အချစ်ဆိုသောအရာ

| |


♥♥♥အချစ်♥♥♥
အချစ်ဆိုတာဘာလဲ...?
အလွန်နားလည်ရခက်တဲ့အရာပဲ♥♥♥
ပေးဆပ်ခြင်းလား...?
စွန့်လွှတ်ခြင်းလား...?
ဒါတွေလဲမဟုတ်ပါဘူး♥♥♥
ကိုယ်တကယ်ချစ်လာပြီဆိုရင်
ကိုယ့်ချစ်သူကို
ဘယ်သူကလက်လွှတ်ချင်ပါ့မလဲ♥♥♥
ရယူခြင်းလား...?
ပိုင်ဆိုင်ခြင်းလား...?
ဖြစ်နိုင်ပါတယ်
ဘယ်သူမဆို ကိုယ့်ချစ်သူကို
ရယူပိုင်ဆိုင်လိုစိတ်ရှိကြတာကြီးပဲ♥♥♥
ဒါဆို
♥♥♥နားလည်မှု့တွေ♥♥♥
♥♥♥ယုံကြည်မှု့တွေ♥♥♥
♥♥♥သံယောဇဉ်တွေ♥♥♥
မပါဘူးလား...?
ဒါတွေလဲ ပါတာပေါ့♥♥♥
တကယ်တော့
အချစ်ဆိုတာ
အလွန်နူးညံသိမ်မွေှ့တဲ့
♥♥♥စိတ်ခံစားမှု့ပါ♥♥♥

(ကြယ်စင်နတ်သမီး)

(ဒါကတော့ ကျွန်မအမြင်ပေါ့နော်... လူတိုင်းကအချစ်ကို သူတို့ကိုယ်ပိုင်ခံစားချက်နဲ့ ဖွင့်ဆိုကြတာကြီးပဲ... တစ်ယောက်နဲ့တစ်ယောက် အမြင်တွေ မတူနိုင်ကြပါဘူး... ပညာရှိတွေတောင် အခုအချိန်ထိ အချစ်ဆိုတဲ့ အဓိပ္ပာယ်ကို တိတိကျကျ တစ်ယောက်မှဖွင့်ဆိုနိုင်ခြင်း မရှိသေးပါဘူးတဲ့...)

6 comments:

top
Unknown said...

စကားလုံးတွေက ပြည့်စုံနေပါပြီ...
ကျနော်ပါတာပြောတာမဟုတ်ဘူးနော်..ဟိဟိ..

အချစ်ဆိုတာ... အရမ်းနူးညံ့တယ်တဲ့..
အရမ်းသိမ်မွေ့တယ်တဲ့..
စကားလုံးတွေနဲ့လည်း ပြည့်နေတယ်တဲ့...
..... ......... ......... .......... ........ တဲ့...
ဒါပေမယ့်ဗျာ...
ကျနော့်အတွက်ကတော့ ... သေလို့ရတယ်ဗျ...

ဟိဟိ.. ယုံလားဟင်..

ကြယ်စင်နတ်သမီး said...

ဒါကတော့ အချစ်ဆိုတဲ့စကားလုံးက ကြီးနေလို့နေမှာပေါ့... အဟုတ်ဘူးလား... ဟိဟိ

Sophie said...

အချစ်ဆိုတာ ကြယ်စင်ပြောသလိုပါဘဲ။ တကယ်ကို နူးညံ့လွန်းပါတယ်။ ရတနာကတော့ စိုင်းစိုင်း သီချင်းလေးလို အချစ်ဆိုတာ ချစ်နေဖို့လို့ဘဲ ယူဆလိုက်တော့တယ်။ ကိုယ်ချစ်တဲ့ သူဆီကနေ တန်ပြန်အချစ်တွေကို ပြန်လည်မျှော်လင့်ရတာ ပင်ပန်းလွန်းလို့ပါ။ ချစ်နေတာက သိပ်အေးချမ်းတယ်လို့ ထင်မိတယ်။

Chaos said...

အင်းဆရာတစ်ယောက်ပြောဖူးတယ်
အချစ်ဆိုတာ ကိုယ်တိုင်ကြုံဖူးမှ အဓိပ္ပါယ်ပိုပေါ်တယ်တဲ့

phyusinthu said...

အချစ်ဆိုတာဘာဆိုတာသေချာမသိတော့ပါဘူးကွယ်။ ကိုယ်ချစ်တဲ့သူ အိမ်ထောင်ပြုတော့မယ်ဆိုတာသိတော့ အချစ်ဟာ စွတ်လွှတ်ခြင်း ၊ သူပျော်ရင်ကိုယ်ရင်ကွဲလည်း ကျေနပ်နေခဲ့တယ်လေ။ အချိန်ဆိုတာ အကောင်းဆုံးသမားတော်ပဲလဲ။ အခုတော့ အရင်အနာကျက်ပြီး ရင်ခုန်စရာကောင်းတဲ့ နောက်တစ်ယောက်ကိုတွေ့တဲ့အခါ လုံးဝကိုမစွန့်လွတ်ချင်တော့ဘူး။ အဲဒီ့တော့ အချစ်ဆိုတာ ရယူခြင်းဖြစ်နေပါပြီ ။ ဒါပေမယ့် ရဖို့တော့ မသေချာပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ကိုယ်ကအရမ်းချစ်နေပြီဆိုရင်တော့ အရမ်းစိတ်ပင်ပန်းရတာပါပဲ။ မချစ်မိရင်တော့ ကောင်းတာပေါ့။ အချစ်ဆိုတာ အချစ်ဆိုသည်မှာ သီချင်းထဲကလိုပဲလို့ ဖြူစင်သူကတော့ မြင်တာပဲ။ ဒါကိုယ့်အမြင်နော်။

စိုးထက် - Soe Htet ! said...

အချစ် = အချစ် ... ဒါပဲ :P