
ချစ်သူများနေ့ ကလက်တစ်ကမ်းမှာ ရောက်နေပြီ... ကဲ... ကောင်လေးတွေက ကောင်မလေးတွေကို ဘာလေးတွေပေးမှာလဲ ဆိုတာစဉ်းစားနေရပြီပေါ့... ကောင်မလေးတွေကလဲ သူတို့ချစ်သူ ဘာပေးမလဲဆိုတာ ရင်ခုန်စွာစဉ်းစားနေကြပြီပေါ့... ချစ်သူများနေ့မှာ အဓိကချစ်သူတွေက နှင်းဆီပန်းရယ်... ချောကလက်ရယ်... အရုပ်လေးတွေပေးတတ်ကြပါတယ်... ဒီအချိန်ဆို ကျွန်မတို့စီမှာ နှင်းဆီပန်းက ဈေးခေါင်ခိုက်နေပြီလေ... နှစ်တစ်နှစ်လုံးရဲ့ ပန်းဈေးအကြီးဆုံး အချိန်ပေါ့... နှင်းဆီပန်းထဲမှာ အပွင့်ကြီးကြီး ရိုးတံရှည်ရှည် ဆိုရင်အော်ဒါကြိုမှာရသလို ဈေးကလဲကောင်းပါ့... ဈေးကောင်းသလို လက်ရာလေးတွေကလဲ ချစ်စရာကောင်းပါတယ်ရှင်... ပိုက်ဆံပေးရတာနဲ့တန်အောင် ချစ်သူကောင်မလေးတွေရဲ့ စိတ်ကျေနပ်မှု့ကို ရပါတယ်... ကဲ... ကျွန်မကလဲ သူငယ်ချင်းတွေကို ချစ်သူများနေ့အမှတ်တရ လက်ဆောင်လေးတွေ ပေးမယ်နော်... အရင်ဆုံး ချောကလက်လေးတွေစားနော်...



ပြီးရင်... ကြိုက်တဲ့ပန်းလေးတွေယူကြပါ... ကြိုက်တာယူနော်... အားမနာနဲ့... White Lily ကတော့ ကျွန်မအကြိုက်ဆုံးပန်းမို့လို့ ထည့်ထားတာပါ...





သူငယ်ချင်းများကျေနပ်ကြမယ်လို့ထင်ပါတယ်ရှင်... ပျော်ရွှင်ဖွယ် "ချစ်သူများနေ့" ကိုသူငယ်ချင်းအားလုံး ပိုင်ဆိုင်နိုင်ကြပါစေ...
1 comments:
ထမင်းစားပီး အချိုတည်းစရာမရှိတာနဲ့ အတော်ပဲဗျာ .. အဟတ်
ကျေးဇူးပါဗျို့ ...။
Post a Comment