ရင်တွင်းပေါက်ကွဲသံစဉ်

| |


မင်းထင်နေတာ ငါဟာ
မာယာတွေနဲ့လှည့်စားခဲ့တယ်လို့
ဒါပေမဲ့
မင်းပစ်ခွင်းလိုက်တဲ့
မာယာမြှားတွေကို
ထိသွားတာ ငါပါ...

နောက်ဆုံးတော့
ငါ့ရဲ့ရလာဒ်က
မင်းရဲ့စကားပျားရည်လိုချို
မျက်နှာများတဲ့မိန်းမ
စကာကြီးဆိုလား
ဘာကြီးဆိုပဲ...
တစ်ကယ်တော့
ရင်ကွဲပက်လက်နဲ့
အသည်းတွေတစ်စစီကွဲကြေခဲ့တာ ငါပါ...

ချစ်လွန်းလို့
မသိချင်ယောင်ဆောင်
အပြစ်မယူခဲ့တာ
မင်းရဲ့ဟန်ဆောင်လိမ်ညာမှု့အောက်မှာ
လှည့်စားချင်တိုင်းလှည့်စားပြီး
ငါပြောသလိုနေ
ငါလုပ်သလိုမလုပ်နဲ့
ဆိုတဲ့စကားတွေကို
နားထောင်ဖို့အထိတော့
ငါမတုံးမအဘူးဆိုတာ
မင်းသိထားရင်
ငါကျေနပ်တယ်...

(ကြယ်စင်နတ်သမီး)


(ဒီကဗျာလေးကအဟောင်းပါ... လောလောဆယ်ဘာမှ တင်စရာမရှိသေးလို့ တင်လိုက်တာပါ...)

6 comments:

top
Unknown said...

ထိတယ်ဗျာ...နဖူးကိုတည့်နေတာဘဲ...နောက်တာပါ...ကဗျာကောင်းပါတယ်.. :)

kthuyein said...

စာသားတွေက တယ်လန်းပါလား။ မိုက်တယ်။

Kaung Kin Ko said...

ပေါက်ကွဲသံစဉ်တွေ ဖတ်သွားတယ်ဗျို့ ။ :-)

ငှက်ငယ်လေး said...

ကြိုက်သွားပြီမမရေ

ရွှန်းမီ said...

ဒီကဗျာလေးကို ကြိုက်တယ်. . . .

စာဂ ဘဝင် said...

နောက်တကြိမ်ဆို မာယာမျှားတွေကို တိမ်းရှောင်နိုင်အောင် သူသင်ပေးလိုက်တာပါ မမရဲ့ အဆိုးထဲက အကောင်းလေးပေါ့ မမ