မိန်းမတို့မည်သည်

| |


"မိန်းမတွေနဲ့ ပတ်သတ်လာရင် ပညာအရှိဆုံးဆိုသူတွေတောင် မိမိကိုယ်ကို အရူးအဖြစ်ခံယူကြတယ်၊ ယောက်ျားတွေနဲ့ ပတ်သတ်လာရင်တော့ အမိုက်မဲဆုံး မိန်းမတွေတောင် အသိဥဏ်မမဲ့ကြဘူး"
(သီအိုဒိုလိုက်)


"မိန်းမ မျက်ရည်ဟာ အသံမထွက်တဲ့ ဟောပြောချက်ပဲ"
(ဖလက်ဖျာအင်ပိုးမွန်)


"မိန်းမတစ်ယောက်ဟာ လောကရဲ့ လူ့ဘ၀နဲ့ အလှတရားကို သိရှိနားလည်လို့ရှိရင် ယောက်ျားကို လုပ်ကျွေးပြီး ပျော်ရွှင်စေရမယ်"
(ဖရက်ဒရီကာဖရီးမာရီ)


"လောကရှိ ကောင်းမြတ်တဲ့အရာ အကောင်းဆုံးတွေထဲမှာ ဇနီးမိန်းမကောင်းလည်း ပါတယ်"
(ဆင်နိုမိုက်)


"မိန်းမသည် ကျူပင်နှင့်တူ၏။ ကျူပင်သည် လေပြည်လေညှင်း တိုက်ခတ်ရုံနှင့် ယိမ်းနွဲ့တတ်၏။ သို့သော် မုန်တိုင်းတိုက်သော်မှ မကျိုးပြတ်ချေ"
(၀ှိက်တလီ)


"ယောက်ျားတစ်ယောက်ရဲ့ အချစ်ဟာ သူ့ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ မိန်းမတစ်ယောက်ရဲ့ အချစ်ကတော့ သူ့ဘ၀တစ်လျှောက်လုံး အတွက်ဖြစ်တယ်"
(ဘိုင်ရွန်)


"အိမ်သည် မိန်းမပျို၏ အကျဉ်းထောင် ဖြစ်၍၊ အိမ်ရှင်မအတွက် အလုပ်စခန်းဖြစ်သည်"
(ဘားနဒ်ရှော့)


***("မိန်းမတို့ဣဒြေ္ဒရွှေပေးလို့မရ" 'သုတေသီဘုန်းမြင့်သွေး' ရေးသောစာအုပ်ထဲမှ ကောက်နှုတ် ဖော်ပြပေးတာပါ။)

3 comments:

top
ထွန်း said...

နှစ်သစ်ကူးဆုတောင်း နောက်ဆက်တွဲ လာယူနော်
ပုံ
မြှားနတ်မောင် အေဂျင်ဆီ

lwansay said...

ဘီလိုတွေဖြစ် ရင်တွင်းပေါက်ကွဲနေလား။ :P

ဘလူးဖီးနစ် - bluephoenix said...

အဆိုအမိန့်လေးတွေကို ကြိုက်နှစ်သက်မိပါတယ်။ ကွန်မန့်က ဖွန့်တွေကို ဇော်ဂျီဝမ်း အဆိုင်း လုပ်လိုက်ပါလားဟင် ပိုကောင်းသွားအောင်ပါ