လို့ အဟောင်းကို မေ့သွားတယ် လို့လဲမပြောပါနဲ့နော်... အသစ်တွေ ဘယ်လောက် ကောင်းကောင်း အဟောင်းကိုတော့ သတိရစမြဲပဲလေ... နှစ်ဟောင်းလေးရေ မင်းကြောင့်ပဲ ချစ်ခြင်း၊ မုန်းခြင်း၊ ခင်မင်မှု့၊ နာကျီးမှု့၊ သံယောဇဉ်တွေ ဖြစ်ပေါ်ခဲ့တယ်နော်... အတိတ်ဆိုတာ အတိတ်မှာပဲ ထားခဲ့ရတဲ့ အဖြစ်အပြတ်တွေ ရှိသလို၊ ထားခဲ့လို့ မရတဲ့ အမှတ်တရလေးတွေလဲ ရှိတာပဲနော်... မေ့ချင်ပေမဲ့ မေ့မရနိုင်တဲ့ သံယောဇဉ် အနှောင်အဖွဲ့လေး တွေလဲရှိခဲ့တာပဲလေ... ရှင့်ကိုအပြစ်တင်တာ မဟုတ်ဘူးနော်... ဒါပေမဲ့ နှစ်သစ်လေးကကော ဘယ်လို နှောင်ကြိုးဖွဲ့ အတွယ်အတာလေးတွေကို ပေးမလဲဆိုတာ အေးမြတဲ့ ဆောင်းရင်ခွင်မှာ နားခိုရင်း ရင်ခုန်မိတာတော့ အမှန်ပဲ... နှစ်သစ်လေးရေ... ရှင်ကတော့ ကျွန်မကို ဖြူဖွေးလှပတဲ့ နှင်းပွင့်ချပ်တို့နဲ့အတူ ကံကောင်းခြင်းတွေ ယူဆောင် ပေးမယ်လို့တော့ ယုံကြည်မိတယ်ရှင်... ကျွန်မယုံကြည်မိသလိုပဲ ကံကောင်းခြင်း လက်ဆောင်တွေ ယူဆောင်ပေးပါလို့ ဆန္ဒပြုရင်း... ရှင့်ကို ကျွန်မရင်ထဲက လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ပါတယ်နော်...

0 comments:

top